ဘာမှမလုပ်ဘဲနေတဲ့သူအဖို့ တစ်ရက်တာကရှည်ကြာလွန်းသည်။ထမင်းဟင်းချက်တာကိုတော့ နွေရင်ခတ်က တာဝန်ယူသည်။အလိမ္မာသွေးရှင်ကို ချက်ခိုင်းဖို့ရာမှာ ခြေထောက်က သံကြိုးက အိပ်ခန်းတစ်ဝိုက်လှည့်ပတ်သွားရုံသာရှည်သည်ကြောင့် နောက်ဆုံးတော့ သူ့ဘာသာပင်ချက်ပြုတ်ဖို့သဘောတူလိုက်သည်။
တစ်ယောက်နဲ့တစ်ယောက် ဘယ်သူကမှ စကားစပြောခြင်းမရှိတာကြောင့် အသံတိတ်လှုပ်ရှားမှုတို့ဖြင့်တစ်နေ့တာကိုဖြတ်သန်းနေကြသည်။မျက်နှာက ရုပ်ပျက်ဆင်းပျက်မဖြစ်ရင်တောင် ဖူးရောင်နေတုန်းပင်။တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ဖို့မပြောနဲ့ ကိုယ်ကိုယ်တိုင်ပင် ပစ်စလက်ခတ်နေချင်တိုင်းနေနေကြသည်။
ညရောက်သည်အထိ ဘေးဘက်ဝန်းကျင်က အသံများဖြင့်လှုပ်ရှားသက်ဝင်တုန်း။အဆောင်နေကောလိပ်ကျောင်းသားများရဲ့စကားသံများအပြင် မိန်းကလေးအဆောင်ရှေ့ ဂီတာတစ်လက်ဖြင့်သီချင်းသံမြိုင်မြိုင်ကလည်း ညအချိန် သာနေသောလမင်းကြီးနဲ့အပြိုင် အမိငယ်တို့ကို ပိုးပန်းနေတော့သည်။
အိပ်ယာပေါ် ဟိုဘက်အဖျား ဒီဘက်အဖျား ကိုယ်ခန္ဓာချင်းမထိအောင် လဲလျောင်းနေသော သူတို့နှစ်ယောက်လုံး အပ်ကျသံမကြားရအောင်ပင် တစ်စုံတစ်ရာလှုပ်ရှားခြင်းမရှိဘဲ မှိန်းနေကြသည်။
''🎶🎶🎶အဆောင်သူလေးရဲ့သစ်စိမ်းချိုးတဲ့သတင်းလေးပေါ့....
ကျွန်တော်ဟာ သတင်းစာဖတ်ရင်းရုတ်တရက်တွေ့လိုက်တော့....
နှလုံးသွေးရပ်တန့်သွားအောင် လောကကြီးမှောက်ခုံလန်သွားပေါ့လေ...
လောကကြီး မှောက်ခုံလန်သွားပေါ့....
ဘုံဆိုင်မှာမူးလဲတဲ့အကြောင်း အားလုံးသိသွားတော့....
ပေတရာလမ်းမပေါ်လည်း ရုပ်ပျက်ဆင်းပျက်ပေါ့...
တစ်ရပ်ကွက်လုံးကမေးငေါ့ ရိုး,တဲ့ အ,တဲ့အကောင်ခံလိုက်ပေါ့တဲ့....
ရိုး,တဲ့ အ,တဲ့အကောင်ခဲ့လိုက်ပေါ့....
ကျွန်တော်ဟာသူ့တစ်ယောက်တည်း စွဲလမ်းခဲ့ဖူးတော့....
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romansတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...