💕
" မောင့်အတွက်နဲ့ အရမ်း ပင်ပန်းနေပြီလား နူးငယ်..."
" အင်..ဟင်!... မောင်!! မောင်!! မောင့်!!!.. "
အံသြတကြီး...
တကယ့်ကိုမှ အံ့သြတကြီး...
မျက်ဝန်းလေးတွေ ပြူးကျယ်ဝိုင်းစက်သွားကာ ရင်ခွင်ထဲ ခွေခေါက်ပြီး တိုးဝင်နေတဲ့ ခန္ဓာကိုယ်လေးဟာ မတ်ခနဲ...။
မယုံနိုင် ဖြစ်နေသေးဟန် မျက်လုံးလေးတွေက စူးစမ်းနေသလို စူးစူးစိုက်စိုက်နဲ့ မော့ကြည့်လာကာ လက်လေးနှစ်ဖက်ဟာ သူ့ပါးတွေပေါ် အုပ်ကိုင်လာပြီး မျက်လုံးချင်း ဆုံအောင် ကြည့်လာတယ်။
" မောင့်...တကယ်ပဲ မောင်က..."
နူးငယ်ရဲ့ အတည်ပြုဟန် အမေးစကားတွေကို သူ ခေါင်းတဆတ်ဆတ် ညိတ်ပြီး အဖြေပေးလိုက်တဲ့အခါ...
ချက်ချင်းဆိုသလို ဝေ့တက်လာတဲ့ မျက်ရည်ကြည်လေးတွေဟာ မျက်တောင်ဖျားတွေမှာ ခိုတွယ်လို့။
မျက်နှာလှလှလေးဟာ ငိုမဲ့မဲ့လေး ဖြစ်လာပြီး နှုတ်ခမ်းဖူးလေးတွေဆို တဆတ်ဆတ် တုန်လာကာ နှာခေါင်းထိပ်လေးတွေပါ ရဲတက်လာတယ်။
ပထမ အံ့သြသွားဟန်...
ပြီးနောက် မယုံနိုင်ဟန်...
နောက်ဆုံးမှာ ဝမ်းသာကြည်နူးမှုတွေဆီ ကူးပြောင်းသွားဟန် အမူအရာလေး...
" မောင့်..."
သူ့ပါးတွေကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ထားပြီး မျက်လုံးချင်း ဆုံနေရာမှ လည်ပင်းကို သိုင်းဖက်ပြီး ရင်ခွင်ထဲ တိုးဝင်လာသူလေး...
မောင်လို့ ခေါ်လိုက်သံတွေမှာ ဝမ်းသာလွန်းလို့ ဆို့နင့်နေတဲ့ တုန်ခိုက်သံတွေ ရောယှက်လို့...။
" မောင် ပင်ပန်းသွားပြီ... မောင် အရမ်း ပင်ပန်းသွားရပြီ... တာဝန်ကျေပါတယ် မောင်... ကိုယ့်ဆီကို အခုပဲ ဖြစ်ဖြစ် ပြန်ရောက်လာပေးလို့ မောင် တာဝန်ကျေပါပြီ...ကိုယ့်ကို ပြန်မှတ်မိလာပေးလို့ မောင် တာဝန်ကျေပါပြီ... မောင်ရယ်..."
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....