''တောက်!!!!နွေရင်ခတ်...ဒါက ဘာအချိုး ချိုးတာလဲ?´´
''မြင်တဲ့အတိုင်းပဲလေ...´´
သဒ္ဒါရွှန်းဝေ လက်ကိုကိုင်ထားသော နွေရင်ခတ်ကို အကြည့်စူးစူးပေးလိုက်သည်။နွေရင်ခတ်က မထိပြုံးနဲ့ သူ့ကိုကြည့်နေပေမဲ့ ထိုလက်ကိုတော့မလွှတ်သေးချေ....
''မောင် အဝေပြန်တော့မယ်နော်´´
''အင်း...´´
ထိုစကားဝိုင်းတွင် အလိမ္မာသွေးရှင်ကို ရှိသည်ဟုပင် သဘောမထားကာ စိုပြေနေသည်။
နွေရင်ခတ်ကအေးအေးလူလူပင် ရေတစ်ငုံတောင်သောက်လိုက်သေးသည်။ထို့နောက်မှ အကြည့်တစ်ချက်ပေးလာကာ....
''ငါ့အတွက် ဆန်ပြုတ်လာပို့တာ´´
တုံးတိဆန်သော စကားက အခုနကမြင်ကွင်းကို လုံလုံလောက်လောက်မဖြေရှင်းနိုင်ပေ။အလိမ္မာသွေးရှင် ဒေါသတို့ကိုဖိနှိပ်ထားလိုက်သည်။လက်ကိုင်ထားသေးတယ်။နွေရင်ခတ်ဘက်က လိုက်လိုက်လျောလျောကိုင်ထားတာကို ဖြေရှင်းချက်က ဒီလောက်လေးပဲလား?...
''မင်း.....´´
''ဘာလာလုပ်တာလဲ?အသားနာသွားတာလား?အသည်းနာသွားတာလား?ဟားဟားးး!!!အိမ်မှာနေရတာ တော်တော်လေး ပျော်နေမှာပေါ့...ဒါနဲ့ ဆရာလေးက သေချာရော ဂရုစိုက်ပြုစုရဲ့လား?´´
သရော်ဟန် နွေရင်ခတ်မျက်နှာက မျက်ရည်ဝဲနေရင်တောင် ခေါင်းမာနေဆဲပင်။နွေရင်ခတ်အကြည့်တွေကို သူသိသည်။ဒီအကြည့်တွေက...ဟက်!!!!
''ဘာမှ မဆိုင်တာတွေ....အချင်းချင်းကူညီရိုင်းပင်းတာကို ဘာ့ကြောင့်များသံသယစိတ်တွေထားရတာလဲ?မင်းရင်ထဲမှာ ငါ့အပေါ်ယုံကြည်စိတ်လေး ထားပေးလို့မရဘူးလား?မောင်...မင်းအပေါ် ဘယ်လိုသဘောထားလဲဆိုတာ သိနေရက်နဲ့...´´
''သိတယ်...သိလို့လည်း ငါမယုံကြည်နိုင်တာ....ယောကျာ်းလေးတွေကိုစိတ်ဝင်စားတဲ့ မင်းရဲ့စိတ်ကို ငါမယုံကြည်ရဲတာ´´
''တော်လိုက်တော့!!!...နွေရင်ခတ်´´
အလိမ္မာသွေးရှင် စားပွဲပေါ်မှာတင်ထားသော ဖန်ခွက်ကို ဒေါသတို့ရဲ့ဓစာခံအဖြစ်အသုံးပြုလိုက်သည်။အစိပ်စိပ်ကြေမွသွားသော ဖန်ကွဲစများနဲ့အတူ အေးစက်စက်ရေတို့က နှစ်ယောက်အကြား ပြန့်ကျဲကုန်သည်။
YOU ARE READING
''အလိမ္မာရင်မှာရှိ''
Romanceတောရွာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ..... ''ရပ်စမ်း...သောက်ရူးတွေရ'' ''ဘယ်ကောင်းတုန်း ငါ့ကိုအမိန့်လာပေးနေတာ'' နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုဖိရင်း အသက်ကိုအမောတကောရှူရှိုက်လိုက်သည်။ ''သိချင်လှည့်ကြည့်လေ...မရပ်ဘူးဆိုရင်တော့....ငါ့လက်သီးကလည်း အမျိုးကောင်...