💕
" ဘာလို့ မိုက်မဲချင်ရတာလဲ နူးငယ်ရယ်..."
အခန်းထဲက ထွက်သွားပြီဖြစ်တဲ့ နူးငယ်ကတော့ ကြားနိုင်တော့မှာ မဟုတ်ပေမယ့် သူ တီးတိုးရေရွတ်လိုက်မိတယ်...။
မချိတင်ကဲနဲ့ပေါ့...။
တကယ်ဆို သူ နူးငယ် ရှာလို့မရမယ့် နယ်မြေအဆုံးထိ ရှောင်ပုန်းနေလိုက်သင့်တာ...
ခုတော့...
အသက်တမျှ ချစ်ရတဲ့ သူက သူ့အတွက်နဲ့ ဒုက္ခတွေခံနေတာကို သူက ဘာမှ မသိရလေတဲ့အဖြစ်...
မတွေ့လိုတော့တဲ့ အချစ်ရဆုံးသူက သူ့ရှေ့တည့်တည့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေတာကို မသိရလေတဲ့အဖြစ်...
ဘယ်လောက်တောင် ဆိုးလိုက်သလဲ...
မောင်က ဘယ်လောက်ထိတောင် ဆိုးမိုက်တဲ့သူလဲလို့ နူးငယ်ရယ်...
မောင် ဒီလိုတွေ ဖြစ်နေတာ နူးငယ် သိရင်...
မောင် ဒီလိုတွေဖြစ်နေတာသာ မောင့်နူးငယ် သိခဲ့ရင် အရာအားလုံးကို စွန့်လွှတ်ပြီး မောင့်ဆီအရောက် အပြေးလာမယ်ဆိုတာ ဒီမောင်က သိတာကြောင့်...
မောင့် နူးငယ်ကို မောင့်အဖြစ်ဆိုးတွေ မသိစေချင်ခဲ့တာလေ...
ဘယ်လို ကံတရားရဲ့ ကျီဆယ်မှုတွေလဲ နူးငယ်...
မဆုံဆည်းတော့ဖို့ ရှောင်ကွင်း ပြေးလေမှ မောင့်နူးငယ်က မောင့်ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်...
မောင်ကပဲ လုံအောင် မပုန်းတတ်ခဲ့တာလား။
မောင့်နူးငယ်ကပဲ အရှာတော်ခဲ့တာလား။
ဒီလို အခြေအနေတွေနဲ့ မောင်တို့ မဆုံဆည်းသင့်တော့ဘူးလေ နူးငယ်...
မိုက်မဲလွန်းလှတဲ့ မောင့်နူးငယ်က မောင့်မှတ်ဉာဏ်တွေ ကစင့်ကလျား ဖြစ်နေတဲ့ အချိန်မှာမှ အချိန်ကိုက် မောင့်ဘဝထဲကို တိုးဝင်လာသတဲ့လေ။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....