17

197 25 8
                                    

💕

US သွားရန် နှစ်ရက်အလိုနေ့တွင်...

အငယ်လေးရဲ့ ခေါ်ဆောင်မှုနဲ့ US ကို မသွားခင်  သူငယ်ချင်းတွေနဲ့တွေ့ဖို့ မောင်က အပြင်ထွက်သွားတော့ တိုက်ခန်းမှာ Sunoo  တစ်ယောက်တည်း။

တွေ့ဖြစ်ကြတယ်ဆိုတာကလည်း ပြင်ပနဲ့ ထိတွေ့မှုမရှိဘဲ အမြဲ အိမ်မှာပဲ နေ နေတတ်တဲ့ မောင့်ကို ကျန်းမာရေး ရှုထောင့်ကပဲ ကြည့်ကြည့် စိတ်ဓာတ်ရေးရာ ခွန်အားပိုင်းကပဲ ကြည့်ကြည့် ပြန်လည် ကောင်းမွန်လာစေဖို့နဲ့ ပုံမှန်လူတွေလိုပဲ ပြင်ပနဲ့ ထိတွေ့ဆက်ဆံ သွားလာလို့ ရတယ်ဆိုတဲ့ ခံစားချက်လေးကို မောင့်ကို ရစေချင်လို့ သူနဲ့ အငယ်လေး နှစ်ယောက်ပေါင်းပြီး စီစဉ်လိုက်ခြင်းသာ။

မောင်က အတူလိုက်ခဲ့ရန် ခေါ်ပေမယ့် သူ မလိုက်ဖြစ်။ ဒါဟာလည်း တမင် နေခဲ့ခြင်းသာ။

" မောင်တို့ သူငယ်ချင်းတွေပဲ လွတ်လွတ် လပ်လပ် တွေ့ကြပါ... ကိုယ် ပါတော့ သူတို့ကို အားနာနေရအုံးမယ် " လို့ဆိုကာ တိုက်ခန်းမှာပဲ နေခဲ့လိုက်တယ်။

အငယ်လေးလည်း အတူပါသွားတာကြောင့် စိတ်မချစရာတော့ မရှိ။

ပြီးတော့ သွားတွေ့တဲ့ သူငယ်ချင်းတွေကလည်း မောင်နဲ့ရော အငယ်လေးနဲ့ပါ အတော်လေး ရင်းနီးကြတဲ့ သူတွေ။

ဒါကြောင့်ပဲ သူ မောင့်ကို စိတ်ချလက်ချ လွှတ်လိုက်တာ။

သူ နေခဲ့တယ်ဆိုတာကလည်း အကြောင်းအရင်းက ရှိတယ်လေ။

မောင်နဲ့အငယ်လေး ထွက်သွားပြီး မကြာခင်မှာပဲ သူ့ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖေါ်ဖို့  တစ်နေရာကို ထွက်လာခဲ့လိုက်ပါတယ်။

US မသွားခင်မှာ သွားမယ်လို့ ရည်ရွယ်ထားတဲ့ နေရာကိုပေါ့။

အဲ့ဒါက ဘယ်လဲဆိုရင် မောင့်မိဘတွေရဲ့ အိမ်။

သွားလည်း သွားသင့်တယ်လို့ ထင်ပြီး မဖြစ်မနေ ပြောစရာတွေလည်း ရှိနေတာကြောင့် သူ ရောက်လာခဲ့ခြင်းသာ။

မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN)  (SEASON 2)Where stories live. Discover now