ထိုလူသားကြောင့်(part -22)

2.2K 37 0
                                        

  သက္ကရာဇ် အခု သူ့စံအိမ်မှာ အေးဆေး အနားယူနေတယ် သူ တစ်ကယ်ကို စိတ်ပင်ပန်းရပါတယ် သူမ ကို အိမ်ထပ် ခေါ်ထားရအုံးမယ် စိတ်ညစ်ညစ်နဲ့ စားပွဲပေါ်တင်ထားတဲ့ ဝိုင်ကိုပုလင်းလိုက် မော့လိုက်တယ် သူမ နိုးလာပြီလို့တော့ ကြားတယ် နောက်နှစ်ရက်နေရင် ဆေးရုံဆင်းမယ်တဲ့
"ဟူးးးး"
  သက်ပြင်းအရှည်ကြီးချလိုက်တယ်
"တော်တော်ကို ထိန်းရခက်မဲ့ မိန်းမပဲ"
.............................................................................
နှိုင်း အဲ့နေရာကိုပဲ ထပ်ပြီး ခြေ ချ နေရတာပဲ သူမ ကို ပိတ်လှောင်ထားမယ့်နေရာလို့ ခံစားနေရတယ်
သူမ အိမ်ထဲရောက်တော့ သက္ကရာဇ် ကိုလိုက်ရှာမိတယ်
"ခင်ဗျား ဘာရှာနေတာလဲ"
"မင်းကို"
"ဘာကိစ္စလဲ လက်စားချေမို့လား"
"မဟုပါဘူး ကျေးဇူးတင်ကြောင်းပြောမလို့"
သက္ကရာဇ် မျက်ခုံးပင့်သွားတယ်
"ဘာကို"
"မင်းက ငါ့ကို စောင့်ရှောက်ရမှာမလား"
"အဲ့လို သဘောပဲ"
"ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး ဒါနဲ့ ခင်ဗျားလို မိန်းခလေးတစ်ယောက်မှာ ဘယ်လိုရန်သူမျိုးရှိနေတာလဲ"
    သူမ နှုတ်ခမ်း တစ်ချက်မဲ့ပြုံးရင်း
"ဘယ်သိမလဲ"
"ကိုယ့် မှာရန်သူရှိမှန်းမသိဘူးလား"
"ကိုယ့်ကို အသက်အန္တရာယ်ပေးလောက်တဲ့အထိ မုန်းတဲ့သူမျိုး ရှိမှန်းတောင် မသိခဲ့ဘူး ငါဘယ်သူကိုမှ ဘာမှမကျူးလွန်ဖူးဘူး"
"အော်"
   သူမ တို့ဘာမှဆက်မပြောဖြစ်တော့ သူမလဲ သူမ နေနေကျ အပေါ်ထပ်အခန်းကိုပဲ တက်သွားလိုက်တယ် သက္ကရာဇ် သူမကို လိုက်ကြည့်နေမိတယ်
............................................................................
