ထိုလူသားကြောင့် part 7

3K 52 0
                                        

"ဟယ် ချစ်စရာလေး"
ဂျူလီက ထိုသို့ပြောပြီး ခလေးပါးကိုကိုင်မယ်လုပ်တော့ နှိုင်းက လက်ကိုရိုက်ထုတ်လိုက်သည်
"နှိုင်း"
"ဘာနှိုင်းလဲ ဆရာဝန်ပြောသွားတာမကြားဘူးလား"
"ငါက ပါးလေး ကိုင်ရုံလေးပါ"
"ခလေး လက်ပူမိတယ်"
"နင်က အဖွားရီး ကျနေတာပဲ"
နှိုင်း ဂျူလီကို မျက်စောင်းထိုးလိုက်သည်
"နင်တို့ တော်တော့ ခလေးက အိပ်နေတာ"
စမ်းရေပြောမှ တိတ်သွားတယ် ထိုအချိန်
"မမလေး"
ကြီးကြီးမေခက သူ့ကိုခေါ်လိုက််ကာ
"သခင်လေး ရောက်လာပြီတဲ့"
ဒီရေ ဝင်လာသည် ဒီရေ သူမကိုကြည့်လိုက်တော့ မျက်နှာလေးက နွမ်းနေသေးသည် သူ မနက်လေယာဥ်နဲ့ ချက်ချင်းပင် ပြန်လာခဲ့သည်
သူ သူမနားကို ကပ်သွားတော့ ကျန်တဲ့သူတွေ အလျှိုလျှို ထွက်သွားသည် သူ သူ့ရင်သွေးလေးကိုကြည့်တော့ နီနီရဲရဲလေး။ သူကိုယ်တိုင်ပင် မသိပဲ ပြုံးလိုက်တယ် သူမ ကိုကြည့်တော့ သူ့ကိုကြည့်ပြီးပြုံးပြလိုက်ကာ
"ခလေးက စောနကအိပ်သွားတယ်"
"အင်းအင်း"
သူ့အမေ ရင်ခွင်ထဲမှာ လှဲ နေတဲ့ထိုခလေးကိုကြည့်ရင်း ဒီရေ အမောပင် ပြေသွားသလိုခံစားရသည် စမ်းရေ ဆေးရုံက စောစောဆင်းချင်ပေမဲ့ ဒီရေ ကစိတ်မချရတာမို့ နှစ်ရက်လောက်ထပ်နေခိုင်းသည် သူလဲ အလုပ်တွေမအားတဲ့ကြားကပင် သူ့သားကိုတွေ့ဖြစ်အောင်လာတွေ့သည်

သူမ ဆေးရုံက ဆင်းမဲ့ရက်ရောက်လာသည် သူမလဲ ဝကစ်နေတဲ့ မျက်နှာလေးက နည်းနည်းတော့ချောင်လာသည် သူမ အရင်ကထက်တော့စားလာတယ် အစားလျှော့ ဖို့လဲမတွေးမိ သူ့သားလေး အားရှိနေဖို့ သူလဲ အားရှိဖို့ လိုသည်
သူမ အခုသားလေးကို ရင်ခွင်ထဲထည့်ပြီး အိပ်ဖို့လုပ်လိုက်သည် ထိုအချိန် အခန်းတံခါးပွင့်လာတယ် သူမ ကြီးမေခပဲ ထင်လို့ ထ မကြည့်တော့
ဒီရေ အခုမှ အလုပ်တွေပြီးလို့ အိမ်ကိုရောက်တယ် သူ့သားမျက်နှာလေး မြင်ချင်လို့ သူမ ရှိတဲ့အခန်းထဲဝင်လာလိုက်သည် သူမနဲ့ ခလေးက အိပ်ပျော်နေပြီ သူ့သားလေးက အခုဆို ၁ လပြည့်တော့မယ် သူ သူ့သားလေးပါးကို ဖွဖွလေးနမ်းလိုက်တယ် သူပြုံးလိုက်တယ် သူမကိုကြည့်တော့ အိပ်ပျော်နေပြီပဲ 'သားမိ နှစ်ယောက်လုံးစိတ်ချလက်ချအိပ်နေတာပဲ' သူ ပြန်ထွက်လာလိုက််သည် သူအလုပ်ကို အရမ်းလုပ်နေလို့မဖြစ်တော့ သူ့မှာ သူသိပ်ချစ်ရတဲ့သားလေး ရှိနေပြီ သူ့သားလေးကို သူအချိန်ပေးရမည်
