အပိုင်း(၈)

328 15 2
                                    

နှစ်ယောက်သား ဟိုယိုင်ယိုင် ဒီယိုင်ယိုင်နဲ့ လေပေါ်လမ်းလျှောက်နေသလိုပင်။မသောက်ဘူးဆိုတာကို အတင်းတိုက်တော့ ငြင်းလို့ဘယ်ကောင်းမလဲ?။အမူးသမားဆို ဝေးဝေးကရှောင်တဲ့ ကျွန်တော်က အမူးသမားဖြစ်နေတော့ အရင်က အလေအလွင့်များအား အထင်သေးခဲ့မိသည်ကို နောင်တပင်ရချင်သလိုလို....

''🎶🎶🎶လေနှင်ရာ လွင့်ရအုံးမဲ့ဘဝပါ...

တော်ရာကို သွားနေရမဲ့ဘဝပါ....

အချစ်ဆုံးရေ....မောင်နဲ့လိုက်အုံးမလား
...

မနေချင်မှန်းသိလျှက်နဲ့လည်း ခေါ်မိတယ်လေ.....

မလာချင်မှန်းသိလျှက်နဲ့လည်း မျှော်မိတယ်လေ...

အချစ်ရေ...ဒီလိုပဲလေ~~~~🎶🎶🎶🎶´´

သော်တာက အရှိန်လေးရလာတော့ အာ,ကကျယ်လာသည်။တကယ်လည်းသူတို့လေနှင်ရာလွင့်နေရတာပါ။

''ရင်ခတ် ငါတို့ လမ်းရောမှန်ရဲ့လား?မင်းကဘာလို့ ဖြောင့်ဖြောင့်မသွားတာလဲ?´´

''မင်းကသာ ယိုင်ထိုးနေတာ ငါက တမ်းတမ်းပဲ´´

အမှန်တော့ သူတို့နှစ်ယောက်လုံး တစ်ယောက်မှ လမ်းဖြောင့်ဖြောင့်မလျှောက်နိုင်ကြ။အရူးက ရူးတယ်လို့မပြောသလို အမူးသယ်ကလည်း မူးပါတယ်သလို့မဝန်ခံလိုကြ။တစ်ယောက်နဲ့တစ်ယောက် *မင်းကသာမူးတာ*ဟု လွှဲချနေကြသည်။

''ငါ သူ့ဆီသွားရအုံးမှာ´´

''ငါ သူ့ဆီသွားရအုံးမှာ´´

''ငါ သူ့ဆီသွားရအုံးမှာ´´

''ရင်ခတ် အဲဒါ ဘာသီချင်းလဲ?´´

''အမ်.....´´

နွေရင်ခတ် စဥ်းတော့စဥ်းစားတာပဲ။ဒါပေမဲ့ သီချင်းနာမည်ကဖော်မရပေ။

''မသိတော့ဘူး သီချင်းနာမည်မေ့သွားပြီ´´

မူးပြီဆို ဘယ်အရာမှ မစဥ်းစားမတွေးခေါ်နိုင်တော့ပေ။မရှိတဲ့သီချင်းခေါင်းစဥ်တောင် မေ့သွားသလိုလို.....

''ငါ သူ့ဆီသွားရအုံးမှာ´´

''ငါ သူ့ဆီသွားရအုံးမှာ´´

''ငါ သူ့ဆီသွားရအုံးမှာ´´

နှစ်ယောက်သား ခေါင်းစဥ်မရှိသော သီချင်းတစ်ပုဒ်ကို သံပြိုင်သီဆိုနေကြသည်။

''အလိမ္မာရင်မှာရှိ''Where stories live. Discover now