စမ်းရေ သူမ မျက်နှာကို နေရောင်ထိုးလို့ မျက်နှာရှုံ့မဲ့ပြီး နိုးလာတယ် သူမ ဘေးကိုကြည့်လိုက်တော့ ဒီရေ မနိုးသေးပေ။သူမ သူ့ရင်ခွင်ထဲက ထွက်ဖို့ ပြင်တော့
"ခနလောက် ငြိမ်ငြိမ်လေးနေ"
"ကို"
"အင်း"
"စမ်းရေတို့ကို အန္တရာယ် ပေးမဲ့သူက ဘယ်သူလဲ ကို သိတယ်မလား"
    ဒီရေ မျက်လုံးပွင့်လာတယ်
"အင်း"
"ဘယ်သူလဲ"
"ရဲဇေနောင်"
     စမ်းရေ အဲ့နာမည် ကြားတော့ ဆတ်ခနဲ ထ ထိုင်လိုက််တယ်
"ရဲဇေလား"
"bae သိလား"
    သူမ ခေါင်းကိုဆက်တိုက်ငြိမ့်လိုက်တယ် သူမ မျက်လုံးထဲ မျက်ရည်ဥလေးတွေ တွဲလာတယ်
"bae ဘာလို့လဲ"
"ကို သူ့ကိုလေ အသက်အန္တရာယ် မပေးပါနဲ့နော်"
    ဒီရေ မျက်မှောင်ကြုတ်လိုက်တယ်
"ဘာလို့လဲ bae ကို အသက်အန္တရာယ် ပေးထားတဲ့လူတစ်ယောက်ကို ကို က ဒီတိုင်းလွှတ်ပေးထားရမှာလား"
"ကိုရယ် သူကလေ သူသိပ်ချစ်တဲ့သူကို ဆုံးရှူံးထားရတဲ့သူပါ"
"အဲ့တော့ သူကို ကို ကဘာလို့လွှတ်ပေးရမှာလဲ"
"ကို ချစ်တဲ့သူတစ်ယောက်တခြားလူကြောင့် ဆုံးရှုံးသွားရင် ကို လွှတ်ပေးထားမှာမဟုဘူး ဟုတယ်မလား"
"အင်း"
"သူလဲ အဲ့လိုပဲလေ"
"bae က ဘာလုပ်ခဲ့လို့လဲ"
"bae နဲ့ နှိုင်းကြောင့် သူချစ်ရတဲ့သူကို ဆုံးရှုံးခဲ့တာ"
"ဘယ်လို"
"baeတို့သူငယ်ချင်းက အခုသုံးယောက်ဆိုပေမဲ့ အရင်က ငါးယောက်ရှိတယ်"
"ကျန်တဲ့နှစ်ယောက်ကကော"
"တစ်ယောက်က မရှိတော့ဘူး နောက်တစ်ယောက်က ပျောက်ချင်းမလှပေ​​ျာက်သွားတယ်"
"အော်"
"အခုအဲ့တစ်ယောက်ပြန်ပေါ်လာပြီ"
"bae ကသူ့အပေါ်ဘာတွေ လုပ်ခဲ့လို့လဲ"
"bae ရှင်းပြပါ့မယ်"
လွန်ခဲ့သော(၁၂ )နှစ်
       စမ်းရေ ဒီနေ့ သူငယ်ချင်းတွေနဲ့ အပြင်သွားလည်မှာမို့ ပျော်နေမိတယ် သူမက ဦးဆောင်ပြီး အကုန်လုံးကို တစ်ယောက်ချင်းလိုက်ခေါ်ဖို့ပြင်ဆင်လိုက်တယ် သူမ ကရဲဇေ အိမ်နဲ့ နီးတော့ ရဲဇေ အိမ်ဘက်ကို သွားလိုက်တယ်
"ရဲဇေရေ ရဲဇေ"
"အသံဗြဲကြီးနဲ့ ဇွတ်အော်မနေနဲ့ ငါ ဒီမှာ ရှိတယ်"
    အိမ်ထဲကနေ စမ်းရေကို လှမ်းအော်လိုက်တယ်
"သွားမယ်လေ နင် ပြီးပြီလား"
