ထိုလူသားကြောင့်(part-25)

1.4K 26 0
                                        

ဂျူလီ အလုပ်တွေပြီးလို့ စမ်းရေတို့ကိုဖုန်းဆက်ဖို့ပြင်လိုက်တယ် အရင်ဆုံး စမ်းရေဆီ ဆက်လိုက််တယ်
စမ်းရေ စားပွဲပေါ်က ဖုန်းမြည်လို့ သွားကိုင်မလို့ဟာကို ဒီရေ သူမကို လွှတ်မပေးပေ။ သူမကို ခါးကနေ ဆွဲဖက်ထားတယ်
"ကို ခနဖယ်အုံး ဖုန်းကိုင်လိုက်အုံးမယ်"
"bae နားလေးမှာ ဒီလိုလေးအမြဲနေချင်တယ်သိလား"
ကိုယ်ပြောတာ နားမထောင် သူပြောချင်တာချည်း ဇွတ်ပြောနေတယ် ပြန်လာကတည်းက ကိုယ့်ကို အလွတ်မပေး။
"ကို ရေ bae ပြောတာကိုနားထောင်ပါအုံး"
"ပြောလေ bae ရဲ့ ကိုယ့်ကိုလွှတ်ခိုင်းတာကလွဲလို့"
"ဟာ ကို ကလဲ ဖုန်းလေး သွားကိုင်မှာကို ဘာဖြစ်နေတာတုန်း"
"ချစ်နေတာလေ လင်မယားနှစ်ယောက်ကြည်နူးနေတာကို ဘယ်က ဖုန်းက နှောင့်ယှက်​တာတုန်း"
"တကယ်ပဲ အမြဲတမ်းတွေ့နေရတာပဲဟာကို"
"အမြဲတမ်းတွေ့လို့ ပိုချစ်နေရတာပေါ့ ကို ကလေ bae ကို မြင်ပါများပြီးချစ်သွားတာ"
"ဟုပါပြီ ဟုပါပြီ အခုတော့ လွှတ်ပေးအုံးနော် ကို "
"ဟူးးးအင်းပါ"
သူ သူမကိုလွှတ်ပေးလိုက်တော့ သူမ စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်လိုက်တယ်
"အေး ဂျူလီ ပြော"
"စမ်းရေ ဘာလုပ်နေတာတုန်း နင့်ဟာကလဲ ဖုန်းခေါ်နေတာ ကြာနေပြီ"
"အော် ငါလား ဖုန်းသံသိပ်မကြားရလို့"
သူမ ဂျူလီကို ညာလိုက်တယ် မဟုရင် သူမ ဘယ်လို ဖြေရမှန်းမသိ ဒီရေ ကတော့ သူမ ​ပြောတာနားထောင်ရင်း ပြုံးလိုက်တယ် သူမ လေးကိုကြည့်တော့ သူ့ကို နှုတ်ခမ်း ဆူပြနေတယ် သူ ထိုင်နေရာကနေ ထပြီး သူမ ဆီ လျှောက်သွားလိုက်တယ်
"အေး နင်ဘာဖြစ်လို့လဲ"
"တစ်ဘက်ခါ ကျရင်လေ ငါတို့ ပျော်ပွဲစားလေး ထွက်မလားလို့"
"ဟမ် ဘယ်သူတွေပါသေးလဲ"
"ဘယ်သူမှတော့ မပါဘူး ငါတို့ သုံးယောက်ထဲပဲ ပြီးတော့ နင်တို့ကို suprise တိုက်စရာရှိလို့"
"ဟမ် ဒါပေမဲ့.."