စမ်းရေ နိုးလာတယ် သူမပြုံးလိုက်တယ်
"မေမေ့သားက သိပ်ချစ်တတ်တဲ့အဖေကိုပိုင်ထားတာပဲ"
သူမ တိုးတိုးလေးပြောလိုက်တော့ သူ့သားလေးက အိပ်နေရင်း ပြုံးလိုက်တယ် သူမ သူ့သားလေးကိုဖက်ပြီးပြုံးလိုက်သည်
နောက်နေ့ သူမ ခလေးနဲ့ဆိုတော့ အပြင်သိပ်မထွက်ဖြစ် နှိုင်းနဲ့ဂျူလီ လဲ သူမဆီတစ်ခါတစ်လေ အလည်လာသည် နှိုင်းနဲ့ဂျူလီ ကတော့ ခလေးကိုတစ်ယောက်တစ်လှည့်လုနေကြသည် ခလေးက ဂျူလီလက်ထဲရောက်တော့ ခလေးက ငိုပါလေရော
"ဂျူလီ ဖယ် နင်မချီနဲ့ ခလေးငိုတယ်"
ဂျူလီ မျက်နှာမဲ့လိုက်သည် နှိုင်းက ချီလိုက်တော့ နှိုင်းလက်ထဲမှာ ခလေးက ပြုံးနေတယ်
"ဟွန့်"
ဂျူလီ မကျေမနပ်အမူအရာလုပ်ပြတယ် နှိုင်းက ပြောင်ပြလိုက်သည် သူမကတော့ ကုတင်ပေါ်ကနေ ပြုံးပြုံးလေးကြည့်နေလိုက်သည်
သူမ သားလေး အခုဆို တစ်နှစ်ပြည့်လာပြီ
"သားသားရေ"
သူမ ပုခက်ထဲက သူ့သားလေးကိုမြှူနေတယ်
"ဟိ ..ဟိ"
ခလေးလေးက ပုခက်ထဲကနေ သူမကိုကြည့်ရင်းရီနေတယ်
"ပါး..ပါး"
"ဟမ် ..မားလေ သားရဲ့"
"ပါး.."
ခလေးလေးက လက်လေးကမ်းလျက် သူ့ကိုခေါ်ဖို့ အမူအရာပြနေတယ်
"မင်း ဖယ်"
ဒီရေ နောက်ကနေပြောလိုက်သည်
သူမသိသွားပါပြီ သူ့အဖေတွေ့လို့ ခေါ်နေတာကို။
သူမ ဖယ်ပေးလိုက်တယ်
ဒီရေ ခလေးကိုကောက်ချီလိုက်တော့
"ပါး.."
"ဖေဖေ့သားက ဖေဖေ ကိုလွမ်းနေတာလား"
"ဟိ..ဟိ"
သူတို့ သားအဖကိုကြည့်ရင်း သူမ ပြုံးလိုက်သည်သူမ ရုတ်တရက် မျက်နှာညှိုးသွားသည် ဒီရေ သတိထားမိလိုက်တယ်
"မင်း ဘာဖြစ်လို့လဲ"
"ဟမ်..ဘာမှဖြစ်ပါဘူး"
ခလေးက ဒီရေဆီကနေ သူမဆီကိုလမ်းကမ်းလာတယ် သူမပြုံးလိုက်ကာ ခလေးကိုချီမယ်လုပ်တော့ သူက ခလေးကိုမပေးပေ။
"ဒီရေလှိုင်း"
"ဘာလဲ"
"ခလေးပေးလေ"
သူမျက်နှာမဲ့ပြီး သူမကိုပေးလိုက်သည်
"မေမေသားလေး အာဘွားပေးပါအုံး"
"အာ..ဝါးး"
သူမပါးလေးကို မထိတထိပေးလာသည့် သူမရဲ့ချစ်သားလေး
"မေမေကလဲ ပေးမယ်နော်"
သူမ ခလေးလေးကို အာဘွားပေးလိုက်သည် သူတို့က မသိရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခုလိုပင်
............................................................................
