💕
" တကယ်ပဲ ကိုယ်မလိုက်လို့ ဖြစ်ရဲ့လား မောင် "
" ဖြစ်ပါတယ နူးငယ်ရဲ့... မောင့်ကို စိတ်မပူနဲ့ နော် "
" ကိုယ့်အလိုဆိုရင် မောင့်ကိုပါ သွားစေချင်တာ မဟုတ်ဘူး ... ဒါပေမယ့်လည်း မိဘတွေဆိုတော့ ပစ်ပယ်ထားလို့မှ မရဘဲ "
အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ မောင့်ကို အပြီးသတ် အင်္ကျီကြယ်သီးတွေ တပ်ပေးနေရင်းကနေ မျက်နှာလေး မှုန်ကုတ်ကုတ်နဲ့ ပြောနေတဲ့ Sunoo ။
ဒီနေ့မနက် မောင်က သူ့ဆီ ခွင့်တောင်းလာခဲ့တယ်။
မိဘတွေဆီ သွားတွေ့ဖို့ကိုပေါ့။
ကိုယ့်စိတ်အတိုင်းသာဆို မောင့်ကို သူ့မိဘတွေနဲ့ ပတ်ကို မပတ်သက်စေချင်တော့တာ။
အတ္တကြီးတယ်ပဲ ဆိုဆို။
မောင့်ကို ဒီဘဝရောက်အောင် တွန်းအားပေးခဲ့တဲ့ အဓိကတရားခံတွေက မောင့်မိဘတွေပဲလေ။
တစ်ဦးတည်းသာ ရှိတဲ့ သားတစ်ယောက်အပေါ်ကို စီးပွားရေးကိုသာ ကြည့်ပြီး မလုပ်သင့်တာတွေ လုပ်ခဲ့လို့ မောင် ဒီဘဝ ရောက်ရတာ။
သူတို့ သဘောတူလှပါချည်ရဲ့ဆိုတဲ့ နိုရာ...
သူတို့ နှစ်သက်လှပါချည်ရဲ့ဆိုတဲ့ နိုရာ...
အဲ့ဒီ နိုရာဆိုတဲ့ လူစိတ်မရှိတဲ့ ဟာမက မောင့်ကို ဘယ်လိုတွေ လုပ်သွားခဲ့သလဲ...။
ဒါကိုတောင်မှ ဒီလို ဟာမအတွက် တရားခွင်ကနေ လွတ်အောင် မောင့်ကို လက်မှတ်ထိုးခိုင်းခဲ့သေးတာတဲ့လေ။
သူတို့ရဲ့ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကို ပြန်လည်ထူထောင်ပေးတဲ့ အဖိုးအခအဖြစ် တဲ့။
ဒါလား မိဘဆိုတာ။
ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ သားနဲ့တော့ မလဲသင့်ဘူးမလား။
ဒါဟာ သူတို့ အဆင်ပြေဖို့အတွက်နဲ့ မောင့်ကို ချနင်းသွားတာ။
ဒီလို မိဘတွေ လက်ထဲ မောင့်ကို သူ ဘယ်လိုနည်းနဲ့မှ ပြန်မထည့်နိုင်။
ဖြစ်နိုင်ရင် သေခန်းတောင် ဖြတ်လိုက်စေချင်တာ။
သူ စုံစမ်းလို့ သိထားသမျှတွေကို မောင့်ဆီမှာ အတည်ပြုတော့ မေတ္တာရှင်ကြီး မောင်က အပြုံးလေးနဲ့ပဲ ပြန်ပြောပြလာတယ်။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....