part_5

333 51 8
                                    

အပိုင်း_၅

......

လူဂုဏ်ထန်ကြီးများမရှိသော ဆွန်းဂွမ်တို့ရပ်ကွက်လေးက အေးချမ်းလှပါသည်။ တစ်အိမ်နဲ့တစ်အိမ်တွေ့ကြရင် အပြုံးမပျက်သလို အပေါ်ထပ်အောက်ထပ်ဆိုတာလည်း တစ်မိသားစုတည်းအလား နေကြသည်။ ယခုလည်းအောက်ထပ်က လာပေးတဲ့ ခေါက်ဆွဲအေးကို ဆွန်းဂွမ်ညစာအဖြစ် စားလိုက်ပြီးနောက် မအိပ်ချင်သေးတာမို့ အပြင်မှာထွက်ထိုင်ကာ သီချင်းညီးနေတော့သည်။
သီချင်းဆုံးတော့ လက်ခုပ်ထတီးတဲ့ ဗာနွန့်ကြောင့်သူ့မှာ လန့်ဖြန့်သွားရင်း...

"အိုးမိုး..လန့်လိုက်တာ ရုတ်တရက်ကြီး...ဘယ်တည်းကရောက်နေတာလဲ"

ရင်ဘက်လေး လက်နဲ့အသာဖိကာ မျက်စောင်းထိုးလာသူအား ဗာနွန်က ကိုင်လာသော ဆိုဂျူပုလင်းများ မြှောက်ပြသည်။

"မင်းသီချင်းဆိုနေတည်းက"

"ပြောပါဦး ငါပို့တဲ့စာ မပြန်ရတဲ့အကြောင်းအရင်း...'

"အခု လူကိုယ်တိုင်လာနေပြီပဲကို"

"တူမလား စာပို့ရင် စာပြန်ရမှာပေါ့။ ပို့တဲ့လူက ပို့နေတာကို ငါကအရူးလား..."

"အဟ...အေးပါကွာ နောက်ကျ ဘယ်တော့ပို့ပို့ ပြန်ပါ့မယ်"

ထို့နောက် သူ့အနား၀င်ထိုင်တဲ့ဗာနွန်ကို ဆွန်းဂွမ်စေ့စေ့ကြည့်လိုက်သည်။

"တစ်ခုခုဖြစ်လာလို့လား"

ဘာမှပြန်မဖြေပဲ စိုက်ကြည့်နေပုံထောက်ရင် သေချာပါပြီ။

"ငါ့ကိုပြောလို့ရတယ်နော်...ငါလည်းမင်းကိုရင်ဖွင့်ဖူးတာပဲဟာ..."

"မရှိပါဘူး..."

"မင်းလေ မလိမ်တက်ဘူးသိလား။ ပြောစမ်းပါ ဘာလဲငါကအကူညီမဖြစ်လောက်ဘူးထင်လို့လား"

"မဟုတ်ပါဘူး တကယ်ဘာမှမဖြစ်တာ..."

"အဲ့တာဆို ဆိုဂျူက ဘာလို့၀ယ်လာတာလဲ"

"မင်းနဲ့သောက်ဖို့လေ"

"အကြောင်းမဲ့ကြီး မသောက်ချင်ပါဘူး ငါအရက်သမားမဟုတ်ဘူး"

"မင်းမသောက်နိုင်လို့မလား..."

"ဟေ့ရောင် ယောက်ျားပဲ သောက်နိုင်တာပေါ့ ။ မနက်ကျ အလုပ်ရှိသေးတယ် မင်းလိုရွှေဇွန်းကိုက်မွေးလာတာမဟုတ်တော့ ငါ့မှာ ရှာရဖွေရ အစောကြီးထရဦးမယ်"

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now