💕
အိပ်ရာနိုးနိုးချင်း Sunghoon ရဲ့ အသိအာရုံထဲကို ဝင်လာတဲ့ သင်းသင်းလေး မွှေးနေတဲ့ မွှေးရနံ့တစ်ခု...
ဖြစ်နိုင်တာကတော့ ပန်းတစ်မျိုးမျိုးဆီက လာတဲ့ ရနံ့လိုမျိုး...
မျက်လုံးတို့ မဖွင့်ရသေးခင်မှာပဲ ထူထဲထဲ မျက်ခုံးတန်းနှစ်ခုက စိတ်အလိုမကျစွာ တွန့်ချိုးသွားရပြီ...
ဒီအိမ်မှာ သူ့ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလူက ဒီ ပန်းရနံ့တွေ လုပ်ထားရဲတာတဲ့လဲ...
ပြီးတော့ ဒီလို နံနက်စောစော သူ မနိုးထသေးခင် အချိန်ကြီးမှာတဲ့လေ...
အတွေးနဲ့အတူ မျက်လုံးအစုံကို ဖွင့်လိုက်ပြန်တော့ ဘေးပြတင်းပေါက်ဆီမှ တိုးဝင်နေတဲ့ နေရောင်စူးစူးကြောင့် မျက်လုံးကို ကပျာကယာ ပြန်ပိတ်လိုက်ရတယ်။
အမြဲတမ်း တံခါးပိတ်ထားကာ ခန်းဆီးလိုက်ကာတွေပါ ချထားတတ်တဲ့ သူ့အခန်းထဲက ပြတင်းပေါက်က ဒီမနက်ကျမှ ဟင်းလင်းဖွင့်ထားပြီး လိုက်ကာတွေတောင် တင်ထားလိုက်သေးသတဲ့...
ကျစ်!
ကျစ်စုပ်သတ်လိုက်ရင်း ဘေးကို လှည့်ကြည့်မိတော့မှ အမွှေးနံ့ရဲ့ တရားခံဟာ ကုတင်ဘေးက စားပွဲပေါ်မှာရှိနေလေရဲ့။
ဘာမှန်းမသိတဲ့ ခရမ်းရောင်ပန်းတွေကို ပန်းအိုးလှလှလေးနဲ့ ထည့်ပြီး စားပွဲပေါ်မှာ တင်ထားတာ....
ဒါကြောင့် အမြဲ ပန်းချီ ဆေးနံ့ပဲရနေတဲ့ သူ့အခန်းထဲမှာ ဒီ ပန်းနံ့တွေ ကြိုင်နေတာပေါ့...
" ဘယ်သူ လာထားတာလဲကွာ... ရှုပ်ရှုပ်ယှက်ယှက်တွေ "
မနက်စောစောစီးစီး တွေ့လိုက်မြင်လိုက်ရတဲ့ အရာတွေကြောင့် Sunghoon ရဲ့ စိတ်အာရုံတို့ နောက်ကျိသွားရကာ အလိုမကျတဲ့ စိတ်နဲ့အတူ ဒေါသလေးက ကပ်ပါလာခဲ့ရပြီ။
တောက်!!!
ဒေါသအလျောက် တောက် ခတ်သံပြင်းပြင်း တစ်ချက်ကပါ ထွက်လာခဲ့ပြီးနောက် အနိမ့်အမြင့် လုပ်လို့ရတဲ့ ကုတင်ကို ခေါင်းရင်းဘက်ကနေ မြှင့်တင်လိုက်ရင်း ကုတင်ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ intercon ခလုတ်ကို ဖိနှိပ်လိုက်ပြီး
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....