ထိုလူသားကြောင့်part 2

3.8K 56 0
                                        

သူမ ဒီရေ ဆီကထွက်လာတော့ taxiမြန်မြန်ငှားပြီးပြန်ရသည် သူမ သတ္တိရှိချင်​ယောင်ဆောင်ခဲ့ပေမဲ့သူမ taxiပေါ်ရောက်တော့ လူပင်ပျော့ခွေသွားသည် ကြောက်တဲ့ကြားကပင် ပါးရိုက်ဖြစ်အောင်ရိုက်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ပင် အံံ့ဩမိသည် သူမ ပုဂံကိုအရင်သွားပြီး သူမ ခရီးဆောင်အိတ်ယူကာ ရန်ကုန်ကိုပင်ပြန်ခဲ့သည်

"စမ်းရေ ရယ် နင်မို့ မကြောက်မလန့်"
"ကြောက်တာတော့ကြောက်တာပေါ့"
"နင်ကြောက်ရင် ဘာလို့ ပါးသွားရိုက်လဲ"

သူမ သူငယ်ချင်း နှိုင်းနဲ့ ဂျူလီ က သူမကိုပြောနေသည်

"ငါစိတ်တိုသွားတာလေဟာ နင်တို့ပဲ စဥ်းစားကြည့် သူ့အားကြီးနဲ့ မညှာမတာရိုက်တာလဲ ခံရတယ် ငါ့ခရီးစဥ်လဲ ပျက်သွားတယ် ငါလဲ ဒေါသထွက်တာပေါ့ စိတ်ကလဲ တိုတိုနဲ့ရိုက်ချလိုက်တာ"
"တော်သေးတယ် ဟိုက နင့်ကို တက်လုပ်မသွားတာ"
"နှိုင်း နင်ဘာပြောတာလဲ"
"မဟုဘူးလေ ငါပြောတာက ဟိုဟာ နင့်ကို ဖမ်းပြီး ထပ်နှိပ်စက်တာကိုပြောတာ"
"ကောင်မ နော်"
သူမ နှိုင်းကို မျက်စောင်းထိုးလိုက်သည်
သူမ ကြောက်ပေမဲ့လည်း အခုသူမ အေးချမ်းနေတယ်လေ ဘာမှမဖြစ်ဘူး မနက်ဖြန် သူမ အလုပ်ပြန်လုပ်ရတော့မယ်
........................................................................
သူမ အလုပ်ပြန်လာတဲ့ နေမှာပင် ရှယ်ယာရှင် အစည်းအဝေးတဲ့ သူမ စိတ်ပျက်သွားသည် သူမက မန်နေဂျာဆိုတော့ ပိုအလုပ်ရှုပ်မည် အရင်က ရှယ်ယာရှင်တွေက တခြားဟိုတယ်တွေမှာ တည်းကျပေမဲ့ ဒီတစ်ခါတော့ ဒီမှာတည်းမယ်ဆိုတော့ သူမ ပိုပင်အလုပ်ရှုပ်ရသည် သူမ မှာ အခန်းတွေလိုက်စစ်ရသည် ဘာတွေလိုသည်လဲ လိုက်ကြည့်ရသည် စာရွက်စာတမ်းကြည့်ရသည်
အစည်းအဝေးအတွက်ပြင်ဆင်ရသည် အစားအသောက်ကိုလဲ လိုလေစိတ် မရှိအောင် ပြင်ဆင်ရသည် သူမ တော်တော်ပင်ပန်းနေပါပြီ သူမ ဟိုတယ် နားနေခန်းမှာ ခနအနားယူနေတုန်း ကောင်မလေးတစ်ယောက် ရောက်လာသည်

"မမ"
သူမ ကဘာလဲ ဆိုတဲ့အမူအရာနဲ့ကြည့်တော့
"အခန်း***က မန်နေဂျာကို တွေ့ချင်လို့ပါတဲ့"
"ဟူးး လာပြန်ပြီ"
ကောင်မလေးက သူ့အရိပ်အကဲ ကြည့်နေပုံပင် သူမလဲ

"အေးအေး ငါသွားလိုက်မယ်"
ကောင်မလေးလဲ ထွက်သွားတယ် သူမလဲ သန့်စင်ခန်း ထဲမြန်မြန်သွားပြီး ဆံပင်ကို သေချာစီး လိုက်တယ် သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ပြီး သူမ သွက်သွက်လေး သွားလိုက်တယ် သူမ လှေကားပေါ်ရောက်တော့

ထိုလူသားကြောင့် s(1)Where stories live. Discover now