ကိုယ့်ရဲ့ အလိမ္မာရင်မှာရှိဆိုတဲ့ ficလေးက copy right မိနေတယ်လို့ wattpadကနေစာရောက်လာတယ်။အကောင့်ကိုလည်း ဝင်မရခဲ့ဘူး။အပိတ်ခံထားတာရယ်။အရင်ရက်ကမှ အကောင့်ကပြန်ဝင်လို့ရသွားတာ......
ကိုယ်စိတ်မကောင်းဖြစ်မိတယ်။ဘယ်လိုဖြစ်ပြီး copy right ဖြစ်သွားသလဲတွေးမရဘူးရယ်။ကိုယ်မွေးဖွားထားတဲ့ဇာတ်ကောင်တွေကို စွန့်လွှတ်လိုက်ရတော့မှာလား ဆိုတဲ့အတွေးက ခဏ,ခဏပဲ.....
စာတစ်ကြောင်း၊တစ်ပိုဒ်ရဖို့ အများကြီးကြိုးစားခဲ့ရတာ.....
ကိုယ်ဒီficကို စရေးဖြစ်တုန်းက အပိုင်းတစ်ပိုင်းကို viwer20လောက်ရှိရင်ရပြီ....voteမရရင်နေပါစေ.....ဒီလောက်ဆိုရင်ကို ကိုယ့်မှာဆက်ရေးဖို့ အားရှိနေပြီဆိုပြီးအစပျိုးခဲ့တာ.....
စာလုံးပေါင်းသတ်ပုံမှာ အမှားတွေအများကြီးဆိုတာလည်း ဝန်ခံတယ်.....အရေးအသားမတည်ငြိမ်ဘူးဆိုတာလည်း သိတယ်.....ကိုယ်က ခံစားချက်တွေဖော်ပြရာမှာ ပေါ်လွင်အောင်မရေးနိုင်ဘူးဆိုတာလည်း ကိုယ့်ကိုယ်ကိုယ်သိပါတယ်....ဒါပေမဲ့ ကိုယ်လက်မလျော့ချင်ဘူးဆိုတဲ့အသိနဲ့ ဆက်ပြီးရေးသားဖြစ်ခဲ့တယ်....
ကောမန့်လေးတွေမန့်တာမြင်ရတော့.....ကိုယ်တကယ်ပျော်ခဲ့တယ်။ဒီရပ်ဝန်းလေးမှာရှင်သန်ရတာဟာ ပြင်ပကမ္ဘာကြီးထက်စစ်မှန်တယ်လို့ ခံစားရတယ်။
ကိုယ်အားလုံးအတွက်စစ်မှန်ခဲ့တယ်..........
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romanceတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...