💕
နှစ်ခြိုက်စွာ အိပ်စက်ခဲ့ရခြင်းကြောင့် ကြည်လင်လန်းဆန်းနေတဲ့ စိတ်နဲ့ နိုးထလာရတဲ့ နေ့သစ်တစ်ရက်ရဲ့ အစ။
တစ်ညလုံး တစိမ့်စိမ့် ရွာသွန်းနေတဲ့ မိုးကြောင့် မနက်ခင်းလေးဟာ အေးစိမ့်စိမ့်လေးနဲ့ နေလို့ထိုင်လို့ကောင်းရုံ ချမ်းအေးမှုကို ပက်ဖြန်းပေးထားလေရဲ့။
ဒါနဲ့ပဲ နွေးထွေးစေဖို့ရာ အလို့ငှာ ခိုဝင်လိုက်မယ်ရယ်လို့ တွေးလိုက်ပြီး မျက်လုံးတို့ မဖွင့်ခင် ဘေးနားက ခိုဝင်နေကျ ရင်ခွင်ကျယ်ကြီးရဲ့ အနွေးဓာတ်ကို လက်ဖဝါးနုနုလေးတွေနဲ့ ပွတ်သပ်ကာ လိုက်စမ်းလိုက်တော့ အေးစက်စပြုနေတဲ့ အိပ်ရာခင်းတွေကိုသာ စမ်းလိုက်မိတယ်။
မှေးမှိတ်ထားတဲ့ မျက်လုံး အစ်အစ်ကလေးတွေဟာ ဖျတ်ခနဲ။
မျက်ဝန်းညိုလေးတစ်ချက် ရုတ်တရက် အဖွင့်မှာ ဘေးနားကို ကပျာကယာ လှည့်ကြည့်လိုက်တော့ ရင်ခွင်ရှင်ဟာ ရှိမနေ။
' မောင် ဘယ်ရောက်သွားတာလဲ '
မျက်မှောင်လေးကျုံ့လို့ အလိုမကျဖြစ်သွားတဲ့ စိတ်နဲ့အတူ အိပ်ရာပေါ်က ကျုံးရုန်းထလိုက်ပြီး အရင်ဆုံး သွားကြည့်မိတာက ရေချိုးခန်းဆီ။
မရှိ...
နောက် သန့်စင်ခန်းရှိရာဆီ။
ဒီမှာလည်း ရှိမနေ။
' မောင် ဘယ်တွေ လျှောက်သွားနေတာပါလိမ့် '
မျက်ခုံးလေးနှစ်ဖက်ဟာ ထိလုထိခင်နီးပါး ပို၍ စုကျုံ့သွားကာ အခန်းပြင်ပြေးထွက်လာပြီး စိုးရိမ်တကြီးနဲ့ ဧည့်ခန်းဘက်ကို လှမ်းကြည့်လိုက်တော့လည်း တိတ်ဆိတ်နေတဲ့ ဧည့်ခန်းကြီးကသာ ဆီးကြိုလို့နေတယ်။
ဒါနဲ့ပဲ မီးဖိုခန်းဆီ အပြေးလေးသွားကြည့်လိုက်တဲ့ အချိန်မှာတော့...
" မောင် ...အဲ့ဒါ ဘာလုပ်နေတာလဲ "
သူ မေးလိုက်ပေမယ့် မောင်က ကြားပုံမရ။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....