တောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။
'ဟာ...ရန်ဖြစ်နေပြီဗျို့...´´
ဘယ်သူကစအော်လိုက်သည်မသိ သူတို့ဆီပြေးလာသူကလာ အရက်မူးမူးနဲ့တားလာသူကတားနှင့် ဝရုန်းသုန်းကား ဖြစ်သွားသည်။
သူတစ်ပြန်ကိုယ်တစ်ပြန်လက်ရည်တူပေမဲ့ အရက်ရှိန်ကြောင့် သူရထက်သောင်းရဲ့လက်သီးချက်များက ရင်ခတ်ကိုထိတချက်မထိတစ်ချက်။ဒါပေမဲ့ ရင်ခတ်ကတော့ ထိထိမိမိနဲ့ကို တွယ်နေသည်။
''ရပ်စမ်း...သောက်ရူးတွေရ´´
ထိုအသံကြောင့် ဝိုင်းအုံနေသောလူစုကွဲသွားပေမဲ့ ရင်ခတ်ကတော့ သူရထက်သောင်းကိုယ်ကို ခွထားရင် လက်သီးဖြင့်ထိုးနှက်သည့်အရှိန်ကိုမရပ်နိုင်သေး။သူရထက်သောင်း နှုတ်ခမ်းကပေါက်ပြဲနေပြီး နှာခေါင်းမှလည်းသွေးများစီးကျနေပုံထောက်ရင် ဒီပွဲမှာ ရင်ခတ်ကအသာစီးရတယ်ဆိုတာ မည်သူမဆိုပြောနိုင်သည်။
''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ´´
နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။
''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်းအမျိုးမှန် တော်တော်လေးကောင်းတယ်´´
''အ....အ...အ..အလိမ္မာသွေးရှင်´´
အင်္ကျီလက်ကို တတောင်ဆစ်ထိလိပ်တင်နေသော အလိမ္မာသွေးရှင်ကိုကြည့်ရင်း ရယ်ပြလိုက်သည်။
''ဟဲဟဲ...ဆော့နေတာ´´
''သြော်...ငါလည်းပါမယ်လေ...
ငါ့နာမည်ကအလိမ္မာသွေးရှင်...ဖေဖေနဲ့မေမေက သွေးထဲအသားထဲထိ လူယဥ်ကျေးလေးဖြစ်အောင် ဒီနာမည်ကိုပေးထားပေမဲ့ ငါကတော့ နာမည်နဲ့ဆန့်ကျင်ဘက်ပဲ´'ဟမ့်...ရန်မဖြစ်နဲ့ဆိုလည်းမဖြစ်တော့ဘူး ....ဒါပေမဲ့ ငါမမှားဘူး မင်းကောင်တွေကိုကြည့်ပြောထား ရင်ခတ်လက်သီးက လူမရွေးဘူး´´
''ကျစ်´´
တစ်ပါတ်တစ်ခါ အပ်ပဒိတ်မည်။
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romanceတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...