Hello My Vitamins..,
San ပြောစရာလေး ရှိလို့ ခဏလာတယ်နော်...
အပိုင်းသစ် မဟုတ်လို့ ဖတ်ရမှာ ပျင်းတယ်ဆိုရင်တောင် အဆုံးထိတော့ ဖတ်ပေးရမယ်နော်။
ပြောစရာရှိတာလေးတွေ မပြောခင် အရင်မေးရအုံးမယ် စာတွေ ဖတ်ရတာ ပျင်းနေကြပြီလား။
ဒီ Fic လေးက " လွန် " လောက် အတက်အကျမများဘဲ အေးအေးလေးပဲ သွားနေတဲ့ slow romance ပုံစံလေးမို့ ကိုယ့် စာဖတ်သူတွေကို ပျင်းနေကြမှာလည်း စိုးပါရဲ့။
ကဲ အခု ပြောပြချင်တဲ့ အကြောင်းအရာလေးဆီ ဆက်မယ်နော်...
အဲ့ဒါဘာလဲဆိုရင် ဒီ fic ထဲမှာ ပါတဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ Character လေးတွေပါပဲ။
ကျွန်တော့်ချစ်သောတွေ ဘယ်လို မြင်ကြပါသလဲ။
ပြီးတော့ ဘယ်လို ထင်ကြပါသလဲ။
ချပြချင်တဲ့ အရာတွေကို ပေါ်လွင်အောင် ရေးဖွဲ့မပြတတ်သေးတဲ့ ကျွန်တော့်ရဲ့ အားနည်းချက်ကြောင့် စာဖတ်သူတွေ မမြင်ကြတာလည်း ဖြစ်နိုင်တာမို့ ဒီနေရာလေးကနေ တဆင့်ပြောပြချင်ပါတယ်။
SEASON 1 မှာတုန်းက မောင်နဲ့ ဒေါက်တာလေးတို့ရဲ့ Character တွေကို ချစ်သောတွေ မှတ်မိကြပါသေးရဲ့လား...။
ဒေါက်တာဟာ အေးအေးလေး နေတတ်တယ်လို့ ထင်ရပေမယ့် ဆရာဝန်ဆိုတဲ့ ဂုဏ်နဲ့ အချေလေးလည်း ကြီးတတ်ပါတယ်။
လူနာတွေအပေါ် နွေးထွေးပျူငှာတတ်ပေမယ့် မာနလေးလည်း ကြီးတတ်ပါတယ်။
မောင့်အပေါ်မှာဆိုရင်လည်း အကြီးဆိုတဲ့ ဂုဏ်နဲ့ အနိုင်လေးလည်း ယူတတ်ပါတယ်။
ချစ်ပေမယ့် မာနတရားနဲ့ ယှဉ်လာတဲ့အခါ ဒေါက်တာလေးက မောင့်ကို အလျှော့မပေးတတ်တာတွေကို SEASON 1 မှာ သတိထားမိခဲ့ကြပါရဲ့လား...။
ဒေါက်တာဟာ ပျော့ညံ့ညံ့ယောကျာ်းတစ်ယောက် မဟုတ်ပါဘူး။
အဲ့လိုပဲ အားငယ် မှီခိုတတ်တဲ့ ယောကျာ်းတစ်ယောက်လည်း မဟုတ်ပါဘူး။
အပြောအဆို ပြတ်သားတတ်ပြီး လုပ်သင့်တဲ့ အရာဆိုရင် ရဲရဲရင့်ရင့် လုပ်တတ်ပြီး ဦးဆောင်တတ်တဲ့ Character ရှိသူလေးပါ။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....