💕
တောင်ပေါ်ဒေသရဲ့ ချမ်းစိမ့်စိမ့် အအေးဓာတ်က မိုးလင်းပိုင်းရောက်လာလေ ပိုကဲလာလေမို့ တစ်ညလုံး အငြိမ်မနေတဲ့ အမူးသမားလေးကို စောင်တွေ မလပ်အောင် သေချာ လိုက်ခြုံပေးရင်း မအိပ်နိုင်ဖြစ်နေတဲ့ Park Sunghoon။
မအိပ်တာမှ တကယ်ကို တစ်ညလုံး မအိပ်ရသေး...။
ဘာလို့ဆို ဒီလူသားလေးကို ဒီလို ရင်ခွင်ထဲ တဖန် ပြန်လည်ပွေ့ဖက်ခွင့် ထွေးဖက်ခွင့်တွေ ရလိုက်တာကို မယုံနိုင်ဖြစ်နေသေးလို့။
ဒီမောင်က ဖြောင့်ဖြူးနေတဲ့ ဘဝလေး မတိမ်းစောင်းစေချင်တဲ့ စေတနာတွေနဲ့ တစ်သက်စာရယ်လို့ စွန့်လွှတ်ပေးခဲ့လိုက်တာလေ။
တကယ်ကို တစ်သက်စာ ဝေးကြရပြီလို့လည်း မှတ်ယူထားတာ။
ဒီအထိအတွေ့လေးတွေ...
ဒီအငွေ့အသက်လေးတွေ...
ဒီနှုတ်ခမ်း
ဒီအနမ်း
ဒီအယုအယလေးတွေကို တစ်သက်စာ မောင် မရနိုင်တော့ဘူးလို့ မှတ်ယူထားတာပါ။
ခုတော့ အရာရာဟာ မျက်လှည့်ဆန်စွာ...
အတိတ်တွေကို မမေ့ခင် အချိန် အပိုင်းအခြားလေးတုန်းကမှ ဒီမောင်က ချစ်ရသူကို အဝေးကပဲ ငေးလို့ အလွမ်းတွေကို ဖြေဖျောက်ခဲ့ရုံရှိသေး။
မှတ်ဉာဏ်တွေ ပြန်ရလာတဲ့ အချိန်မှာတော့ ဒီလူသားလေးဟာ သူ့ရှေ့တည့်တည့်မှာ။
ချစ်ရသူလေးက သူနဲ့ ပတ်သက်မှုကို အသိမပေးပါဘဲ သူ့စိတ်ကို အရှုပ်မခံပါဘဲ အနားနေလို့ သူ့ကို စောင့်ရှောက်ပေးနေတာတဲ့လေ။
သူ့မှတ်ဉာဏ်တွေ ပြန်ရဖို့ နှစ်ယောက်အတူ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြန်လည်တူးဖော်ပေးရင်း သူ့ဝေဒနာတွေ သက်သာပျောက်ကင်းအောင်လည်း ပြုစုကုသပေးရင်း သူပြန်မှတ်မိလာမယ့် နေ့ရက်တွေကိုပဲ စောင့်စားနေခဲ့တာတဲ့။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....