"ပြီးတာကြာပေါ့ နင်လာခေါ်တာ စောင့်နေတာ"
"အဲ့ဆိုလာလေ နှိုင်းတို့ကို ခေါ်ရအောင်"
"အေးပါဟ"
     ရဲဇေနဲ့ စမ်းရေ မိုးထက်ကြယ် တို့ အိမ်ဘက်ကို ဦးတည်လိုက်တယ်
"မိုးရေ မိုး"
"အေးအေး လာပြီ လာပြီ"
      မိုး ဆံပင် တစ်ဖက်ကို စည်းရင်း ကပြာကယာ ဆင်းလာတယ်
"ဟဲ့ သမီး သတိထားလေ လှေကားကနေ ခြေချော်ပြုတ်ကျမယ်"
"မကျပါဘူး အမေကလဲ..အမယ်လေးးး"
    ပြောရင်း မိုး လှေကားပေါ်ကနေ ခြေချော်ပြုတ်ကျလေကော
"ဟယ် ဟဲ့ သမီး"
     မိုး အမေ မိုးကို အပြေးအလွှားလာထူတယ် စမ်းရေနဲ့ ရဲဇေ လဲ အိမ်ထဲကို အပြေးဝင်သွားတယ်
"ဟဲ့ မိုး အဆင်ပြေရဲ့လား"
"ရတယ် ရတယ် နည်းနည်းနာသွားရုံပဲ"
"နင်ဟာလေ အမြဲတမ်း ရှပ်ပြာ ရှပ်ပြာနဲ့"
"ရဲဇေ နင်ဟာလေ ငါ့ကို တွေ့ရင် ပြောဆိုဖို့ချည်းပဲ"
"ဟ နင်ကိုက မိန်းခလေးတန်မဲ့ သတိမထားတာလေ အခုကိုယ့်ကိုကြည့်အုံး ဆံပင်က ရှုပ်ယှက်ခက် အခုမှ အိပ်ယာ ထ လာတဲ့ရုပ်နဲ့ အဲ့တာကြောင့် နင့်ကို ညဘက်တွေ ဇာတ်လမ်းတွဲတွေ အရမ်းမကြည့်နဲ့လို့ပြောတာ"
"ဟာ ရဲဇေ နင်က ငါ့အုပ်ထိန်းသူလား ပွစိ ပွစိ နဲ့ နာတာကတစ်မျိုး နင်က တစ်မျိုး"
"သမီးရယ် သားပြောချင်ရင်လဲ ပြောချင်စရာပဲ ညည်းဟာက အခုကြည့်အုံး"
"မေမေ ကလဲ သမီးလဲ အဲ့လို ဖြစ်ချင်လို့ဖြစ်တာမှ မဟုတာ"
      သူမ အဲ့လို ပြောရင်း ရဲဇေ ကို မျက်စောင်းထိုးလိုက်တယ် ဟိုက သူမကို ဘာလဲ ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်တယ် သူမ သူ့ကို လက်သီးချိန်ပြလိုက်တယ်
"ကဲ နှစ်ကောင်သား တော်တော့ အသံတိတ် စစ်ပွဲဖြစ်မနေနဲ့ ကဲ မိုး ထ လို့ရရဲ့လား"
"ရတယ် ရတယ်"
     မိုး ဆတ်ခနဲ ကောက်ထလိုက်တယ် လူက ဟန်ချက်မထိန်းနိုင်ဘဲ ဘေးဘက်ကို ယိမ်းသွားတယ် ရဲဇေ သူမ ကိုထိန်းထားပေးလိုက်တယ်
"သတိထားလေ"
"သိပါတယ်"
   သူမ အဲ့လိုပြောရင်း ရှက်ရှက်နဲ့ သူ့လက်ကိုပုတ်ချလိုက်တယ်
"ကဲကဲ ရတယ်ဆို သွားမယ်လေ ဟိုနှစ်ကောင် စောင့်နေလောက်ပြီ"
"အေး သွားမယ်"
