part_1

811 68 9
                                    

အလံတိုင်ကို ကိုင်ပြထားရင်း လေဆိပ်ကနေစောင့်ကြိုနေပါသော်လည်း ရောက်မလာသေးတဲ့ ဧည့်သည်တော်က လမ်းပျောက်နေလေသလား ဆွန်းဂွမ်တွေးမိသည်။
တရစ်ရစ်နဲ့အောင့်အီနေတဲ့ ဗိုက်ကလည်း မနက်ကသောက်လာတဲ့နွားနို့အချဉ်ဖောက်နေပြီထင်ပါရဲ့။

"ဘာတုန်းဟ လူကုန်နေပြီ ဧည့်သည်က ပါမလာတာလား"

အိတ်ကပ်ထဲကဖုန်းကိုထုတ်လျှက် companyကိုဆက်ပြီးအကျိုးကြောင်းပြောရန်ကြံလိုက်ရင်း ဘေးဘီကိုလည်းနှံ့နှံ့စပ်စပ်ကြည့်ရှာနေမိသည်။ သူရောက်နေခဲ့တာ မနက်လေးနာရီတည်းကမို့ လူကအတော်ညောင်းနေပြီမဟုတ်လား။

"ဗျာ... လေယာဉ်နောက်ကျလို့?...ဟုတ်။ ဟုတ်ကဲ့ ကျွန်တော် စောင့်နေလိုက်ပါ့မယ်။ စိတ်ချပါ ကျွန်တော် ဘယ်မှမသွားပဲ သေသေချာချာစောင့်နေလိုက်ပါ့မယ် ဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျ"

မနက်ဖြန်လကုန်တော့မှာမလို့ ဆွန်းဂွမ် ပုံမှန်ထက်ပိုချိုသာရသည်။ ယခုလည်း နောက်လေယာဉ်နဲ့မှပါလာမယ့် ရွှေဧည့်သည်တော်ကြောင့် သူ့ကျန်းမာရေးကို အရင်‌ဖြေရှင်းခွင့်ရတော့သည်။

"ပလုံ!..ဂွက်!"

"ဟာ ဟာသွားပါပြီ...ငါ့ဖုန်း..."

ဘောင်းဘီဇစ်တောင် ဆုံးအောင်မဆွဲရသေးချိန် လက်ထဲကဖုန်းက အိမ်သာခွက်ကို ဖက်နမ်းနေလေပြီဖြစ်သည်။ အမြန်ကောက်ပြီး ရေဆေးဖို့ ဘေစင်ကိုပြေးရပြန်တော့ ဇစ်မခိုင်တဲ့ ဘောင်းဘီက ကွင်းလုံးကျွတ်ကျလာတော့၏။ အနံ့အသက်မကောင်းတဲ့ဖုန်းကိုတစ်ဖက် ကျွတ်နေတဲ့ဘောင်းဘီကိုတစ်ဖက်ဆွဲကိုင်ရင်း ကျန်းမာရေးကိုအောင့်ထားရသည်ကတစ်မျိုးမို့ သူ့မျက်နှာမှာ တစ်စက်လေးမှ ကြည်လင်မနေတော့ပါ။

ဘေစင်ရောက်မှ ဖုန်းကို ရေနဲ့အမြန်ဆေးချလိုက်ကာ ကျွတ်နေသောဘောင်းဘီကိုတော့ ဒူးနဲ့ညှပ်ထိန်းထားလိုက်တော့၏။

"ပျက်ပြီလား...အန်သွဲ့...ငါ့ဖုန်းလေး...အဲ့လိုမလုပ်ပါနဲ့ ...!.ချီး! "

ပါဝါခလုတ်အားအကြိမ်ကြိမ်နှိပ်နေပါသော်လည်း ပွင့်မလာခဲ့သော ဟန်းဖုန်းလေးက အီးမွန်းသွားခဲ့လေသည်။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now