အပိုင်း(၂၈)

265 7 8
                                    

ဝါကျင့်ကျင့်ဓာတ်ပုံလေးက တရိုတသေသိမ်းဆည်းထားမှုကြောင့် ခေါက်ရာချိုးရာအလျှင်းမရှိ။အဖေကြီးနဲ့အမေကြီးက ပြုံးနေကာ တစ်ယောက်လက်တစ်ယောက်ကိုင်ထားကြသည်။ဘယ်ဘဝက တောင်းဆုပြုခဲ့တဲ့ ရေစက်များလဲဗျာ။အသက်တွေအိုမင်းရင့်ရော်တဲ့အထိ တွဲလက်တွေမြဲခဲ့သလို ဘဝနေဝင်ချိန်မှာတောင် တစ်နှစ်ထဲရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားကြတယ်။''အဖေကြီးကတော့ ငါ့မြေးလေးအမေကြီးနဲ့ အကြားကြီးခွဲမနေနိုင်ဘူး''ဟု အမြဲတမ်း စသလိုနောက်သလို ပြောခဲ့တဲ့စကားတွေက အမှန်တရားတွေဖြစ်နေခဲ့သည်။

လက်ဆယ်ဖြာထိပ်မှာမိုးလို့ ဦးသုံးကြိမ် ဝတ်ချကန်တော့လိုက်သည်။ထိုဓာတ်ပုံရှေ့ရောက်တော့ ဘာပြောလို့ပြောရမှန်းမသိ တွေဝေစွာနဲ့ကြည့်နေမိသည်။

တောင်းပန်ပါတယ်လို့ပြောရမည်လား....ဒါမှမဟုတ် အခြားတစ်ခုခုကိုများပြောလိုက်သင့်လား?ရင်ထဲမှာ ပြည့်ညှပ်သပ်နေတဲ့စကားတွေက ပါးစပ်ကနေထွက်လာဖို့ ခက်ခဲနေသည်။မလိမ္မာခဲ့တဲ့ ကျွန်တော့်ကို စိတ်ပျက်သွားလေမလားနော်....

''ဟဲ့....နှင်းရီ...အတောင်းလာတဲ့သူတွေ အိမ်ဝိုင်းထဲဝင်လာတာနဲ့...ပန်းအိုးချင်းလဲပြီး လက်ဦးအောင်ယူနော်.....သူတို့ဘက်ကလက်မဦးစေနဲ့...ကြားလား''

''ကျုတ်ကိုစိတ်ချစမ်းပါ...ဒေါ်တင်သောင်းရယ်...ကျုတ်ကလက်သွက်ပြီးသား....''

ရွာမှာတောင်းရမ်းမင်္ဂလာပြုလျှင် သတို့သားဘက်မှ သပြေပန်းအိုးနဲ့ သတို့သမီးဘက်မှ သပြေပန်းအိုးကို သတို့သမီးအိမ်ဝိုင်းထဲသို့ခြေချမိသည်နှင့် လဲယူရသည့်ဓလေ့ရှိသည်။ထိုသို့လဲယူရာတွင်လည်း သူ့ဘက်ကိုယ့်ဘက်အပြိုင်လက်ဦးမှုရယူကြရသည်။သတို့သားဘက်က လက်ဦးမှုရခဲ့လျှင် အိမ်ထောင်ရေးသာယာချမ်းမြေ့မည်ဟုအဓိပ္ပာယ်ရပြီး သတို့သမီးဘက်က လက်ဦးမှုရခဲ့လျှင် အိမ်ထောင်ရေးမှသစ္စာတည်မြဲစေသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။

နှင်းရီလက်ထဲမှာ သပြေပန်းအိုးကိုကိုင်ရင်း အိမ်ဝိုင်းတံခါးပေါက်မှာရပ်စောင့်နေသည်။ရွာလမ်းမြှောင်မှ တရွေ့ရွေ့လာနေသော လူတန်းကြီးကိုမြင်လျှင်မြင်ချင်းပဲ သတိအနေအထားဖြင့် နေလိုက်သည်။

''အလိမ္မာရင်မှာရှိ''Where stories live. Discover now