💕
" မောင်က ငါ့ကို ချော့နေတာ..."
" ငါ့ကို မောင်က ချော့နေတာ..."
" အဟားး မောင်က ငါ့ကို ပြန်ချော့တာတဲ့ ကွာ...ကြည့်အုံး "
" မောင်က ငါ့ကို မမှတ်မိလည်း မောင့်နှလုံးသားက မှတ်မိနေတာ...ကြည့်စမ်းပါအုံးကွာ... အရင်လိုပဲ ငါ စိတ်ဆိုးရင် မနေတတ်တဲ့ မောင်က ငါ့ကို ပြန်ချော့နေတာတဲ့ အဟား ဟား "
ဆေးရုံသွားဖို့ ဝတ်ထားတဲ့ အဝတ်တွေကို မောင်နဲ့ Day out ထွက်ဖို့ သင့်တော်တဲ့ အဝတ်တွေနဲ့ ပြန်လဲလှယ်ရင်း အခန်းထဲမှာ တစ်ယောက်တည်း ယောက်ယက်ခတ်နေတဲ့ Sunoo...
ပါးစပ်ကနေလဲ မောင်က သူ့ကို ပြန်ချော့ကြောင်းကို တစ်ယောက်တည်း ရေရွတ်နေတာ ထပ်ခါတလဲလဲ...
သေချာပေါက် မျက်နှာလေးဟာလဲ ပြုံးချိုမြနေတာ ပျားရည်ဆမ်းထားတဲ့ သကြားခဲလေးလို။
ပျော်နေတာ သူ...
ကြည်နူးနေတာ သူ..
ဝမ်းသာနေတာ သူ...
မျက်နှာနုနုလေးပေါ်မှာလည်း ကြည်နူးပျော်ရွှင်နေမှုဟာ အတိုင်းသား ပေါ်လွင်လို့နေလေရဲ့။
သွားတန်းဖြူဖြူလေးတွေ ပေါ်အောင် ပြုံးနေတာ ရပ်လို့မရ။
ပျော်လွန်းလို့ လက်တွေတုန်နေကာ အင်္ကျီရွေးနေတဲ့ လက်တွေဟာ အယောင်ယောင် အမှားမှား။
တစ်ထည်ပြီး တစ်ထည် ဆွဲထုတ်လို့ မှန်ရှေ့ရပ်ပြီး ကိုယ်ပေါ်မှာ ကပ်ကြည့်ရတာလဲ ခဏခဏ။
" ဒါလေးနဲ့ လိုက်လောက်ပါ့မလား... အရောင်ကလဲ နုနုလေးဆိုတော့ မောင် ငါ့ကို ကြည့်လိုက်တိုင်း အေးချမ်းနေမှာ သေချာတယ်..."
အပြာနုရောင် အဆင်းလေးတွေပါတဲ့ Shirt လက်ရှည်လေးကို ကိုယ်မှာ ကပ်ကြည့်ပြီး လိုက် မလိုက်ကြည့်နေတဲ့ Sunoo
စိတ်ပြောင်းသွားဟန်နဲ့ ခေါင်းလေး ယမ်းလိုက်ကာ ကိုယ်မှာ ကပ်ထားတဲ့ အင်္ကျီလေးကို ပြန်ခွာလိုက်ပြီး
KAMU SEDANG MEMBACA
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fiksi Penggemarစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....