part_15

342 44 16
                                    

အပိုင်း_၁၅

....

ဆွန်းဂွမ်တစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေရာ စောင်ပုံလေးထဲမြုတ်နေချိန် ပေါ်နေသောမျက်နှာ၀ိုင်း၀ိုင်းလေးက ပူတင်းလုံးလေးအလား ဖြစ်ညစ်ချင်စရာပေ။ ခဏလောက်ကြာမှ နိုးလာပြီးတော့ သူ့ဘေးက ဗာနွန့်‌ေနရာကိုစမ်းကြည့်လေရာ လူမရှိ၍ပြာပြာသလဲဖြင့် စောင်ပုံထဲက ထိုးထ‌ခိုက် သူ့ဆံပင်တွေဟာ နေရာမကျအောင်ပွယောင်းနေရှာ၏။ထို့နောက် ပတ်ပတ်လည်ကို သေချာကြည့်မှ ဗာနွန်က အိပ်ဆောင်ရဲ့ခပ်လှမ်းလှမ်းက ဆိုဖာပေါ်မှာထိုင်လျှက် နားကြပ်တပ်ကာသီချင်းရေးနေသည်အား သူတွေ့သွားသည်။

"ဗာနွန်နား...."

အိပ်တစ်၀က်နိုးတစ်၀က်မို့အသံအီအီလေးဖြင့်သူခေါ်နေသည်ကိုဗာနွန်ကလှည့်မကြည့်လာပဲ ဂီတနုတ်များကိုသာ အာရုံစိုက်နေသည်။

"ဗာနွန်....."

ထပ်ခေါ်သော်လည်း အရေးမလုပ် ၊ ညကကျ သူမဟုတ်တဲ့အတိုင်း ကိုယ့်တစ်ကိုယ်လုံးကိုရစ်ပြီးဖက်အိပ်တာများ လွှတ်ပါတော့ဆို‌တာတောင် ထွက်ပြေးသွားမှာစိုးရိမ်လို့ ဖက်ထားပါရစေတဲ့လေ။ အခုကျ..

"ချွဲဗာနွန်!!"

ဆွန်းဂွမ် စိတ်တိုတိုဖြင့် နာမည်အပြည့်စုံခေါ်ကာ ကုတင်ပေါ်က ခေါင်းအုံးနဲ့ လှမ်းပစ်ပေါက်လိုက်တော့ ဗာနွန်က အသာပဲရှောင်သွားသည်။သို့သော် အခုထိ သူ့ကိုလှည့်မကြည့်သေးပေ။

"အိုခေ..."

ဆွန်းဂွမ်ဟာ စိတ်ဆိုးသွားတာမို့ ကုတင်ပေါ်ကထကာ ဗာနွန်ထိုင်နေသော ဆိုဖာကိုကျော်၍ အခန်းထဲကထွက်မယ်ပြင်တော့ ထိုအခါမှ ဗာနွန်က သူ့အားလှမ်းဆွဲချလိုက်သဖြင့် ဆွန်းဂွမ်ကိုယ်လေးကဆွေ့ကနဲဖြင့် ဗာနွန့်ပေါင်ပေါ် ဖင်ထိုင်လျှက်ပြုတ်ကျ‌သွားသည်။ လျှပ်တပြတ်မို့ ထိုပံုစံ‌ေလးအတိုင်း သူအူလည်လည်ဖြစ်နေခိုက် ဗာနွန်က သူ့ပါးကို ရွှတ်ကနဲလာနမ်း‌ပြန်သည်။

"ကိုယ် ဒါလေးအပြီးသတ်ဖို့လိုလို့ booခဏစောင့်ပေးမလား။ ပြီးရင် booစိတ်တိုင်းကျ ဆော့ပေးမယ် နော်..."

"အွန်း..."

စောစောတည်းကအဲ့လိုပြေပြေလည်လည်ပြောရင် ကိုယ်က ဇွတ်တရွတ်လုပ်ပါဦးမလား၊ အခုတော့ ကိုယ်ပဲလူဆိုးဖြစ်ရတယ် ချွဲအိမ်တော်ရဲ့သား လုပ်ပုံ။
ဆွန်းဂွမ်သည် ဗာနွန့်ရင်ခွင်ထဲကနေ၍ ဗာနွန်ရေးနေသော ဂိတနုတ်တွေကို လက်ကလေး‌ေထာက်၍လိုက်ဖတ်ကြည့်နေသည်။ ထို့နောက် သံစဉ်အတိုင်း ခပ်တိုးတိုးလေး ညီးဆိုမိတော့ ဗာနွန်ကသ‌ေဘာကျသွားကာ နှုတ်ခမ်းထောင့်များ ကွေးတက်လာ၏။ဒါ‌ေကြာင့် အနူးညံ့ဆုံးအသံဖြင့် ဆွန်းဂွမ်အား သူပြောလိုက်သည်က...

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now