အပိုင်း(၂၂)

245 9 7
                                    

'ဒီညနော်....မူးမနေနဲ့ဦး´´

''အေးပါ မင်းသာ အကြံအောင်အောင်အရင်လုပ်ပါ့ဦး....ငါက ရွာအနောက်သက်သင်္ချိုင်းလမ်းနားက အသင့်စောင့်နေမယ်´´

သူရထက်သောင်းကတော့ တတ်ကြွတဲ့ကြက်ဖဖြစ်နေတော့သည်။

နေမင်းကြီးကအရှေ့အရပ်မှအနောက်အရပ်သို့ကွယ်ပျောက်သွားလေပြီ။မှုန်ပြပြအလင်းရောင်က တဖြည်းဖြည်းဆုတ်ခွာသွားပြီး အမှောင်ထုတို့က ကြီးစိုးလာနေသည်။နေဝင်ရည်တရောအချိန်မို့ ကျေးငှက်လေးများအိပ်တန်းတတ်ရန် ပြင်နေကြပြီ။

နွေရာသီရဲ့ သစ်ရွက်ခြောက်တို့က လမ်းလျှောက်လေတိုင်း'တဖျောက်ဖျောက်´မည်သံပေးနေတော့သည်။ဒီအချိန်က လူပြတ်ချိန်ဖြစ်တာကြောင့် စိတ်ထဲခြောက်လှန့်လာသည်။

ယာခင်းအလယ်ခေါင်မှ ဇီးပင်ကြီးက မြင်ကွင်းထဲတစတစ တိုးဝင်လာသည်။ပထမဆုံး မြင်လိုက်ရတဲ့မြင်ကွင်းတွင် နွေရင်ခတ်က နဖူးပေါ်ဝဲကျနေသော ဆံပင်များသည် လေကြောင့် ဆောက်တည်ရာမရပြန့်ကျဲနေသောကြောင့် လက်ဖြင့်သပ်ကာဖိနေပေမဲ့ အရာထင်ပုံမပေါ်။လေတိုက်တိုင်း ထပ်ခါထပ်ခါ ရှုပ်ပွနေသည်။

ထို့နောက်အပေါ်သို့တဖြည်းဖြည်းမော့ကြည့်လာသည်။မျက်လုံးချင်းဆုံမိခိုက် အကြည့်လွှဲသွားပြန်သည်။လူကိုမြင်လိုက်တာနဲ့ ကျောက်ရုပ်လိုဖြစ်တည်သွားသော နွေရင်ခတ်ကို သူမျက်မှောက်ကြုံ့ကာကြည့်လိုက်သည်။ထူးဆန်းသည်။အမူအရာတွေက စိတ်လှုပ်ရှားနေတာကို တည်ငြိမ်ဟန်ဆောင်ထားသည်။ဘာဖြစ်နေတာများလဲ?

နေ့လယ်ကတည်းက ဖောဖောသီသီပေးလာသောအပြုံးတို့​ရယ် ရုတ်ချည်းပြောင်းလဲသွားသော အပြုအမူတွေက သူ့နှလုံးသားကို ပြန်အသက်သွင်းနေသလိုပင်။

ငါ့နှလုံးသားမှာ မုန်းတီးခြင်းစွမ်းရည်သတ္တိမရှိတာကြောင့်ဖြစ်မယ်....

ဘယ်လောက်ပဲ ကိုယ့်အပေါ် မုန်းတီးနေစေဦးတော့ သူ့နှုတ်ဖျားလေးဟလိုက်တာနဲ့ ပြုစားခံထားရသလို အလိုကျလုပ်ဆောင်ပေးဖို့နှလုံးသားက တောင်းဆိုနေပြန်ရော....

ဆေးဗူးကိုင်ထားသောလက်က တင်းကြပ်သွားပြီး နွေရင်ခတ်အနားသွားလိုက်သည်။

''အလိမ္မာရင်မှာရှိ''Where stories live. Discover now