(Unicode)
"ခုလိုပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒီ project ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါ့မယ်လို့ ကျွန်တော့်ဘက်က အာမခံပါတယ်"
"ခင်ဗျားရဲ့အရည်အချင်းတွေကို ယုံကြည်ပြီးသားပါ Mr. Park"
ညှိနှိုင်းဆွေးနွေးမှုတွေပြီးဆုံးသွားပြီမို့ ရုရှားလူမျိုးဧည့်သည်တွေလည်း ပြန်သွားကြလေပြီ...။ စားသောက်ဆိုင်ရဲ့ VVIP အခန်းမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ Mr. Park ကတော့ သူ့ရဲ့အောင်မြင်မှုအတွက် အကျေနပ်ကြီးကျေနပ်နေမိတယ်...။
Mr. Park သို့မဟုတ် CEO Park လို့ခေါ်ဝေါ်ခံရတဲ့သူက အခုမှအသက်၂၈နှစ်သာရှိသေးတဲ့ လူရွယ်တစ်ယောက်ပင်...။ သူ့နာမည်အပြည့်အစုံက ပက်ခ်ဂျီမင်းဖြစ်ပြီး အလယ်အလတ်တန်းစား ကုမ္မဏီတစ်ခုကို ပိုင်ဆိုင်ထားတယ်...။
သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ကုမ္မဏီလေးက တဖြည်းဖြည်းနဲ့အောင်မြင်လာတယ်လို့ပြောရမယ်...။ နာမည်ကြီး Top ten စာရင်းဝင်ကုမ္မဏီတွေနဲ့ မယှဉ်သာပေမယ့်လည်း ဝန်ထမ်းအယောက်တစ်ရာခန့်ကို လစာကောင်းကောင်းပေးနိုင်နေတဲ့ အနေအထားမှာမို့ ကျေနပ်စရာပါပဲ...။
အခုလည်း အသစ်လုပ်မယ့် project အတွက် ဂျပန်နိုင်ငံမှာ အစည်းအဝေးလာတက်ရတာဖြစ်ပြီး ရှယ်ယာရှင်အသစ်တွေဖြစ်လာမယ့် ရုရှားလူမျိုးတွေနဲ့လည်း စကားပြောဆိုပြီးလေပြီ...။ ဒီ project အတွက် ဂျီမင်းမှာ နေ့ရောညပါအားစိုက်ထားရတာကြောင့် ခုလိုစာချုပ်ချုပ်ဆိုနိုင်သွားတာကြောင့် အပူတစ်ဝက်လောက်သက်သာသွားတယ်...။
"သတ်မှတ်ထားတဲ့ရက်ထက် ကိုရီးယားကိုစောစောပြန်နိုင်သွားတာပဲ... ကောင်းပါတယ်လေ... ဒါလင့်ကိုလွမ်းနေတာနဲ့အတော်ပဲ"
တစ်ယောက်တည်းရေရွတ်ရင်းနဲ့ သဘောတကျပြုံးရင်း ဂျီမင်းလည်း စားသောက်ဆိုင်ထဲကနေ ထွက်လာခဲ့လိုက်တယ်...။ ကားပါကင်ကိုရောက်တော့ သူနဲ့အတူပါလာတဲ့အတွင်းရေးမှူးက ပျာပျာသလဲလာမေးတယ်...။
"အဆင်ပြေတယ်မလား CEO...?? စာချုပ်ချုပ်နိုင်ခဲ့တယ်မလား...??"
"ဒါပေါ့... ငါက ဘယ်သူမို့လို့လဲ"

VOUS LISEZ
Rewrite The Past (Completed)
FanfictionQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။