အပိုင်း(၁၃)

276 13 3
                                    

''လာလိုက်ခဲ့စမ်းပါ´´

''ဘယ်လဲ?´´

မင်္ဂလာ မဏ္ဍပ်ရှေ့ ဗီဒီယိုရုံမှာတော့ အလုအယက်နေရာဦးကာ ရုပ်ရှင်ကြည့်ရန် စိတ်အားထက်သန်နေကြသည်။မှောင်မှောင်မည်းမည်း ဟိုလူ့တတ်နင်း ဒီလူ့တတ်နင်းနဲ့ အသံပေါင်းစုံဆူညံနေသည်။

ကလေးငယ်များကရှေ့ဆုံးမှာ အပြုံးကိုစီနဲ့ တီဗွီကြည့်ရမှာကို မစောင့်နိုင်သည့်နှယ် မပြသေးသောဖန်သားပြင်ကို ခဏခဏခေါင်းမော့ကြည့်နေကြသည်။ပျိုပျိုအိုအို အရွယ်မရွေးကလည်းထိုနည်းတူပင်။ကြည့်ရခဲသည်ကြောင့် ထိုအခွင့်အရေးကိုလက်လွတ်မခံလိုကြပေ။ရွာထဲ မင်္ဂလာဆောင်ရှိမှသာ ကြည့်ရတာကြောင့်ဖြစ်သည်။ခေတ်မှီသောဘဝများနဲ့အတော်ပင်အလှမ်းဝေးလှသည်။ထိုဘဝတွေကရိုးရှင်းသည်ဟုဆိုရမည်။

''နွေရင်ခတ် ငါ့ကိုဘယ်ခေါ်သွားနေတာလဲ?´´

ဗီဒီယိုရုံမှာနောက်ဆုံးမှာ ကာလသားများက မတ်တပ်ရပ်၍တစ်မျိုး၊တန်းလျား၊ထိုင်ခုံများပေါ်ထိုင်၍တစ်မျိုးနေရာယူကြရသည်။အလိမ္မာသွေးရှင် ကုဋေထက်တို့ဖြင့် တန်းလျားပေါ်ထိုင်မည်ကြံခါရှိသေး ဆွဲခေါ်ခံလာရခြင်းဖြစ်သည်။

ဗီဒီရိုရုံမှ ဆူညံသံများက နောက်မှာကျန်ခဲ့ကာ တဖြည်းဖြည်းဝေးလာသည်။

''ရောက်ပြီ´´

''ဘာလဲဟ နွေရင်ခတ်..´´

သူနွေရင်ခတ်လက်ကို ဆွဲလိုက်ပေမဲ့ မဖမ်းမိခဲ့။

''အလိမ္မာ ´´

'' ရွှန်းဝေ´´

လရောင်က မှိန်ပြပြသာထွန်းလင်းနေသည်။နွေရင်ခတ်ဘာကြောင့်ဆွဲခေါ်လာသည်ကို သူသဘောပေါက်စပြုလာသည်။*ကလေးဆန်လိုက်တာကွာ´´တိုးတိုးလေးရေရွတ်ရင်း သူပြုံးလိုက်သည်။

''အလိမ္မာ ဘာပြောစရာရှိလို့လဲဟင်?´´

''ဟမ်´´

''နွေရင်ခတ်က ခုနကပြောတော့ အရေးတကြီးပြောစရာရှိတယ်ဆို´´

''သူက အဲ့လိုပဲ ပြောတာလား?´´

''အင်းလေ...ဘာဖြစ်လို့လဲ?´´

တမာပင်ရိပ်အောက်မှာ ဘေးတိုက်ထိုင်နေသော ထိုအမျိုးသမီးကို သူတစ်ချက်ခန့်မျှသာကြည့်ပြီး ကောင်းကင်သို့သာမျက်နှာမူလိုက်သည်။ပြုံးနေသောနှုတ်ခမ်းတို့ကလည်း တဖြည်းဖြည်းလျော့ရဲလာကာ မှိန်ပြသွားသည်။

''အလိမ္မာရင်မှာရှိ''Where stories live. Discover now