အပိုင်း(၃၇)

470 14 13
                                    

ဝါကျင့်ကျင့် စံပယ်ပန်းအခြောက်များဖုံးလွှမ်းနေသော ထိုအရာတွေသည် ခေါက်ချိုးညီညီခေါက်ထားတာတောင်မှ မညီမညာဖြစ်စွာ တွန့်ကြေနေသည်။လှိုင်းအထပ်ထပ်သဏ္ဍာန် အားဖြင့် ဖိညှစ်ဆုပ်ချေထားဟန်တူသည်။အဘယ်အကြောင်းအရာကြောင့် ထိုသို့ပုံစံဖြစ်နေသည်တော့ အတတ်မသိ။သေချာတာကတော့ ခက်ခက်ခဲခဲနဲ့ သိမ်းဆည်းထားခဲ့ပုံရသည်။

စာရွက်အနားသားတွေက ကိုင်လိုက်သည်နှင့် ပြဲဆုတ်သွားမတတ် နွမ်းလျလျ ညစ်ထေးထေး ဖြစ်နေသည်။

စံပယ်ပန်းခြောက်များရဲ့အာနိသင်က ထိုစာရွက်များအပေါ်သို့ သက်ရောက်နေသေးသည်။ရနံ့မပြင်းတော့ပေမဲ့ မွှေးပျံ့နေမှုက နှာဖျားကိုရိုက်ခတ်လာသည်။

စာရွက်က ''သို့´´ ဆိုသော ရည်ရွယ်စကားနဲ့စထားလေသည်။

''ကိုယ် ထွက်သွားရတော့မယ်ထင်တယ်။မေမေက ကိုယ့်ကိုယ် မင်းနဲ့အဝေးမှာ နေစေချင်ပုံပဲ။ထုတ်မပြောရင်တောင် ခံစားမိနေတယ်။အမြဲတမ်း တင်းမာနေတဲ့ မိသားစုပြဿနာတွေရဲ့ တရားခံက ကိုယ့်အချစ်ကြောင့်တဲ့။ကိုယ်ဘယ်လိုလုပ်ရမလဲ နွေရင်ခတ်။မင်းရော ကိုယ့်ကိုယ် ထွက်သွားစေချင်လား?တစ်ခါတလေ စဥ်းစားမိတယ်။ကိုယ်ခံစားရသလို မင်းရောထပ်တူခံစားရသလား?ဆိုတာ....

ဒီနေ့လိုမျိုး မင်းဖျားနေချိန်မှာ ဆုပ်ကိုင်ခဲ့တဲ့လက်တစ်စုံက ငါဖြစ်ချင်တယ်။မင်းကိုယ့်ကိုယ် စောင့်နေပါ့မယ်လို့ ကတိပေးပြီပြီနော်...ဖြစ်နိုင်ရင်လေ အဲဒီကတိတွေကို တည်ပေးပါကွာ~~~မင်းဆီက ပြန်စာမရတဲ့ ကိုယ့်ခံစားချက်တွေကို ဒီနေ့ပြောခဲ့တဲ့ မင်းရဲ့ကတိစကားနဲ့ အလဲအထပ်လုပ်လိုက်မယ်။မင်းရဲ့ အဖေကြီးနဲ့အမေကြီးကလည်း ''မေတ္တာသာစစ်ရင် ပေါင်းဖက်နိုင်မှာပါတဲ့´´။အဲဒီစကားတွေကိုကြားတော့ ကိုယ်သိပ်ဝမ်းသာတာပဲ။ကိုယ်တို့အချစ်ကို နားလည်ပေးတဲ့သူတွေရှိသေးတာကို သိခွင့်ရလိုက်တယ်။

ဒီတစ်ခါဝေးကွာခြင်းတွေက မေမေကြည်ဖြူဖို့....မိသားစုငြိမ်းချမ်းဖို့...အနှောက်အယှက်တွေကင်းဖို့...နောက်ပြီး အဓိကက မင်းကိုပိုင်ဆိုင်ရဖို့....

''အလိမ္မာရင်မှာရှိ''Where stories live. Discover now