အပိုင်း(၆)

352 16 0
                                    

စာရင်းကိုင်အလုပ်က အချိန်အများကြီးပေစရာမလို။မနက်ပိုင်းအလုပ်လာသူစာရင်းကောက်ပြီးတာနဲ့နေ့လယ် နှစ်နာရီမရောက်မချင်း အနားရသည်။

ဒီနေ့လည်း မနက်ပိုင်းအလုပ်ပြီးပြီးချင်း အိမ်မှာ ထင်းခွဲနေလိုက်သည်။အရင်နေ့ကတည်းက အမေကြီးက မီးဖိုချောင်ထဲထင်းမရှိလို့ ညည်းနေလေပြီ။ဒီနေ့မှ ထင်းခွဲမပေးရင် ဒံအိုးဖုံးသံ'တဂွမ်ဂွမ်'ကိုကြာရတော့မည်။

ပုဆိုးကို ဒူးနားထိ တိုတိုပြင်ဝတ်ကာ ထင်းခွဲခြင်းအမှုစတင်လိုက်သည်။ပုဆိန်ကိုမြှောက်လိုက်တိုင်း လက်မောင်းကြွက်သားများက ထင်းထွက်လာသည်။အရိုးအဆစ်ကျနသော လက်ဖျံကြောများက ကျန်းမာသန်စွမ်းကြောင်းပြသနေသည်။

''🎶🎶🎶မူရာလေးမော့မော့ ဆံနွယ်ကြော့ကြော့မှာ...

မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီ...

လှပါတယ်မေရယ် ပန်းလေးတစ်ပွင့်လို...

ပန်းပန်သူမူရာသွေး အေးမြလှတယ်....

ကဗျာဖွဲ့ဖွဲ့ စာနွဲ့နွဲ့....

ကဗျာရေးရေး စာရေးရေး....

လှလှပပချစ်သူ့မျက်နှာ စာတွေကဗျာတွေ သီဖွဲ့လို့မမှီ....🎶🎶🎶''

သူကပဲ သီချင်းထဲစျာန်ဝင်နေလို့လားမသိ နှာခေါင်းထဲ စံပယ်ပန်းအနံ့တောင် ရနေသလိုပဲ။

နဖူးထက်မှချွေးသီးများကို အင်္ကျီလှန်ကာသုတ်လိုက်တော့ အမြောင်းလိုက်ဖြစ်တည်နေသောဝမ်းဗိုက်ကြွက်သားများက တစွန်းတစထွက်ပေါ်လာသည်။

ခြေသံကြားလို့လှည့်ကြည့်လိုက်တော့ အလိမ္မာသွေးရှင်က စံပယ်ပန်းကုံးကို ကိုင်ထားသည်။

''ဘာလာလုပ်တာလဲ?''

တစ်သက်နဲ့တစ်ကိုယ် ခြေမချဖူးတဲ့ သူတို့အိမ်ကို ရောက်လာတော့ အထူးအဆန်း။

''ပန်းလာပေးတာ..''

''ဟာ....ငါက မိန်းကလေးမှမဟုတ်တာ ဘယ်လိုပန်ရမှာလဲ?....တစ်ပြားလျော့နေတာလား?''

''ကျစ်...နွေရင်ခတ် စကားကိုဆုံးအောင်နားထောင်စမ်းပါ...ဘယ်သူကရော ယောကျာ်းလေးတစ်ယောက်ကိုပန်းပေးမှာလဲ?...ဒါက ရွှန်းဝေ အတွက်''

''အလိမ္မာရင်မှာရှိ''Where stories live. Discover now