ဝါဆိုမိုးဦးကျလာလေပြီ။မိုးကြီးသည်းထန်စွာရွာနေသောကြောင့် လမ်းမပေါ် အသွားအလာရှင်းနေသည်။မြန်နှုန်းမြင့်အရှိန်နဲ့ကားလေးက ဖြတ်မောင်းသွားတိုင်း ရေများဘေးသို့ 'တဖြန်းဖြန်း´မြည်အောင် စင်သွားစေသည်။
နွေရင်ခတ်က တဖန်အိပ်ပျော်သွားပြန်သည်။မျက်ခုံးနှစ်ဖက်ကိုကြုံ့ထားပြီး မသက်သာကြောင်းပြနေသည်။
အငြိုးကြီးသောမိုးကြောင့် လမ်းသွယ်လမ်းကြားမကျန်ရေစီးကြောင်းများဖြစ်ပေါ်နေပြီ။အေးစိမ့်နေသောပတ်ဝန်းကျင်ကိုမထောက် နွေရင်ခတ်ခန္ဓာကိုယ်က ကျစ်ကျစ်တောက်ပူနေသည်။
''ကျွီ´´
ကားဘရိတ်ကို ရုတ်တရတ်အုပ်လိုက်တာကြောင့် တစ်ကားခုလုံး ရမ်းခါသွားသည်။
ရှေ့မှချောင်းကြီးက ကားလမ်းကိုကန့်လန့်ဖြတ်ကာ လှိုင်းလုံးများခတ်၍ စီးဆင်းနေသည်။အညာမှာတော့ ဒီလိုမျိုးအဖြစ်တွေက မိုးရွာတိုင်းဖြစ်လေ့ရှိသည်။သာမာန်နေ့ရက်တွေမှာ သဲဖြူဖြူများဖြင့်ခြောက်သွေ့နေသောချောင်းမှာ မိုးသည်းထန်စွာရွာသည်နှင့် လမ်းသွယ်လမ်းခွမှရေများကအတူဆုံစည်းကာ အင်အားကြီးမားသောရေကြောင်းလမ်းကြီးဖြစ်လာသည်။
ကားဖြင့်ဖြတ်ကူး၍မရသည်ကြောင့် အလိမ္မာသွေးရှင် လက်သီးတို့တင်းတင်းဆုပ်ကာ ငေးကြောင်နေမိသည်။သူ့ဘဝမှာ ကံကောင်းမှုဆိုတာ လက်ချိုးရေလို့ရသည်။ဒုက္ခပြီးရင်းဒုက္ခဆင့်နေတော့သည်။
ကားထဲက နွေရင်ခတ်ကိုကြည့်ရင်း ရွာကျနေသောမိုးရေတွေက သံရည်ပူများလားဟုထင်မှတ်မိသည်။မိုးမင်းကြီးကလည်း သူ့အတွက်စာနာထောက်ထားပုံမရ။ပို၍ ပို၍ အငြိုးကြီးလာသည်။
ဒီချောင်းကိုကျော်ပြီးရင် ဟိုဘက်ရွာက ဆေးခန်းကိုရောက်လိမ့်မည်။ရွာဘက်ကိုလှည့်ပြန်ဖို့ရာကမည်သို့မျှပင်မဖြစ်နိုင်။ဝေးလည်းဝေးသလို ကြားထဲမှာ ချောင်းလေးငါးချောင်းလောက်ဖြတ်ရပေမည်။
နေမကောင်းတဲ့သူကို မိုးရေအစိုခံစေတဲ့ ဒီဝါဆိုမိုးက သူ့ခံစားချက်တွေကိုကစားနေရော့သလားထင်ရသည်။
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romanceတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...