"နေရောင်ရေ....သားရေ"
သူမ သားလေးကို လိုက်ရှာနေသည် သူမနဲ့ တူတူပုန်းတမ်းကစားနေတဲ့ သူမသားကိုရှာနေတယ်
"မေမေသားလေးက ဘယ်မှာပါလိမ့်"
"ဟိ..ဟိ"
လိုက်ကာနားလေးက ရိသံလေးကိုကြားလိုက်တော့ သူမ က မသိချင်ယောင်ဆောင်လိုက်ကာ သူမ လိုက်ကာနားကို ဖြေးဖြေးချင်းသွားပြီး
"ဝါးးး"
"ဟိဟိ မားမား"
"ရှင့် မားမားကိုချစ်လား"
"ချစ်ရယ်"
"မေမေ သားလေးက တော်လိုက်တာ"
ဒီရေ cctvကိုကြည့်နေသည် အပြုံးတွေရွှန်းလဲ့နေတဲ့ သားအမိနှစ်​ယောက် သားလေးက တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီ အခုဆို တစ်နှစ်ခွဲလောက်ရှိပြီ သူမလဲ လေ့ကျင့်ခန်းလုပ်ရင်း တဖြည်းဖြည်းပြန်ပိန်လာသည် မွေးပြီးခါစ ပုံစံနဲ့မတူတော့ဘူး
သူမ အခုဆို ညဘက်တွေ အိပ်မပျော်တော့ပေ။သူမ မကြာခင် အိမ်ကထွက်သွားတော့မယ်အချိန်ရောက်တော့ သူမသားလေးကို ကြည့်ရင်း မျက်ရည်ကျမိသည် သူမ ငိုရင်းရေဆာလာလို့ရေသောက်ဖို့ မီးဖိုချောင်ထဲသွားတော့ ဒီရေ အလုပ်က ပြန်လာချိန်နဲ့တိုးတော့
"မင်း ရေဆာလို့လား"
"အင်း"
ဒီရေ သူမကိုစိုက်ကြည့်နေတယ်
"မင်း ငိုထားတာလား"
"မဟုပါဘူး"
ဒီရေ သူမဆီ တိုးလာကာ
"မင်း ဘာလို့ ငိုတာလဲ"
"ဘာမှမဖြစ်ပါဘူး"
သူမ မျက်နှာကိုဘေးဘက်လွှဲလိုက်သည်
သူ သူမမျက်နှာကိုဆွဲယူပြီး
"မင်း မလိမ်နဲ့ စမ်းရေကြည့်"
"ကျမ ဘယ်တော့ ထွက်သွားရမလဲ"
ဒီရေ သိသွားပါပြီ သူမ သူ့သားနဲ့ ခွဲရမှာစိုးလို့ ငိုနေတာပဲ
"မင်း သွားစရာမလိုတော့ဘူး"
"ဘယ်လို"
"ဟုတယ် သားက မင်းကိုခင်တွယ်နေတယ် မိခင်အရင်းကလွဲပြီး ဘယ်သူမှ မိခင်မေတ္တာမပေးနိုင်ဘူးလို့ငါထင်တယ် အဲ့တော့ မင်း အိမ်မှာ နေပြီး ခလေးကိုစောင့်ရှောက်ပါ"
"ကျမ အလုပ်လုပ်ချင်တယ်"
"ဘာအတွက်လဲ"
"ကျမ ဘဝ အတွက်လေ"
"ငါမင်းကိုကျွေးထားနိုင်ပါတယ်"
"ဒါပေမဲ့ ကျမက တစ်သက်လုံးနေမှာမှ မဟုတာ"
"မင်းပြောတာမှန်တယ် မင်းဘာလုပ်ချင်လဲ"
"ကျမကို သူဋ္ဌေးက ပြန်ခေါ်နေတယ်"
"ကောင်းပြီ မင်း မိခင်တာဝန်တော့ မလစ်ဟင်းစေနဲ့"
"စိတ်ချပါ ကျမ အချိန်ညှိတတ်ပါတယ်"
ဒီရေ ထွက်သွားမယ်လုပ်တော့
"ကျေးဇူးတင်ပါတယ်"
ဒီရေ ရုတ်တရက် သူမဆီလျှောက်လာပြီးတော့ သူမလက်ကိုဆွဲပြီး
"အွန့်"
"ဒီရေ...."
