💕
Sunghoon အိပ်ရာနိုးလာတဲ့ အချိန်မှာ ရင်ခွင်ထဲက အနွေးဓာတ်ကလေးက မရှိတော့။
မျက်လုံးတွေကို မဖွင့်ဘဲ လက်နဲ့ လိုက်စမ်းကြည့်လိုက်ပေမယ့် အိပ်ရာခင်းရဲ့ အေးစက်စက် အထိအတွေ့ကိုသာ ခံစားမိလိုက်တယ်။
သူ မနိုးခင်များ ရှောင်ပြေးလေသလား...
" အဟွန်း..."
ရင်ခွင်ထဲကို ခွင့်မတောင်းဘဲ အရင် ဝင်လာတဲ့သူကပဲ ခွင့်မတောင်းဘဲ အရင် ပြန်ထွက်သွားသတဲ့လား...
ဒီလို ဝင်ချင်တိုင်း ဝင်လာခဲ့ပြီးမှတော့ ထွက်ချင်တိုင်း ပြန် ထွက်ခွင့် မပေးနိုင်ပါဘူးလေ...။
* ကျွန်တော့်ရင်ခွင်ထဲကို ခွင့်မတောင်းဘဲ ဝင်လာခဲ့တဲ့ အဖိုးအခအဖြစ် ကျွန်တော် ခွင့်မပြုဘဲ ကျွန်တော့်ဘဝထဲကနေ ဘယ်ကိုမှ ထွက်သွားဖို့ မစဉ်းစားနဲ့တော့ ဒေါက်တာ... ဒါ ကျွန်တော့်ရဲ့ စစ်မှန်သော သစ္စာစကားမို့ ကျွန်တော်ကတော့ ဒါကို တသက်လုံး တည်အောင် ထိန်းသိမ်းမှာ...*
အတွေးတို့နဲ့ အတူ နှုတ်ခမ်းပါးတစ်စုံဟာ ကော့ညွတ်လို့...
ကျန်ခဲ့တဲ့ မနက်ခင်းတိုင်းကလို အပြုံးမျက်နှာလေးကို တွေ့လိုလှပြီမို့ နှိပ်လိုက်တဲ့ Intercon သံရဲ့ နောက်မှာ အခန်းထဲကို ဝင်လာတာက မြင်ချင်နေတဲ့ မျက်နှာလေး မဟုတ်။
ဟင်!!
ချက်ချင်းဆိုသလို မျက်ခုံးတန်းတို့ကလဲ တွန့်ခနဲပေါ့။
" ဒေါက်တာရော..."
" ဆေးရုံအုပ်ကြီး ဖုန်းဆက်လို့ စောစောကပဲ ဆေးရုံကို ထွက်သွားတယ် အစ်ကိုလေး... မသွားခင် အစ်ကိုလေး နိုးလာရင် ပြောပြဖို့လည်း ဦးလေးချွဲကို သေချာ မှာသွားပါတယ် "
" ကြာမှာတဲ့လား... "
" အဲ.....အဲ့လိုတော့ ပြောမသွားပေမယ့် အမြန်ပြီးအောင်လုပ်ပြီး ပြန်လာမယ်လို့တော့ ပြောသွားတာပဲ "
VOCÊ ESTÁ LENDO
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanficစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....