part_3

398 55 26
                                    

"မင်းလုပ်ကိုလုပ်ရမယ်ဆွန်းဂွမ်!.... ဖွားအတွက် သေချာပေါက် လုပ်ကိုလုပ်ရမယ်"

မှန်ထဲက သူ့ပုံရိပ်သူကြည့်ရင်း လက်သီးဆုတ်၍အားပေးနေမိသည်။နောက်ခံအသိုင်းဝိုင်းမရှိတဲ့သူ့အတွက် အလုပ်ရှာဖို့ရာခက်ခဲလှသည်။ အီချန်းပြောပေးလို့ မတက်တခေါက်ပညာရေးလေးနဲ့ ခရီးသွားဂိုက်ဆိုတဲ့အလုပ်လေးသူရခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူဟာ အလုပ်လက်မဲ့တစ်ဦးသာဖြစ်၏။

ငှက်မွှေးနဲ့အလှဆင်ထားတဲ့ မျက်နှာဖုံးကိုတပ်ဆင်လိုက်ကာ အီချန်းဆီကငှားလာခဲ့သော ဂီတာကို တရိုတသေကောက်ကိုင်လိုက်သည်။ ထို့နောက် လူသူများတဲ့လမ်းမနေရာတစ်ခုသို့......။

........

ဗာနွန်တစ်ယောက် ဆော့မင်၏ companyနှင့် တေးရေးစာချုပ်ချုပ်ဆိုခဲ့သည်။ ဆော့မင်ကျေးဇူးအများကြီးပါတယ်ဆိုပေမယ့် သူကိုယ်တိုင်က အရည်အချင်းပြည့်မီတာမို့ ဒီအလုပ်နဲ့ပက်သက်ပြီး သူယုံကြည်ချက်ပြင်းထန်ပါသည်။

"ဗာနွန်နား ပြန်တော့မလို့လား။ ဟျောင်းနဲ့ တော့ပိုကီသွားစားကြရအောင်လေ"

"စားမယ်လေ "

အစားအသောက်ဆို ဗာနွန်နှစ်ခါမစဉ်းစားပါ။ အကိုဆော့မင်ခေါ်ရာနောက်သာ ခပ်ကြွကြွလေး လိုက်လာခဲ့လိုက်၏။

"ဒါနဲ့ဟျောင်း ဒီလိုထွက်လာလို့ရလို့လား။"

"မက်စ်တပ်ပြီးသွားရင် မမှတ်မိလောက်ပါဘူး ပြီးတော့ညဆိုတော့ ဂင်ချားနား...‌မန်နေဂျာဟျောင်းလည်းပါနေတာပဲ"

ဆော့မင်ပြောတော့ မန်နေဂျာဘယ်မှာလဲ ဗာနွန်လိုက်ရှာမိသည်။ ပြီးမှ လမ်းရဲ့တစ်ဖက်ကနေ ခိုးချောင်ခိုးဝှက်လိုက်လာတဲ့ ဆော့မင်မန်နေဂျာကိုကြည့်ပြီး သူဟက်ကနဲရယ်မိရ၏။
ညဈေးကိုရောက်တော့ ‌‌အကိုနဲ့အတူ လမ်းဘေးစာများစားဖြစ်သည်။ အကိုလည်းကြိုက်တာစား‌ေနသလို သူဟာလည်းအကိုစားသမျှ လိုက်နှိုက်စားသည်။

"ဗာနွန်ရား အသစ်ထပ်၀ယ်စားပါဆို"

ဆော့မင်ဟျောင်းက နှုတ်ခမ်းလေးဆူကာ သူ့မုန့်နှိုက်စားလို့ စိတ်ဆိုးပြသဖြင့် ဗာနွန်ကရယ်ကာ လက်ခါပြသည်။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now