အပိုင်း(၄)

405 17 1
                                    

သရက်ခြံက ရွာအရှေ့ဘက်ကပ်နေသည်။ခြံဘေးဘက်တွင် တစ်ရွာလုံးကအားကိုးအားထားပြုရသော ရေးတွင်းကြီးလည်းရှိသည်။နွေရာသီတွင် မနက်လေးနာရီထိုးသည်နှင့် ရေတွင်းနားတွင် လူစည်နေပေပြီ။

ရင်ခတ် သရက်ပင်အောက်တွင် ထိုင်ချလိုက်ပြီး ထန်းရေအိုးကိုမဝံ့မရဲနဲ့မော့သောက်လိုက်သည်။သူ့အတွက်ပထမဆုံးအကြိမ် ထန်းရေခါးသောက်ခြင်းမဟုတ်ပါလား?.....

မထိုင်ပဲ ရပ်လျှက်သားရှိနေသော အလိမ္မာသွေးရှင်ကိုကြည့်ကာ....

''မထိုင်ဘူးလား?´´

''မြေကြီးပေါ်မှာ ငါမထိုင်တတ်ဘူး´´

အလိမ္မာသွေးရှင် ဘဝမှာ မြေကြီးပေါ်ထိုင်ချဖို့မပြောနဲ့ သဲတစ်မှုန်မျှပင် ခြေဖဝါးကပ်သည်မရှိခဲ့။အချေကြီးတာမဟုတ်ပေမဲ့ သူ့ဘဝက ထိုအတိုင်းပင်မဟုတ်ပါလား....

''ဟာ...နွေရင်ခတ်´´

ရပ်ပြီးစဥ်းစားနေသည်ကို အတင်းဆွဲချတော့ လူက ရုတ်ချည်းဆိုသလို ​မြေပေါ်သို့ ပြိုလဲကျသွားသည်။

''မင်းရဲ့ အဲ့အကျင့်တွေမကြိုက်တာ´´

''တစ်ညလုံးမတ်တတ်ရပ်နေနိုင်မှာလဲမဟုတ်ဘဲနဲ့´´

ဘုကလန့်ချည်းခံပြောနေသော နွေရင်ခတ်ကို အကြည့်စူးစူးတစ်ချက်ပေးကာ ကိုယ်မှာပေသွားသော ဖုန်များကိုခါချနေလိုက်သည်။

''ပြဿနာကောင်´´

''ဘယ်သွားမှာလဲ?´´

''ဟိုနားကို သွားထိုင်မှာ...ထန်းရေစော်တွေမွှန်ထူနေလို့´´

''အာ.....မင်းကမိန်းကလေးလဲမဟုတ်ဘဲ ဘာလို့ဒီလောက်ဆက်ဆက်ထိမခံဖြစ်နေရတာလဲ စဥ်းစားမရဘူး´´

''စဥ်းစားမရရင် မစဥ်းစားနဲ့´´

အလိမ္မာသွေးရှင်က သူ့အနားမှ ဝါးတစ်ပြန်စာအကွာတွင်ထိုင်လိုက်သည်။ရင်ခတ်လည်း ထန်းရေကို အခုမှပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့သောက်ဖူးသည်မို့ နဲနဲလောက်သောက်ပြီးတာနဲ့ မူးရိပ်ရိပ်ဖြစ်လာသည်။

ညလေပြေအေးက တဟူးဟူးတိုက်ခတ်နေသည်ကြောင့် ထန်းရေအာနိသင်ကပိုပြီးပြလာသည်။လေတိုက်လေ ပိုမူးလေ~~~~

''အလိမ္မာရင်မှာရှိ''Where stories live. Discover now