ပုဂံဆိုတာ ယဥ်ကျေးမှုအမွေအနှစ်တို့ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်။ပုဂံရဲ့ရှူခင်းတွေကို ငေးမောကြည့်ရင် အလွမ်းအငွေ့အသက်လေးတွေခပ်ပါးပါးဖုံးလွှမ်းထားတယ်ဆိုတာမြင်နိုင်လိမ့်မယ်။ပါးစပ်ရာဇဝင်များစွာ ထင်ကျန်နေသည့် နယ်မြို့လေးတစ်ခု...
ရင်ခတ်တို့ရွာက ပုဂံညောင်ဦးအရှေ့ဘက်က ရွာငယ်လေးဖြစ်သည်။တောအသွားသည့်မြစ်ကြည့်ကုန်းပေါ်ရောက်ရင် လှပတဲ့ ပုဂံမြို့ကို ပန်းချီကားတစ်ချပ်ပမာမြင်နိုင်သည်။
အနောက်အရပ်ကိုမျက်နှာမူလိုက်ရင် ရွှေစည်းခုံဘုရားကြီးကိုသပ်ပယ်စွာ မှန်းရည်ဖူးမြှော်နိုင်သည်။ရေပြာပြာများဝန်းရံနေသော ဧရာဝတီမြစ်ကြီးက စက်ဝိုင်းသဏ္ဍာန်ရစ်ပတ်ထားသည်။တန့်ကြည်တောင်၊တူရင်းတောင်တန်းများက မြစ်နားဘေးမှ ကာရံကာ ပုဂံမြို့ကြီးကိုကာကွယ်ထားသည်။တောင်အထပ်ထပ်တောအထပ်ထပ်ရှူခင်းများက မျက်စိပဒါသဖြစ်ဖွယ်ကောင်းလှသည်။
''ကိုယ် ရွှန်းဝေအတွက် စံပယ်ပန်းတွေသီလာတယ်´´
''အလိမ္မာကလည်း သူများတွေမြင်ရင် တစ်မျိုးထင်နေရော့မယ် တို့လက်မခံပါရစေနဲ့ကွာ...ပတ်ဝန်းကျင်ဆိုတာ တစ်စိပ်ကိုတစ်အိတ်လုပ်ချင်တဲ့အမျိုးကွ´´
''ကိုယ်က ရွန်းဝေပန်စေချင်လွန်းလို့ ကိုယ်တိုင်ခူးပြီးသီလာခဲ့တာ ..ပတ်ဝန်းကျင်ဆိုတာ..´´
''အို ဘယ်လိုပဲဖြစ်ဖြစ်ပါ...အခုတော့ ရွှန်းဝေနောက်ကျနေပြီမို့ သွားတော့မယ်နော်´´
''ဟာ...ရွှန်းဝေ...ရွှန်းဝေ´´
သနပ်ခါးပါးကွက်ကြားအရည်ကျဲလေးနဲ့ သူမက အလိမ္မာသွေးရှင်ရှေ့မှောက်မှအတင်းထွက်ပြေးသွားလေသည်။သဒ္ဒါရွှန်းဝေဆိုတဲ့ သူမကို အလိမ္မာသွေးရှင် တစ်ဖက်သတ်ချစ်ကြိုက်ခဲ့သည်မှာနှစ်ရှည်လများကြာခဲ့လေပြီ။ရန်ကုန်သို့တက္ကသိုလ်သွားတတ်ရသည့်အချိန်တွေမှာလည်း သူ့ဘက်ကရေလာမြောင်းပေးလုပ်ခဲ့ပေမဲ့ ရွှန်းဝေကတော့ သူ့အချစ်တွေကို မမြင်သည်လား တမင်မမြင်ဟန်ဆောင်သည်လားတော့ မပြောတတ်။နှစ်ယောက်လုံးက ဘွဲ့အတူရကျောင်းပြီးထားသည့်အပြင် နှစ်ဖက်မိဘများကလည်းဆွေရှိမျိုးရှိပစ္စည်းရှိသူများဖြစ်သည်ကြောင့် သူတို့နှစ်ယောက်ကိုနတ်ဖက်သည့်စုံတွဲဟုစနောက်ပြီးပြောဆိုတတ်ကြသေးသည်။မိဘများကလည်း ရွှန်းဝေနဲ့ဆိုလျှင် သဘောမတူစရာအကြောင်းမရှိဟုပြောဆိုလာတော့ သူ့ရင်ထဲပျော်လို့မဆုံးပေါ့။ခက်တာက ရွှန်းဝေက သူ့အပေါ်သူငယ်ချင်းသံယောဇဥ်ထက် စည်းကျော်ခွင့်မပေးသေးပေ။
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romansaတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...