    သူမ တို့ လိုတာတွေ သယ်လာပြီး နှိုင်းတို့ကိုသွားခေါ်တယ် ဟိုရောက်တော့ ဟိုနှစ်ကောင် ကောပါလေကော စမ်းရေမှာ မန​ည်းရှင်းပြလိုက်ရတယ် သူတို့က အခုပျော်ပွဲစား ခရီးတိုလေးမို့ သူတို့ ညနေအထိ နေပြီး ပြန်လာဖို့ ဆွေးနွေးပြီးသား သူမတို့သွားမဲ့နေရာက ရေကန်ဘေးနားက မြက်ခင်းမှာ ပျော်ပွဲစားလုပ်ဖို့ပင် ဟိုရောက်တော့ ရဲဇေ က ဦးဆောင်ပြီး အထုပ်တွေဖြည်ချလိုက်တယ် ပစ္စည်းတွေ နေရာချပြီး စားဖို့သောက်ဖို့ ပြင်လိုက်တယ် ထိုအချိန် မိုးက သူ့နားလာပြီး
"ရဲဇေ"
"ဘာတုန်း"
"ငါ့ကို ဟိုအပင်ပေါ်က ပန်းလေး ခူးပေးပါ့လား"
"ဟ ငါမအားသေးဘူး"
"လုပ်ပါဟာ ကိုကို ကလဲ ခူးပေးပါနော်"
      မိုး ချွဲပြီးပြောလိုက်တယ် သူမ သူ့ ကိုအဲ့လိုခေါ်ပြီး ခိုင်းစားနေတာ တော်တော်ကြာနေပါပြီ ရဲဇေကလဲ အဲ့လိုခေါ်ရင် သူမ ဘာလိုချင်လဲ အကုန်လုပ်ပေးတယ်
"ခူးပေးမယ် ဘယ်အပွင့်လဲ"
"ဟိုအပွင့်"
     ရဲဇေ ကိုင်းကို နှိမ်လိုက်တော့ ရုတ်တရက် တစ်ခုခုပြုတ်ကျလာလို့ကြည့်လိုက်တော့
"ဟဲ့ ဟဲ့ မြွေကြီး"
"ဟမ် ဝေးဝေးနေ"
"သူတောင်းစား ငါကြောက်တယ်ဟဲ့"
"မကြောက်ပါနဲ့ အဆိပ်မရှိဘူး"
"အဆိပ်မရှိလဲ ကြောက်တယ် ဝေးဝေး သွားပြစ်စမ်းပါ"
     ရဲဇေကို ဖက်ထားရင် အော်ပြောတယ်
"အေးပါဟာ နင်ငါ့ကို လွှတ်အုံးဟ"
"မလွှတ်ပါဘူး"
"အဲ့ဆို ငါဘယ်လိုမောင်းထုတ်ရမှာတုန်း"
   သူ အဲ့လို ပြောတော့ သူမ လွှတ်ပေး​​လိုက်တယ်ရဲဇေ လဲ တုတ်တစ်ချောင်းကောက်ယူလိုက်တယ် မြွေကို တုတ်နဲ့ ထိုးကလော်ပြီး မိုး ဘက်ကိုပြလိုက်တယ်
"အဲ့ဟာကြီး ဝေးဝေးထားစမ်းပါ"
"နင်ကလဲ စိတ်ချည်းပဲ"
     မြွေက လျှာတစ်ခါထုတ်တိုင်း မိုး တုန်တုန်သွားတယ် ရဲဇေ သွားပြစ်ပြီး ပြန်လာတော့
"ကဲ ဘယ်အပွင့်လဲ ပြော ခူးပေးမယ်"
"တော်ပြီ မခူးတော့ဘူး"
      သူမ ထွက်သွားတယ် ရဲဇေ အဲ့နေရာမှာ ကျန်ခဲ့တယ်
"ဟဲ့ မိုး ရဲဇေ ကော"
"နောက်မှာ ပါတယ်"
"အေးအေး"
"နင်တို့ ဘာလုပ်နေတာလဲ"
"အသားကင်နေတာ"
"မွှေးနေတာပဲ ငါကူလုပ်ပေးမယ်"
