နွေဦးရဲ့လေရူးမှာ တဖြူးဖြူးတိုက်ခတ်နေချေပြီ။ရောင်နီထွန်း နေမင်းကြီးကလည်း သူမတူထူးကဲစွာ တောက်ပနေတော့သည်။
အိမ်မှာကျန်ရှိသော အမှီးတိုခုံဖိနပ်သံက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း'တဂွတ်ဂွက်´မြည်နေသည်။ညနေရောက်ရင်တော့ ဘကြီးထွန်းရင်က ပြီးနိုင်လောက်ပါရဲ့...
'ဗျို့...သူကြီး..´´
ခြံတံခါးဝမှ အော်ခေါ်ပေမဲ့ကြားပုံမရပေ။ခြံတံခါးကသော့ခတ်ထားသည်ကြောင့် အော်ခေါ်ရုံသာရှိသည်။
ရွာထဲက အိမ်အားလုံးရဲ့ ဖလအုံတံခါးများမှာ သော့ဆိုတာ တစ်သက်နဲ့တစ်ကိုယ် မသုံးကြပေ။ညနေရောက်ရင် ခြံတံခါးကို ပိတ်လိုက် မနက်ရောက်ရင်ဖွင့်လိုက်နဲ့ ထိုသို့အထူးတလည် အော်ခေါ်ပြီး ဖွင့်ခိုင်းရတာမျိုးမရှိပေ။
''သူကြီး..ဗျို့....သူကြီး..´´
''ခဏလေးစောင့် နွေရင်ခတ်´´
လူထက်အသံက အရင်ရောက်လာသည်။အလိမ္မာသွေးရှင်က လက်ထဲမှာ သော့တွဲကိုယူကာ ခြံတံခါးကိုဖွင့်ပေးလာသည်။
သော့မှာ နေပူမိုးရွာဒဏ်ကြောင့်သံချေးရောင်ပေါက်နေသည်။သော့ဖွင့်နေသော လက်မှာ သွေးရောင်သန်းနေပြီး လက်ချောင်းများပေါ်တွင် မွေးညှင်းနုနုများကစီစီရီရီပေါက်နေသည်။
*'ခြေမွှေးမီးမလောင် လက်မွှေးမီးမလာင်´ဟုတ်ပါရဲ့... အဲဒီ စကားပုံအတိုင်းပဲ´*
တံခါးဖွင့်ပေးပြီးတော့ အလိမ္မာသွေးရှင်က လှည့်ပြန်သွားသည်။ရင်ခတ်လည်း ထပ်ကြပ်မကွာ လိုက်ဝင်လိုက်သည်။
အလိမ္မာသွေးရှင်စီးထားသော အနက်ရောင် ကတီပါဖိနပ်ကိုမြင်တော့မှ သူမနေ့ညကပေးခဲ့သော ခုံဖိနပ်ကို နှမြောတသဖြစ်မိသည်။*လွှင့်ပစ်ရော့မယ်*
အုတ်တမံသလင်းပေါ်အတတ် ဖိနပ်ချွတ်မည်ပြုတော့ အလိမ္မာသွေးရှင်က ''ဒီအပေါ်မှာ ဖိနပ်စီးလာခဲ့လို့ရတယ်´´
''အော်´´
တမံသလင်းပေါ် ခုံဖိနပ်နဲ့လမ်းလျှောက်ရသည်က ဒေါက်ဖိနပ်နဲ့လျှောက်နေရသလို ခြေချော်နေသည်။*ချွတ်ခဲ့ရင်ကောင်းသား*
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romanceတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...