💕
မနက်စာစားဖို့ ထမင်းဝိုင်းမှာ Sunghoon ထိုင်စောင့်နေတာ အတော်လေးကြာနေပြီ ။
အားလုံးပြင်ဆင်ပြီးမှ ဖုန်းဝင်လာလို့ ခဏနော်.... ဆိုပြီး အိမ်ရှေ့ကို ဖုန်းပြောဖို့ ထ သွားတဲ့ ဒေါက်တာက ခုထိ ရောက်မလာသေး။
အရင်လို စိတ်နဲ့သာဆို စောင့်နေမှာ မဟုတ်ပေမယ့် ခုတော့ ဒေါက်တာ ကျင့်ပေးလို့ နှစ်ယောက်အတူ ထမင်း လက်ဆုံစားကြတာက အကျင့် ဖြစ်နေပြီ။
ဘာတဲ့...
" အိမ်တစ်အိမ်ရဲ့ စည်းလုံးခြင်းကို ကြည့်ချင်ရင် ထမင်းစားတဲ့အခါမှာ ကြည့်ရတယ် တဲ့...
အိမ်သားတွေ တကွဲတပြား စားနေရင် အဲ့ဒါ စည်းလုံးမှု မရှိလို့ဘဲ တဲ့...
စည်းစည်းလုံးလုံးနဲ့ နွေးထွေးတဲ့ အိမ်ကလေး ဖြစ်ဖို့ဆို အိမ်သားတွေက ထမင်းစားပွဲ တစ်ဝိုင်းထဲမှာ အတူ ပျော်ပျော်ရွှင်ရွှင် စားရပါသတဲ့..."
သူမို့ ပြောတတ်တယ်...
သူနဲ့ကိုယ်ဟာ မိသားစုလဲ မဟုတ်ပါဘဲ...
သူဟာ ကိုယ့်အိမ်သားလဲ မဟုတ်ပါဘဲ...
သူ စေညွှန်ရာကို လိုက်လျောပေးပြီး သဘောကျ လုပ်ဆောင်နေတဲ့ အပေါ် အတူပူးပေါင်း ပါဝင်ပေးနေမိတဲ့ ကိုယ့်ကိုကိုယ်ပဲ အံ့သြ မိပါတယ်။
ဒါပေမယ့်လဲ ခုတော့...
နှစ်ယောက်အတူ စားမယ့်ထမင်းဝိုင်းမှာ တစ်ယောက်ထဲ ထိုင်စောင့်နေရတာ ကြာလာတော့ စိတ်က သိပ်မကြည်လင်ချင်တော့...။
အိမ်ရှေ့က ပြုံးရယ်ပြီး ဖုန်းပြောနေတဲ့ မျက်နှာလေးကို လှမ်းကြည့်လိုက် သက်ပြင်းတွေ ကြိတ်ချလိုက် ဖြစ်နေရသူကတော့ Sunghoon သာ။
" ကျစ်! ဖုန်းပြောတာ အဲ့လို ပြုံးရယ်နေဖို့ လိုလို့လား... သူ ပြုံးပြနေတော့ရော တစ်ဖက် လူက မြင်မှာတဲ့လား... "
" ဟူးးး အမြဲတမ်း မျက်နှာက အဲ့လို ပြုံးပြီး ချိုအီနေတော့တာပဲလား ကွာ... လူတိုင်းကို အဲ့လိုသာ ပြုံးပြနေရင်တော့ မလွယ်ပါဘူး ... "
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....