အပိုင်း(၁၁)

311 15 1
                                    

အသံချဲ့စက်မှ သီချင်းသံနဲ့အတူ ရွာသူရွာသားများအားလုံး စုကာရုံးကာဖြင့် မင်္ဂလာဆောင်အိမ်သို့ မဏ္ဍပ်ဆောက်နေကြသည်။တစ်ရွာလုံး လယ်တောသို့မသွားပဲ ကူညီကာ ဖေးမကာဖြင့် မင်္ဂလာသတို့သားအိမ်၌ လူစုံပွဲကျနေသည်။

''🎶🎶🎶ဥမ္မာဒန္တီအဆင်းနှယ် ဝင်းပပလှသူကလေးရယ်ချစ်တော့မယ်....

ကောင်းခြင်းနဲ့ လင့်ဝတ်ငါးဖြာပြည့်ဝတယ်....

ဇဗ္ဗူဒီပါဝယ် ရှားလောက်တယ်.....

ပါရမီ ကူညီဖြည့်မယ်....

ရှေးကုသိုလ်ဖူးစာဖက်လို့ အကြောင်းဆက်သွယ်....

ချစ်တဲ့သူစိတ်မှာစွဲတယ် မခွဲတမ်းရယ်...

ရေရေလည်လည် ပြောစမ်းကွယ်....

ကြင်နာသူကလေးရယ် ရွှေမေတ္တာမိုးရွာဖြိုးမယ်...

ခင်ပျိုစိတ်ထဲဝယ် မောင့်ကိုသာစွဲမိတယ်....

ယုံပါကွယ် မခွဲရက်နိုင်ကြောင်းနဲ့ ရာသက်ပန်ပေါင်းပါ့မယ်....

နောင်ခါနောင်ရေးတွေးလို့ စိတ်ပူတယ်....

လိမ်ဉာဏ်တွေ ပိုဦးမှာလားကွယ်....

ချစ်တဲ့သူရေ...ကြိုက်တဲ့သူရေ နှစ်ပါးဂဟေကူးလို့ဆုပန်ရွယ်....

ဖူးစာကံရေးပေးလို့ တွေ့ပြန်တယ်....

ဆယ်ကမ္ဘာ မမေ့နိုင်ဘူးကွယ်....

ဘုရားဆူးကျိန်မယ်....ကျမ်းဆူးကျိန်မယ်...

ချိန်ဆကာပင်တွေးလို့ အရေးယူပါတော့မယ်....🎶🎶🎶´´

''ဟ ဖေ့သားကြီး ရုံးစမ်းကွာ´´

နွေရင်ခတ် နွားနီနွားပြာနွားတစ်ရှင်းကိုလှည်းမှာထည့်လို့ ထန်းရွက်အပြည့်ဖြင့် မင်္ဂလာဆောင်အိမ်သို့ မောင်းနှင်နေသည်။

အိမ်ဝိုင်းထဲတွင် သူသူငါငါအလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။

မဏ္ဍပ်ဆောက်သောနေရာဆီသို့ လှည်းကိုမောင်းနှင်ရင်း....

''လှည်းဘီး အခုလေးယူခဲ့ပါ့ဦး...နွားတွေက ထန်းရွက်သံ 'တချွတ်ချွတ်´ကို လန့်နေလို့´´

''အလိမ္မာရင်မှာရှိ''Where stories live. Discover now