      မိုး ကူကင်ပေးနေလိုက်တယ် သူမ ကင်လို့ အသားကင်တောင်ကျက်နေပြီ ရဲဇေ ပြန်မလာသေး
"ဟဲ့ ဟိုမှာ ရဲဇေကို ကြည့်အုံး"
      သူမ ကြည့်လိုက်တော့ စောနက သူမ ခူးခိုင်းတဲ့ ပန်းတွေကို အခိုင်လိုက်ကြီး ခူးလာတယ် သူမ ပျော်သွားတယ် ရဲဇေဆီပြေးသွားလိုက်တယ် သူမ ရဲဇေကိုကြည့်တော့ သူ့လက်မှာ ဒဏ်ရာတွေကိုတွေ့လိုက်တယ်
"ဟဲ့ နင်လက်တွေက"
"ဘာမှဖြစ်ပါဘူး ပန်းတွေက ဆူးတွေ ပါလို့ ပါ"
"ဆူးတွေ ပါတာကို ဘာလို့ အခိုင်လိုက်ကြီး ခူးလာတာလဲ"
"ဘာမှဖြစ်ပါဘူး နင်ကြိုက်တဲ့ပန်းပဲဟာ"
     သူမ မျက်ရည်ဝဲလာတယ် နှိုင်းတို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်စ ပြစ်ပြလိုက်တယ်
"အဟမ်း အဟမ်း"
"သိပ်ချစ်တတ်တဲ့ ကိုကိုမို့လေ"
"ဟားဟား နင့်အသံဆိုးကြီးနဲ့"
"နှိုင်းမ နင်ကများပြောရသေး သူ့ကြည့်တော့ ယောက်ျားသံနဲ့"
"ဘာဖြစ်လဲ"
      သူတို့ အချင်းချင်း စနောက်နေကျပြီး ခနကြာတော့ အစားအသောက်တွေ စားဖို့ ပြင်လိုက်တယ် မိုး က ရဲဇေ ကို အသားပြားခွံကျွေးလိုက်တယ်
"အော် နင်တို့က ဒီအဆင့်တောင်ရောက်နေပြီလား"
"နှိုင်း နင်ဘာတွေ လျှောက်ပြောနေတာလဲ"
"မသိဘူး လေ ခွံတောင်ကျွေးနေကြပြီးတော့"
"သူ့ဘက် ဒဏ်ရာ ရလို့ပါ"
"ဒဏ်ရာရတာပါ ကျိုးတာမဟုဘူး ကိုယ့်ဟာကို စားနိုင်ပါ့"
"နင် တိတ်တိတ်နေ"
   ရဲဇေက လှမ်းဟောက်လိုက်တယ်
"အဟမ်း မပြောချင်ဘူးနော် သိနေတယ် သိနေတယ်"
    မိုး ရှက်ပြုံးလေး ပြုံးလိုက််တယ်
.............................................................................
  ဒီနေ့ စမ်းရေရယ် နှိုင်းရယ် မိုးရယ် ရေခဲချောင်းသွားဝယ်စားကြတယ် ရုတ်တရက် သူမ တို့နား ကားတစ်စီးရောက်လာပြီး သူမ တို့ကို ဆွဲခေါ်သွားတယ် အကုန်လုံးက ခနတွင်းဖြစ်ပျက်သွားတော့ ဘယ်သူမှ သတိမထားမိလိုက်ဘူး
    နှိုင်းတို့ နိုးလာကြတယ် သူမတို့ တစ်ယောက်ကို တစ်ယောက်နှိုးလိုက်ကြတယ် သူတို့ ဘေးဘက်ကိုကြည့်လိုက်တော့ မည်းမှောင်နေတဲ့ အခန်းတစ်ခု လေဝင်လေထွက်နည်းတော့ အသက်ရှူရခက်နေတယ် သူမ တို့ အသက်ကိုခပ်ပြင်းပြင်းရှူလိုက်တယ်
