part_2

415 62 7
                                    

ဆေးရုံ၏အရေးပေါ်ဌာန၌စက္ကန့်မလပ်ရှုပ်ထွေးပြေးလွှားနေတဲ့လူတွေကိုကြည့်ရင်း ဗာနွန် ခေါင်းကိုက်လာမိသည်။ ထို့ကြောင့် လိုက်ကာကိုဆွဲကာပြီး သူ့အရှေ့က သတိမလည်လာသေးသော ဧည့်လမ်းညွှန်ကောင်လေးအား ကြည့်ရင်းဂရုဏာသပ်နေလိုက်တော့ ‌ဝိုင်းစက်တဲ့မျက်နှာလေးက သိသိသာသာ အရောင်ဖျော့နေလျှက်ရှိကာ နှုတ်ခမ်းဖူးဖူးလေးက သွေးရောင်ရှိမနေပဲဖြူဖျော့‌ေနတာသူ‌ေတွ့ရသည်။ တစ်ဆတ်တည်း ထိုကောင်လေးရဲ့လက်ကိုကြည့်မိတော့ မနေ့က သူ့ကြောင့် လူနင်းခံရပြီးရခဲ့တဲ့ ဒဏ်ရာလေးက သွေးစို့ကာ နီရဲလျှက်ရှိ၏။ အခုထက်ထိတိုင် ဆေးလူးထားရသေးပုံမပေါ်တာမို့ ဗာနွန်ထပြီး ဆေးကောင်တာကိုသွား၍ အရက်ပြန်နဲ့ဆေးဝါးတစ်ချို့ယူလာချိန် ကောင်လေးငယ်က နိုးနှင့်နေပြီဖြစ်၏။

"နိုးပြီလားဗျ...."

"ကျွတ်ကျွတ်!...."

ဆွန်းဂွမ်မျက်လုံးဖွင့်ဖွင့်ခြင်း အလင်းစူးတာမို့ မျက်လုံးကို လက်နဲ့ကာမိလိုက်တော့ ဗာနွန်က သူ့လက်ကို အသာဆွဲတားသည်။

"ဆေးချိတ်ထားတာ မလှုပ်လိုက်နဲ့"

ပြောပြီးတာနဲ့ သူ့အရပ်ဖြင့် မီးလုံးကိုကွယ်ထားတာမို့ ဆွန်းဂွမ်မျက်လုံးဖွင့်လို့ရသွားသည်။ သို့သော် နေမကောင်းတဲ့ ကောင်လေးက စကားပြောဖို့ပင် အားမရှိပုံပေါ်တာမို့ သူကပဲစပြီး ....

"‌သက်သာလားဗျ အစာအိမ်နာတာတဲ့ ဒီဆေးသွင်းပြီးရင်တော့ အိမ်ပြန်လို့ရပြီပြောတယ်"

ထိုအခါမှ ဆွန်းဂွမ် အားသုံးပြီး ကုန်းရုန်းထထိုင်ကာ ဗာနွန်အား အားနာသယောင်မျက်နှာလေးဖြင့် ဦးညွတ်ပြသည်။

"တောင်းပန်ပါတယ်ဗျ ကျွန်တော့ကြောင့် အလုပ်ရှုပ်သွားစေမိပြီ။ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်"

"ရပါတယ် အကျေပဲမှတ်လိုက်မယ်"

"ဗျာ..."

"အာ မမှတ်မိဘူးလား ကျွန်တော်တို့ မနေ့ကလည်း တွေ့ခဲ့သေးတယ်လေ"

"အော် ဟုတ်။ ...."

"ဆေးကုန်ရင် ကျွန်တော်ပြန်လိုက်ပို့မယ်လေ မနေ့ကကိစ္စတောင်းပန်တယ်ထားပေးပါ"

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now