သူမကိုစကားပြောခွင့်မပေး နမ်းရှိုက်လိုက်သည့ သူမ သူ့ကိုတွန်းဖယ်ပြီး
"ရှင် ဘာလုပ်တာလဲ"
"sorry ငါစိတ်မထိန်းနိုင်လို့"
သူမ မျက်လုံးပြူးသွားသည် ဒီလူက စိတ်မထိန်းနိုင်ဘူးဆိုတာနဲ့ အဲ့လိုလုပ်မှာလား ဒီနားကြာကြာနေရင် မဟန်တော့ဘူးဆိုတာသိတော့ စမ်းရေ လစ်ထွက်ဖို့ကြံလိုက်သည်
"ကျမ သွားတော့မယ်"
သူမ ပြာပြာသလဲ ထွက်သွားသည်
ဒီရေ သူ့စိတ်ကိုသူထိန်းမရ သူမရှေ့ရောက်ရင် စိတ်ရိုင်းတွေဝင်လာသည်
စမ်းရေကြည်ကတော့ သူ့ရင်ကို မခုန်မိအောင် ထိန်းနေရသည်' စမ်းရေ နင်ထိန်းစမ်း သူ့ကို နင်ရင်ခုန်လို့မရဘူး' သူမ ဘယ်လိုလုပ် ထိုလူကို ရင်ခုန်သွားလဲမသိဘူး သူမ သက်ပြင်းရှည်ကြီး ချပြီး ဝင်လှဲလိုက်သည်
"မားမား"
သူမသားတစ်ဖြေးဖြေးနဲ့စကားတွေပီလာပါပြီ သူမကိုလဲ ချွဲတတ်လာပြီး
"မံမံ"
"အော် မေမေသား မံမံ ဆာလို့လား"
ခလေးလေးက ခေါင်းငြိမ့်ပြလိုက်သည် သူမလဲ ခလေးကိုချီပြီး ထမင်းစားခန်းထဲလာလိုက်သည် ခလေးက ထမင်းစားခန်းထဲမှာ သူ့အဖေကိုမြင်တော့ သူမဆီက လျှောဆင်းပြီး သူ့အဖေဆီပြေးသွားတယ်
"ပါးပါး မံမံ"
သူ့အဖေ ဆီကနေ ထမင်းတောင်းနေသည်သူမလဲ ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်သည်
"သားလေး ငါးနှစ်ပြည့်ရင် မူကြိုထားမလို့ မင်းအကြံပေးချင်တဲ့မူကြိုရှိလား"
"ရှင်ရွေးပြီးသားမလား"
သူမ သိပါတယ် သူ့သားအတွက် သူ့မှာကြိုတင်ပြင်ဆင်မှုတွေများရီးရှိနေတယ်
"အင်း မင်းများ အကြံပေးချင်တာရှိလာလို့"
"မရှိပါဘူး သားမူကြိုတက်ရင် ကျမလဲ အလုပ်လုပ်တော့မယ်"
"အင်း"
ထမင်းဝိုင်းက တိတ်ဆိတ်သွားပြီ
ဒီရေ သူမကိုကြည့်လိုက်သည် ကော်ဖီနဲ့မုန့်ကို အားရပါးရ နှစ်စားနေတယ် သူမ နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ချိန် သူရေဆာသလိုဖြစ်လာလို့ ဘေးကရေကိုယူသောက်လိုက်ရသည် သူဘာဖြစ်နေတာလဲ သူပင် မသိတော့။