သူမ တို့ဘေးနားမှာ စိုထိုင်းထိုင်းနဲ့ နေရထိုင်ရ အဆင်မပြေပေ။ ထိုအချိန် ခေါင်းမိုးပေါ်က တံခါးတစ်ခုပွင့်လာတယ် ခန္ဓာကိုယ် ခပ်ကြီးကြီးလူကြီးတစ်ယောက် ဆင်းလာတယ် မျက်နှာက အဆီတွေရွှမ်းနေတယ် သူမ တို့ကိုကြည့်နေတဲ့အကြည့်တွေက တစ်မျိုးဖြစ်နေတယ် သူမတို့ကို အချိန်မရွေး ဝါးစားတော့မယ့် ပုံပဲ သူမ တို့ သူ့ကို နည်းနည်းလန့်နေတယ် ထိုလူက မိုးကို လက်ညှိုးထိုးလိုက်တယ် နောက်ကနေ လူနှစ်ယောက်ရောက်လာပြီး သူမ ကိုဆွဲခေါ်သွားတယ်
"မိုး မိုး မလုပ်ကြပါနဲ့ မိုးကို ခေါ်မသွားပါနဲ့"
  နှိုင်းက အတင်းလိုက်ဆွဲတော့ အဲ့လူက နှိုင်းကို ပါးရိုက်ချလိုက်တယ်
"သူ့ကို မလုပ်ခင် နင့်ကို အရင်လုပ်မယ်"
အဲ့လိုပြောပြီး နှိုင်းကို ဆွဲခေါ်လိုက်ပြီး သူမ ပါးကို ချလိုက်တယ်
"နှိုင်း! "
  သူမ အင်္ကျီ ကိုဆွဲဖြဲပြစ်လိုက်တယ် သူမ ကူကယ်ရာမဲ့နေတယ် စမ်းရေ အဲ့လူ ကို ပြေးထိုလိုက်တယ် ဘေးက အမဲရောင်ဝတ်စုံနဲ့ လူနှစ်ယောက်ထဲကတစ်ယောက်က သူမ ကို ဖမ်းချုပ်ထားလိုက်တယ်
ထိုအချိန် ထိုလူကြောင့် နှိုင်းရဲ့ အဝတ်အစားတွေအားလုံးကျွတ်ပြီး ထိုလူတွန်းလိုက်တဲ့ အရှိန်ကြောင့် သူမ ကြမ်းပြင်ပေါ်လဲ ကျသွားတယ် ထိုလူက သူ့ဘောင်းဘီကို ချွတ်ပြီး သူမ နားကို ကပ်လာတယ် နှိုင်း တကယ်ကို ကူကယ်ရာမဲ့နေပါပြီး
"နှိုင်း"
"နှိုင်း!"
      မိုးသူ့ကိုချုပ်ထားတဲ့ လူရဲ့လက်ကို ကိုက်လိုက်ပြီး ဘေးနားက ရှိတဲ့ အုတ်ခဲကို ယူကာ အဲ့လူဆီအားကုန်ပြေးကာ ရိုက်ချလိုက်တယ် ထိုလူက မိုးက မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်ပြီး
"ဒီဟာမ ကို ငါ့အခန်းထဲ ထည့်လိုက်"
    ထိုလူနှစ်ယောက် သူမကို ဆွဲခေါ်သွားတယ် အခု ထိုလူ နှိုင်းဘက်ကို ပြန်လှည့်လာတယ် နှိုင်း သူရဲ့ အဓိက အရာကို ပိတ်ကန်လိုက်တယ် သူမ အဝတ်မဲ့တဲ့ ခန္ဓာကိုယ် နဲ့ ပြန်တိုက်ခိုက်ဖို့ပြင်လိုက်တယ်
"မင်းတို့ နှစ်ကောင်က ငါနဲ့ စမ်းချင်တာလား"
