အပိုင်း(၂၃)

250 11 8
                                    

နွေရင်ခတ်ရဲ့အကြံက ပိုင်သည်။သူက အလိမ္မာသွေးရှင်ကို ခိုးပြေးတယ်ဟုမထင်ရအောင် လုပ်သွားခြင်းဖြစ်သည်။

''ကျုတ်တစ်သက် ကြား....မကြားဘူးပေါင်တော်...ဘယ့်နှယ့် ယောကျာ်းလေးအချင်းချင်းခိုးပြေးရတယ်လို့....နွေခေါင်ခေါင် မိုးကြိုးပစ်မှာတောင်ကြောက်ရတယ်´´

သူကြီးတို့အိမ်မှာ ခါတိုင်းနဲ့မတူ လူစုလူရုံးဖြစ်နေသည်။

သဒ္ဒါရွှန်းဝေအမေဖြစ်သူ ဒေါ်သိန်းကြည်က နှင်းရီလာပေးသောစာကို လူအားလုံးရှေ့မြှောက်ပြရင်း ရုပ်ဆိုးအကျည်းတန်စွာ ဒေါသပုံထနေလေသည်။

စာထဲတွင်ရေးထားသည်က....

ငါ နွေရင်ခတ်ကို ခိုးပြေးသွားပြီ။အားလုံးအတွက်တောင်းပန်ပါတယ်။

                                    အလိမ္မာသွေးရှင်

စာကိုပင် ကျယ်ကျယ်လောင်လောင်ဖတ်ပြကာ....

''ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ...မနေ့တစ်နေ့ကမှ စေ့စပ်ကြောင်းလှမ်းထားသူက ယောကျာ်းခိုးပြေးသတဲ့...အမလေး ငါ့မျက်နှာ ဘယ်နားသွားထားရပါ့....ငါ့သမီးလေး...သနားစရာ ငါ့သမီးလေး...အဲဒါ ....ဟိုအကောင်ကြောင့်....ယောကျာ်းချင်းမြှူဆွယ်တာနေမှာပေါ့....´´

ဒေါ်သိန်းကြည်က နစ်နာသူဆိုတော့ ပြောကောင်းကောင်းနဲ့ နွေရင်ခတ်ကိုပါ ရိပ်ခြည်စောင်းခြည်ပြောလာသည်။

နှင်းရီလည်း ပါးစပ်ပိတ်မနေနိုင်ပေ။

''ဒီမှာ ဒေါ်ဒေါ် ကျုတ်တို့ ကိုရင်မောင်က အဲ့လိုလူစားမျိုးမဟုတ်ပါဘူး။လူကြီးက လူကြီးစကားပြောပါ...အခုကိစ္စကလည်း ကိုအလိမ္မာကသာ ကိုရင်မောင့်ကိုခိုးပြေးခဲ့တာပါ...ကျုတ်တို့ကလည်းနစ်နာသူပါပဲ´´

နှင်းရီ ကိုရင်မောင့်ကိုစိတ်ဆိုးသည်ဆိုရင်တောင် ကိုယ့်အမျိုးကို ထိပါးလာရင်တော့ ခံမှာမဟုတ်ပေ။

''ဒီပုပ်ထဲကပဲ ဒီပဲတော်ရေ....အကြီးကိုပြန်ပြောနေလိုက်တာများ ကပ်ကပ်လန်လို့....´´

အခြေအတင်ဖြစ်လာသည်ကြောင့် သူကြီးက ဝင်တားလိုက်သည်။

''ကဲ ကဲ...တော်ကြတော့....ဖြစ်ပြီးသွားမှတော့ ဘာမှမ မတတ်နိုင်တာ...ဦးလေးကပဲ အားလုံးအတွက်တောင်းပန်ပါတယ်´´

''အလိမ္မာရင်မှာရှိ''Where stories live. Discover now