''ဘယ်သွားမှာလဲ?နွေရင်ခတ်...´´
ဒေါ်ဒေါ်နုယဥ်အသံကြောင့် နွေရင်ခတ်လန့်သွားရသည်။ရောက်လာကတည်းက မျက်နှာချင်းမဆိုင်ရသေးပေ။
''ဟို...အိမ်ပြန်မလို့´´
''ဘာ!´´ဒေါ်ဒေါ်နုယဥ်အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
''မင်းက ဒေါ်ဒေါ်တို့မိသားစုကို တာဝန်မဲ့တဲ့လူတွေလို့ထင်နေတာလား?မင်းအဲဒီလိုပြန်သွားရင် ရွာထဲကလူတွေကဘယ်လိုထင်ကြမလဲ?....တောင်းရမ်းမပြီးမခြင်း သားငယ်အခန်းမှာပဲနေလိုက်´´
''ဟုတ်ကဲ့ပါ...ဒေါ်ဒေါ်နုယဥ်´´နွေရင်ခတ် ထိုကဲ့သို့ တစ်ခါမှတွေးမကြည့်ခဲ့မိပေ။ရွာပြန်ရောက်ရင် ကိုယ့်အိမ်မှာပြန်နေပြီး တကယ်လို့ သူကြီးတို့က အလိမ္မာသွေးရှင်ကို နှင်ချတာဖြစ်ဖြစ် မောင်းထုတ်တာဖြစ်ဖြစ်လုပ်ရင် သူ့အိမ်မှာခေါ်ထားလိုက်မည်။ရွာထဲက ဘယ်သူဘာပြောပြော ဂရုစိုက်နေမည်မဟုတ်။ယောကျာ်းဆိုတာလုပ်ရဲရင် ခံရဲရတယ်လေ။ဒါပေမဲ့ အခုကိစ္စက ထင်သလောက် လွယ်ကူမနေ။လူကြီးတွေပါ ပါဝင်ပတ်သတ်လာပြီဖြစ်သည်။တောင်းရမ်းမည်ဟု ပြောပုံထောက်ရင် နှင်းရီတို့အိမ်ကို စကားကြောင်းလှမ်းပြီးပြီထင်သည်။ဘကြီးနဲ့အရီးလေးက လက်ခံလိုက်ပုံပဲ။ထိုအကြောင်းကိုတွေးမိတော့ သူတို့နှစ်ယောက်ကိစ္စက ထင်သလောက်လည်း မျက်မုန်းကျိုးမခံရပါလားဟု တွေးကာသက်ပြင်းချလိုက်သည်။
ဘယ်သူ့မှဂရုမစိုက်ဘူးလို့ ရင်ထဲမှာအမြဲကြွေးကျော်နေပေမဲ့ သေချာသိလိုက်ရတာက အနည်းနဲ့အများတော့ ငါလည်းစိတ်ပူနေခဲ့တာပဲ။
နွေရင်ခတ် ဒေါ်ဒေါ်နုယဥ်နဲ့စကားပြောပြီး အခန်းထဲဝင်တော့မည်အလုပ် အလိမ္မာသွေးရှင်ကရောက်လာသည်။
''မေမေ...ဘာဖြစ်လို့လဲ?´´
အလိမ္မာသွေးရှင် ရင်မှာထူပူသွားရသည်။မေမေကမာနကြီးသည်။သူတို့နှစ်ယောက်ရဲ့ကိစ္စကို လွယ်လွယ်နဲ့ခွင့်လွှတ်ပေးမှာမဟုတ်ပေ။ခြေဖျားလက်ဖျားများပင်အေးစက်လာရကာ တုန်ရင်နေမိသည်။
မေမေနဲ့နွေရင်ခတ် မျက်နှာချင်းဆိုင်ရပ်နေသည်ကိုမြင်လိုက်ရတော့ ဇာတ်လမ်းတွေထဲက ယောက်ခမကချွေးမကိုအနိုင်ကျင့်သည့် ဇာတ်ဝင်ခန်းဟုထင်လိုက်မိခြင်းဖြစ်သည်။
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romanceတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...