  သူမ တို့ဆီ ပြေးဝင်လာတယ် စမ်းရေကို ဘေးဘက်တွန်းလိုက်တော့ စမ်းရေ နံရံနဲ့ ခေါင်းနဲ့ ဆောင့်မိသွားတယ် သူမ သတိမေ့သွားတယ်
   စမ်းရေ ရုတ်တရက် ဆတ်ခနဲ နိုးလာတယ် သူမ မျက်လုံးဖွင့်ပြီးး ကြည့်လိုက်တော့ နှိုင်းကဒဏ်ရာဒဏ်ချက်တွေနဲ့ မေ့လဲ နေတယ် ထိုလူ နှိုင်း ကို မတရားကျင့်ဖို့ ပြင်နေတယ် စမ်းရေလဲ ရှိ သမျှ အားကုန်ယူပြီး ထ လိုက်တယ် သူမ ဘေးဘက်က ကျောက်စအချွန်ကို ကောက်ယူကာ အဲ့လူနောက်ကနေ မျက်လုံးကို ပိတ်ထိုးလိုက်တယ် ထိုလူ တဏှာစိတ်ကြောင့်စိတ်ကြောင့် စမ်းရေကို သတိမထားမိ ဖြစ်သွားတယ် သူမ နှိုင်းကို နှိုးလိုက်တယ် နှိုင်းမနိုးလာပေ။
ထိုလူကတော့ အသားကုန်အော်နေတယ် ထိုအချိန် ရဲဇေနဲ့ လူတစ်ချို့ဆင်းလာတယ်
"နှိုင်း စမ်းရေ"
"ရဲဇေ"
     ရဲဇေ က နှိုင်းကို အပေါ်ထပ်နဲ့ ခြုံပေးလိုက်တယ်
ဘေးလူတွေကတော့ ထိုလူကို ခေါ်သွားတယ်
"မိုးကော"
"မိုး မိုး ကိုလေ သူတို့ခေါ်သွားကြတယ် ရဲဇေ မိုးကို သူတို့ ခေါ်သွားကြတယ်"
    ရဲဇေ ကမူးရှူးထိုး နဲ့ လိုက်သွားတယ် စမ်းရေ တို့အပေါ်တက်လာတော့  ဂိုထောင်တစ်ခု မီးလောင်နေတယ် ရဲဇေ ကျောက်ရုပ်ကြီးဖြစ်နေတယ်
"ရဲဇေ ရဲဇေ"
    ရဲဇေ  ဘာမှမပြောနိုင် ရုတ်တရက် ရဲဇေ မျက်ရည်တွေ ကျလာတယ်
"ဟဲ့ ရဲဇေ မိုးကော"
"စမ်းရေ မိုး မသေဘူးမလားဟင်"
"ဘာကိုလဲ မိုးက ဘာလို့ သေရမှာလဲ"
    ထိုအချိန် သူမ ဘေးဘက်ကိုကြည့်လိုက်တော့ ငိူနေတဲ့ ဂျုလီ မိုးရဲ့ အမေ သူမတို့ ပိတ်ဖြူအုပ်ထားတဲ့ အလောင်းကို ဖက်ပြီး ငိူနေကြတယ် အသားအရေအတွေကမီးလောင်ထားတဲ့အတိူင်းစုတ်ပြတ်နေပြီ
"ရဲဇေ အဲ့တာ မိုးလား"
"မဟုဘူး အဲ့တာ မိုး မဟုဘူး"
"ဟမ် ဒါပေမဲ့ အန်တီတို့ ဂျူလီ တို့က ဘာလို့ အဲ့တာကိုဖက်ပြီးငို.."
"အဲ့တာ မိုး မဟုဘူးလို့ အဲ့တာ မိုး မဟုဘူး မိုးက ငါ့ကို ထားမသွားဘူးဟ"
   ရဲဇေ အသံကျယ်ကြီးနဲ့ အော်ပြောလိုက်တယ် စမ်းရေပင် လန့် သွားတယ် သူမ ဘာတွေဖြစ်နေလဲ သူမ နားမလည်ပေ။

ထိုလူသားကြောင့် s(1)Where stories live. Discover now