💕
မောင်နဲ့ Date ထားတာကို မပြောဘဲ စားသောက်ဆိုင်သို့ အငယ်လေးအား ခေါ်လာမိခြင်းဟာ အတော်လေး နားငြီးခံရလိမ့်မယ်လို့ Sunoo မသိခဲ့။
သိခဲ့ရင်တော့ Company ကိုသာ ပြန်ပို့ခဲ့ပြီး အလုပ်သရဲလေးကို စားစရာတစ်ခုခု စီစဉ်ပေးခဲ့မိမှာ အမှန်။
အခုတော့...
နှစ်ယောက် Date ဖို့ စီစဉ်ထားပြီးမှ သူ့ကို ခေါ်လာပြီး ကြားထဲက ကန့်လန့် ကန့်လန့်နဲ့ လူပိုကြီး ဖြစ်အောင် လုပ်တယ်ဟုဆိုကာ ဆိုင်မရောက်ခင်ကရော ဆိုင်ကို ရောက်မှပါ ပွစိပွစိ လုပ်နေတာ မောင့်ဆီက ဖုန်းဝင်လာကတည်းက။
" အဲ့ ကိုလေးကလေ.. ဘာမှန်းကို မသိတာ... အလကားနေ သားက အဖျက်ကောင်ကြီးလို ဖြစ်နေပြီ... သူများ အတွဲကြား ကန့်လန့် ကန့်လန့်နဲ့ "
" ကိုလေး ကိုယ်တိုင်ကိုက ဘာမှမဖြစ်လို့ ခေါ်လာတာလေ အငယ်လေးရာ... ဘာတွေ ဒီလောက် စိတ်တိုနေရတာလဲ "
" တိုရတယ်လေ... ပြီးတော့ ကိုယ့်အစ်ကိုတစ်ယောက်လုံးက ကိုယ့်ကိုရှေ့ထားပြီး ချစ်သူနဲ့ ကြည်နူးနေတာကို ဘယ်လို စိတ်နဲ့ ထိုင်ကြည့်နေရမှာလဲ... ကိုလေး မျက်နှာမပူပေမယ့် သားကတော့ မျက်နှာပူတယ် "
" အငယ်လေးရာ... မဆိုင်တာတွေ စဉ်းစားပြီး ပြောနေပြန်ပါပြီ... မင်း ရှေ့မှာ ကိုလေး ဘယ်နှခါ အနေအထိုင်မဆင်ခြင်ဖူးလို့လဲ... "
" အဲ့ဒါက အရင်ကလေ... ခုက ကိုလေးက ဒယ်ဒီနဲ့မာမီ့ရှေ့မှာတောင် သတိလက်လွတ်တွေ ဖြစ်နေတာ... အရမ်းတွေ... ဟွန်း.. သား မသိရင် ခက်မယ် "
" ကဲပါ အဘိုးကြီး ပေါက်စလေးရယ်... ခေါ်လာမိတဲ့ ကိုလေးပဲ မှားပါတယ် ဟုတ်ပြီလား... သူငယ်ချင်း ချင်း သေချာလည်း မတွေ့ဖြစ်ကြသေးလို့ မင်းတို့ချင်း စကားပြောရအောင် ကိုလေးက စေတနာနဲ့ ခေါ်လာပေးတာပါ ... အငယ်လေး မျက်နှာမပူရအောင်လည်း ကိုလေးက သေချာ ဆင်ခြင်ပေးမယ်...တော်တော့ အဲ့မျက်နှာကြီး စူပုတ်မနေတော့နဲ့... "
တော်တော်လေး အာညောင်းအောင် ချော့မော့ ပြောလိုက်မှ ငြိမ်သွားတဲ့ အငယ်လေးရယ်ပါ။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN) (SEASON 2)
Fanfictionစောင်းငဲ့ကြည့်လိုက်ရုံပါ မောင် .... မင်း ဘေးမှာ ငါအမြဲတမ်း ရှိတယ်....