part_8

312 52 33
                                    

အပိုင်း_၈

.....

မတွေ့တာကြာတဲ့ ညီလေးအီချန်းနဲ့တွေ့ဖို့ ဆွန်းဂွမ် အလုပ်ကအပြန် ချိန်းထားသည့်နေရာကိုအရောက်သွားခဲ့သည်။

"ဟျောင်း...."

"အော် လာပြီလား။ "

အီချန်းသာမက တခြားသော သူငယ်ချင်းများလည်းပါလာတော့ ဆိုင်တစ်ဆိုင်မှာထိုင်လိုက်ကြကာ ဒီအတောအတွင်း ကြုံရသမျှကို အပြန်အလှန်ဖောက်သည်ချကြသည်မို့ တရွေ့ရွေ့ဖြင့်ညည့်နက်လာလေသည်။ ဆူညံနေတဲ့သူတို့စကားတွေကြား ပုံမှန်နဲ့မတူတိတ်ဆိတ်နေတဲ့ဆွန်းဂွမ်ကြောင့် ဘေးကသူငယ်ချင်းများကလည်း စိုးရိမ်တကြီး ကြည့်လာကြ၏။

"ဆွန်းဂွမ်းနား ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်နေတာလား..."

"ဟျောင်း ဘာဖြစ်လို့လဲ .."

အငယ်ဆုံးလေးအီချန်းကပါ မျက်နှာငယ်လေးန‌ဲ့မေးလာသည်မို့ဆွန်းဂွမ် မျက်ခုံးပင့်၍ အပြုံးတစ်ချက်ကို ကောက်ခါငင်ခါတပ်ဆင်ပစ်လိုက်သည်။

"ငါကဘာဖြစ်ရမှာလဲ အကုန်အေးဆေး။ မနက်ကျ အလုပ်‌သွားရမှာတွေးပြီး အခုတည်းက အာရုံနောက်သွားလို့ ဟဲဟဲ"

ရယ်ကျဲကျဲနဲ့ အရှေ့က ဘီယာခွက်ကို မြှောက်လိုက်တာကြောင့် အားလုံးခွက်ချင်းတိုက်လိုက်ကြသည်။ ထို့နောက် အသားကင်နေသော အီချန်းကိုကြည့်ရင်း မစီမဆိုင် ဗာနွန့်အား သတိရလာပြန်သည်။
ချွဲဗာနွန်ဆိုသည်က ထမင်းချက်ခိုင်းရင်တောင် ဆန်ကိုရေလုံပြုတ်ပြီးထားခဲ့တာမျိုး၊ သူ့ဟာသူတစ်ယောက်တည်းဆို ပေါင်မုန့်ကိုသာ မီးကင်ပြီး ဖြစ်သလိုစားတတ်တဲ့ လူစား။ ဆွန်းဂွမ်သာ ချက်မကျွေးရင် အသားစားဖို့ကို သတိတောင်ရမှာမဟုတ်....။ အတွေးတွေကကျယ်ပြန့်လာတော့ နှုတ်ကပါအသံထွက်မိသွားပြန်ပါသည်။

"ထမင်းရော သေချာစားရဲ့လားမသိဘူး".

"ဟွန် ဘာကြီး..."

"ဟွန်...အာ ဘာမှမဟုတ်ဘူး"

ဘေးကအီချန်းပြန်မေးမှ သူ့အတွေးတွေ အသံထွက်ကုန်မှန်းသိကာ ကမန်းကတန်း မကျတ်တကျတ်အသားများကိုယူစားလိုက်ရ‌ေတာ့သည်။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now