6.2

308 41 7
                                    

💕

ဒေါက်တာ ဒုတိယမြောက် ခေါ်သွားတဲ့ နေရာက လက်လုပ်ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်ကို။

နာမည်ကြီးဆိုင်လဲ မဟုတ်သလို

လူတွေ ကြိတ်ကြိတ်တိုး စည်ကား​လောက်အောင် လက်ရာက ထူးခြားဆန်းပြားနေတာလဲ မဟုတ်ပြန်ပါဘူး။

ဒါပေမဲ့ ထူးခြားတာက ခေါက်ဆွဲဆိုင် ပိုင်ရှင်ပါပဲ။

အသက်အရွယ်အားဖြင့် ခြောက်ဆယ်ကျော်လောက် ရှိနေပြီဖြစ်တဲ့ အဖိုးကြီး အဖွားကြီး နှစ်ယောက်က ဒီဆိုင်လေးကို ဦးစီးပြီး ဖွင့်ထားတာ နှစ်တွေ အတော်ကြာခဲ့ပါပြီ တဲ့။

ဒီဆိုင်လေးအပေါ်မှာပဲ သစ္စာရှိရှိ ဖက်တွယ်ပြီး လုပ်ကိုင်နေတဲ့ ဆိုင်ရှင်တွေမှာ အဖိုးဖြစ်သူက ခြေထောက်နှစ်ဖက်လုံး မရှိတော့ပါဘူး။

ဘယ်အရွယ်ကတည်းကလဲဆိုရင် အဖိုးရဲ့ အသက် သုံးဆယ်ကျော်ကတည်းကပါ...တဲ့လေ။

သူတို့ ဆိုင်ထဲကို ဝင်လာလာချင်းမှာပဲ အဖွားက သူတို့ကို မြင်သွားပြီး အနားကို ပြေးလာပါတယ်။

" အိုက်ဂူးးး ဒေါက်တာလေးရယ်... အခုမှပဲ ပေါ်လာတော့တယ်... ဒီအဖွားကြီးက နေ့တိုင်းမျှော်နေတာကို... ဒီအဖွားကြီးကို ပစ်ထားတယ်ပေါ့ "

ဒေါက်တာ့လက်မောင်းတစ်ဖက်ကို ဆွဲဖက်ပြီး အားရဝမ်းသာ ပြောလာတဲ့ အဖွားရဲ့စကားတွေထဲမှာ ဒေါက်တာနဲ့ ဘယ်လောက်ထိ ရင်းနီနေသလဲဆိုတာကို ဖော်ပြနေပါတယ်။

" ဟုတ်တယ် အဖွားရယ်... ခုတလော ကျွန်တော် အလုပ်တွေများနေတာနဲ့ အဖွားဆီ မလာဖြစ်ဘူး ဖြစ်သွားတယ် "

" ဒေါက်တာ့ရဲ့ အဖိုးကလဲ မျှော်နေရှာတာ...နေအုံး ထိုင်ကြအုံး အဖိုးကို သွားခေါ်အုံးမယ်... ဒေါက်တာ လာတာသိရင် သူ အရမ်း ပျော်သွားမှာ "

သူတို့ကို နေရာချထားပေးခဲ့ပြီး နောက်ထဲ ပြေးဝင်သွားတဲ့ အဖွားကြီးက ခဏနေတော့ အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပွဲတွေနဲ့အတူ ပြန်ရောက်လာပါတယ်။

မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN)  (SEASON 2)Where stories live. Discover now