ဒီရေ အလုပ်ကိုထထွက်သွားတယ်။အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာသည် သူမ နဲ့သူကတော့ ခလေးကိစ္စက လွဲရင် ကျန်တာ စကားမပြောဖြစ်ကြပါ သူစိတ်မထိန်းလို့ စမ်းရေ ကို နမ်းတာကတော့ ခနခနပင် စမ်းရေလဲ သူ့နားသိပ်မကပ်ရဲတော့ပေ။

ဘာလိုလိုနဲ့ ခလေးတောင်အသက်ငါးနှစ်ပြည့်တော့မယ် စမ်းရေလဲ အလုပ်အတွက် စ ပြင်ဆင်နေသည် ဒီရေလဲ အိမ်ကို စောနိုင်သလောက်ပြန်လာနေပြီ သူ့မှာ သူရဲ့ အမောပြေသားလေးရှိနေတော့ သူ့ဘဝ ပိုပြီး သာယာလာသည် သူမ အပြုံးတွေကလဲ တဖြည်းဖြည်းတောက်ပလာသည် ဒီရေ ထိုင်ခုန်မှာ စီးကရက်ဖွာနေတုန်း cctvကြည့်လိုက်တော့ သူမ သူငယ်ချင်းတွေဧည့်ခန်းမှာ စကားပြောရင်းပျော်နေသည်
"စမ်းရေ"
"ဘာတုန်း"
"ငါတို့တွေ ktv သွားမို့ လိုက်ခဲ့ပါ့လား"
"ဟာ မလိုက်ချင်ပါဘူး"
"လိုက်ခဲ့ပါဟာ နှိုင်းက နင့်ကိုလိုက်စေချင်တာဟ"
"ဂျူလီမ ေနာ် ငါ့ကိုဆွဲမထည့်နဲ့ နင်သွားချင်တာ ငါသွားချင်တာမဟုဘူး"
"အေးပါဟာ နင်ကလဲ စိတ်ချည်းပဲ"
ဂျူလီ စမ်းရေကိုအသနားခံတဲ့ မျက်လုံးလေးနဲ့ ကြည့်လိုက်သည်
"ဟူးး အေးအေး လိုက်ခဲ့မယ်"
ဂျူလီ ပျော်သွားပြီး
"ငါ့သူငယ်ချင်းလေးက ချစ်ဖို့ကောင်းလိုက်တာ လာပါအုံး အာဘွားပေးချင်လို့"
သူမ ကိုအတင်းနမ်းဖို့လုပ်နေသည်
"ဂျူလီ မလုပ်နဲ့"
"နင်ကလဲ အာဘွားပေးတာကို ကပ်စေးနှဲမပါနဲ့"

ဒီရေ ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်
အခုတစ်လော ဘာဖြစ်နေမှန်းကို မသိဘူး ခေါင်းထဲလဲ စမ်းရေကြည်အကြောင်းပဲတွေးနေမိတယ် အမြဲတမ်း စမ်းရေကြည်နဲ့သားလေးဆော့နေတာကိုပဲ ကြည့်နေမိတယ် တနေ့တနေ့ သူမကိုပိုလိုအပ်လာသည် သူ ဆိုဖာပေါ်ခေါင်းမှီပြီး
"မင်းက ဘာလဲစမ်းရေကြည် ငါ့စိတ်ထဲ ဘာလို့အဲ့လောက်နေရာယူချင်နေတာလဲ"

ထိုလူသားကြောင့် s(1)Where stories live. Discover now