💕
Seoul မြို့
Kim မိသားစု၏ စံအိမ်အတွင်းရှိ ဧည့်ခန်းထဲတွင် ဖြစ်သည်။
ကြီးမားကျယ်ဝန်းလှတဲ့ ဧည့်ခန်းကြီးနဲ့ လိုက်ဖက်စွာ ခန်းနားလှတဲ့ နောက်ဆုံးပေါ် ပရိဘောဂတွေနဲ့ အသုံးအဆောင်တွေကိုသာ သုံးစွဲထားခြင်းကို ကြည့်ခြင်းအားဖြင့် ဒီမိသားစုရဲ့ ကြွယ်ဝမှုကို ခန့်မှန်းလို့ ရနိုင်သလို အမိုးထက်က မီးပန်းဆိုင်းကြီးတွေနဲ့ ဂန္တဝင်ဆန်လှတဲ့ ဧည့်ခန်းအပြင်အဆင်ကို ကြည့်ခြင်းအားဖြင့်လည်း ဒီမိသားစုရဲ့ လူနေမှုအဆင့်အတန်းကိုလည်း သိသာစေပါတယ်။
ဒေါက်တာ Kim Sunoo တောင်ပေါ်မြို့လေးမှာ တာဝန်ထမ်းဆောင်ဖို့ သွားမယ့်ကိစ္စ ခွင့်တောင်းစဉ် အချိန်ကာလတုန်းကလည်း ဒီ ဧည့်ခန်းကြီးထဲမှာ မိသားစုတွေ စုံစုံညီညီ ရှိခဲ့ဖူးကြသလို...
ယခု အခါမှာလည်း ဒီနေရာမှာပဲ ဒေါက်တာ Kim Sunoo အဝေးကိုထွက်သွားမယ့် ကိစ္စကို ဆွေးနွေးနေကြတာဆို မမှား။
ထွက်သွားတာခြင်း တူပေမယ့် ယခုအခါထွက်ခွာခြင်းမှာတော့ အရင်လို ရှောင်ပုန်းချင်စိတ်နဲ့ တစ်ယောက်တည်း ထွက်သွားမှာ မဟုတ်တော့သလို ဒီ ဧည့်ခန်းထဲက မိသားစု ဆွေးနွေးပွဲမှာလည်း လူသားတစ်ယောက်က ပိုတိုးလို့ လာခဲ့ပြီလေ။
ထိပ်ဆုံးက ဆိုဖာမှာတော့ ဖခင်ဖြစ်သူ Professor Kim Wooseung က ထိုင်နေပြီး ညာဘက် ဆိုဖာရှည်ပေါ်မှာတော့ မိခင်ဖြစ်သူနဲ့ သားငယ် Jungwon။
Jungwon ဟာတော့ဖြင့် အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပေမယ့်လည်း အိမ်ရဲ့ အငယ်ဆုံးလေး ပီပီ ဘေးက မိခင်ဖြစ်သူရဲ့ လက်မောင်းကို လက်နှစ်ဖက်နဲ့ တွယ်ချိတ်လို့ မိခင်ရဲ့ပုခုံးလေးထက်လည်း ခေါင်းကို မှီတင် ထားပါသေးတယ်။
ဘယ်ဘက်က ဆိုဖာရှည်မှာ သားကြီးဖြစ်သူ Heeseung ရှိနေပြီး ဖခင်ကြီး Kim Wooseung နဲ့ မျက်နှာချင်းဆိုင် ဆိုဖာမှာက Kim Sunoo
أنت تقرأ
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
أدب الهواةစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....