💕
တိမ်ညိုတိမ်မဲတို့ ကင်းစင်နေပြီး နေသာတဲ့ နံနက်ခင်းတစ်ခုမှာ လာဗန်ဒါ ပန်းရနံ့တွေကြား စိတ်ကြည်လင်စွာနဲ့ နိုးထလာတဲ့ Park Sunghoon... ။
ပြတင်းတို့ ဖွင့်ထားခြင်းကြောင့် နံနက်ခင်းရဲ့ လေနုအေးလေးတွေက အခန်းတွင်း တစ်ဝိုက်မှာ ဝေ့ဝဲတိုက်ခတ်နေပြီး အိပ်ရာ နိုးနိုးချင်း ထို လေနုအေးလေးတွေရဲ့ ပွတ်တိုက် ကျီဆယ်မှုကို ခံစားလိုက်ရတာကလည်း စိတ်နဲ့ ခန္ဓာ နှစ်မျိုးလုံးရဲ့ အေးချမ်းခြင်းကို ဆောင်နှင်းပေးနေသလို...။
နေ့သစ်တစ်နေ့ကို စတင်ဖြတ်သန်းဖို့ တက်ကြွနေဟန်ရှိတဲ့ ငှက်ကလေးတွေရဲ့ ကျီကျီကျာကျာ အော်မြည်သံလေးတွေကလည်း နားဝင်ပီယံရှိလှပြီး စိတ်နှလုံးကို ကြည်မွေ့စေပါတယ်...။
" အဟွန်း..."
မျက်လုံးတွေ မဖွင့်သေးဘဲ အိပ်ရာထက်ကနေသဘာဝရဲ့ အနှစ်သာရတွေကို ငြိမ်းငြိမ်းချမ်းချမ်းလေး ခံစားသက်ဝင်နေရင်းမှ Sunghoon အသံထွက်ပြီး ရယ်လိုက်မိတယ်။
ဘာလို့ဆို နေမကောင်းဖြစ်ပြီးမှ သူ့ရဲ့ နေ့ရက်တိုင်းဟာ စိတ်ကျေနပ်မှုတွေနဲ့ပဲ ဖြတ်သန်းနေရတယ်ဆိုတာကို သတိရလိုက်မိလို့။
အဲ့လို စိတ်ကျေနပ်စရာ ကောင်းမှုတွေကို ဖန်တီးပေးနေသူဟာလည်း အခြားသူမဟုတ်ဘဲ ဒေါက်တာ Kim Sunoo ဆိုတဲ့ လူသားလေးပါလို့ တွေးလိုက်မိတော့ စေ့ပိတ်ထားတဲ့ Sunghoon ရဲ့ နှုတ်ခမ်းက ပွင့်ဟသွားပြီး သွားတန်းလေးတွေ ပေါ်လာအောင်ထိ ရယ်လိုက်မိပြန်ပါရောလား...။
" အဟက်.. ဟက်... သဘောကျစရာ..."
အသံတွေ ထွက်ကျလာအောင်ထိ တကိုယ်တည်း ရေရွတ်လိုက်မိရင်း မျက်လုံးတွေကို ဖွင့်ကာ ဘေးက စားပွဲလေးပေါ် လှည့်အကြည့်...
လှပစွာ ထိုးစိုက်ခံထားရတဲ့ လာဗန်ဒါ ပန်းအိုးလေးနဲ့ သူ့အကြည့်တွေ ခလုတ်တိုက်မိသွားပြန်ပါတယ်...။
" မင်းလဲ မင်းရဲ့ ပိုင်ရှင်လိုပဲ... အရမ်း လှတယ် "
လက်နှစ်ဖက်ကို ယှက်၍ ခေါင်းအောက်မှာ ခု ထားလိုက်ရင်း ပန်းအိုးလေးကို ငေးကြည့်ပြီး အစောပိုင်းရက်တွေတုန်းက သူ့အခန်းထဲ သူ့ခွင့်ပြုချက်မရဘဲ ပန်းအိုးလာထားရပါ့မလား ဆိုပြီး ပြဿနာရှာခဲ့မိတဲ့ အကြောင်း ပြန်တွေးလိုက်မိတော့ သူ့ကိုသူ အလိုမကျစိတ်တွေ ဝင်လာရပြန်ရောလေ...။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....