''🎶🎶🎶တစ်နွေတစ်မိုးရယ်ပြောင်း....တစ်ဆောင်းရောင်လေတိုင်း ပျော်တယ်မောင်ရယ်....
နှင်းတွေဝေရင်တော့ကွယ် မောင်နဲ့မေလမ်းလျှောက်ရတာ စိတ်ဝယ်ပျော်မဆုံးတယ်...
အဲသလို နှင်းမှုန်ကြားဝယ် ချစ်စကားအလှအပတွေကြွယ်....
သူ့ဘဝကို ပန်းတော်ဝင်သဇင်နှယ်...
ကိုယ့်ဘဝကို နှင်းနဲ့နှိုင်းလို့ရယ်....နှင်းမဝေ သဇင်ညှိုး...မုန်းမိုးရွာမှားစိုးသတဲ့...
ပူပန်တတ်သောသူ့အပြောလေးချစ်စရာကွယ်...ယနေ့တိုင်ကြားယောင်နေပါတယ်....🎶🎶🎶´´
''အဟီး...မောင်နော်ထွက်ခဲ့ကွာ...ကျီစယ်မနေနဲ့....´´
မြစ်ကြည့်ကုန်းရဲ့ သစ်ပင်ရိပ်မြုံကြားမှာ အချစ်ငှက်လေးတွေပျော်မြူးနေကြသည်။နွေရင်ခတ် မိန်းမချောလေးကို ထပ်မ,စတော့ဘဲ သစ်ပင်နောက်ကွယ်မှထွက်လာလိုက်သည်။
''မောင်!´´
''ဗျ´´
''ပျော်နေလား?´´
''ဘာလို့များမေးတာပါလိမ့်..အဝေ?´´
''သီချင်းတွေဘာတွေညည်းလို့လေ...အရင်ကဆို သီချင်းဆိုပြခိုင်းတာတောင်မဆိုပေးဘဲနဲ့...ထူးတော့ထူးခြားနေပါတယ်နော´´
''အဝေ့အနားမှာရှိတိုင်း မောင်ပျော်ပါတယ်ဗျာ´´
''ဟွန်း...သူအပြောကောင်းပြီ´´
လုပ်နေကျအတိုင်း လက်ကိုဆုပ်ကိုင်လိုက်သည်။
''မောင်´´
''ဗျ!´´
''အဝေ့ကိုချစ်လား ဟင်?´´
''ဟောဗျာ မေးပြန်ပြီ´´
''သူကပြောတယ် မောင်ကအဝေ့ကို ချစ်မှာမဟုတ်ဘူးတဲ့´´
အလိမ္မာသွေးရှင်....မင်းက အခုထိ ငါ့ဘဝကို ဝင်ရောက်စွက်ဖက်နေတုန်းပဲ....ကျစ်...မျက်မှောင်ကြုတ်လိုက်မိသည်။
သူတို့နှစ်ယောက် သမီးရည်းစား ဖြစ်ကတည်းကနေအခုထိ အဝေ့ထံမှ ထိုမေးခွန်းကို အကြိမ်ပေါင်းမြောက်များစွာ အမေးခံရသည်။
ဘာကြောင့်များ ထိုသူက သူတစ်ပါးစိတ်ကို အပိုင်တွက်ကာ ယုံယုံကြည်ကြည်ပြောခဲ့သည်မသိ။
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romanceတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...