သူမ ပြောနေတုန်း သူမ ကို ခါးကနေ ဆွဲဖက်တာခံလိုက်ရတယ် သူမ ဘာလုပ်တာလဲဆိုတဲ့အဓိပ္ပါယ်နဲ့ မျက်လုံးပြူးပြတယ် ဒီရေ က မျက်ခုံးကို တစ်ဖက်ပင့်ပြီးပြုံးပြတယ်
"စမ်းရေ ဘာလို့လဲ"
"ငါတို့ကအခုတလော အပြင်ထွက်ဖို့ .......သိပ်အဆင်မပြေဘူးဟ"
ဒီရေ အငြိမ်မနေ သူမ ပါးကိုနမ်းလိုက်လို့ စကားပြောရတာ အထစ်ထစ်ဖြစ်နေရတယ်
"စမ်းရေကလဲ အဲ့တစ်ရက်လေးပဲဟာကို ငါက နင်တို့ အံ့သြသွားစေမဲ့ အရာလေးတစ်ခုပြချင်လို့ပါ"
"အယ် အေး..အေး..အွန့်."
ဒီရေ သူမ နှုတ်ခမ်းကို ဆွဲနမ်းလိုက်တယ်
"စမ်းရေ ဘာဖြစ်လို့လဲ"
သူ ဒီရေ ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ပိတ်ရိုက်လိုက်တယ်
"ဘာ..ဘာမှဖြစ်ပါဘူး"
"နင်လာခဲ့ပါဟာ နှိုင်းကိုလဲ ခေါ်ခဲ့လေ ငါတို့သူငယ်ချင်းတွေ မဆုံတာလဲ ကြာပြီကို ငါနင်တို့ကို လွမ်းနေတာဟ"
"အေးအေး လိုက်ခဲ့မယ် ဒါပဲနော်"
"နင်မအားဘူးထင်တယ် အဲ့ဆို ဒါပဲလေ bb"
"bb"
သူမ ဖုန်းကို မြန်မြန်ချလိုက်တယ် သူမ ဖုန်းကို ဆိုဖာပေါ် ပြစ်တင်လိုက်တယ် ပြီးတော့ ဒီရေ ကိုကြည့်လိုက်တယ် ပြီးတော့ သူ့ရင်ဘတ်ကို လက်သီးဆုပ်တွေနဲ့ ပိတ်ထုလိုက်တယ်
"bae... bae တော်တော့ နာတယ်"
"ဘာဖြစ်လဲ ရှင်ကြီး အပိုတွေ ပြောမနေနဲ့ ဒီလော​က်ကရှင့်အတွက်ပါးပါးလေး"
"ဟ ဘယ်လိုလုပ် ရှင်ကြီး ဖြစ်သွားတာတုန်း"
"အခု ဖက်ထားတာ လွှတ်"
"မလွှတ်ဘူး"
သူမ ခါးကိုပိုတင်းတင်းကြပ်ပင်ဖက်ထားလိုက်တယ်
"လွှတ်"
"ဟောဗျာ ကို ဘာလုပ်မိလို့တုန်း"
"ဖုန်းပြောနေတယ်လေ အေးအေးဆေးဆေး မနေဘူး"
"bae လုပ်တာလေ"
"ဘာလုပ်လို့တုန်း"
"bae က နှုတ်ခမ်းဆူပြတယ်လေ အဲ့တော့ ကိုယ့်ကို နမ်းချင်လို့ လို့ထင်တာပေါ့"
"ဖြစ်ရမယ် ရှင်ကြီး အကြောင်းပြချက်ရှာနေတာ"
"တကယ်ပါဆို"
"တော်ပြီ အဲ့တာနောက်ထား အခု ဂျူလီ ဖုန်းဆက်တဲ့အကြောင်းပြောမို့"
"ကိုယ်ကြားတယ်"
"ဘယ်လိုလဲ ခွင့်ပြုမှာလား"
"ဖြစ်နိုင်ရင် မသွားပါနဲ့လား ကို စိတ်မချဘူး"
"ဒါပေမဲ့ .."
"bae က သွားချင်လို့လား"
"အွန်း"
ဒီရေ ခပ်ပါးပါးလေးပြုံးပြီး သူမ နဖူးလေးကိုနမ်းလိုက်တယ်
"bae သဘောပါ"
"အယ် ခွင့်ပြုလိုက်တာလား"
"အင်း bae ပျော်မယ်ထင်လို့"
"အဲ့တာကြောင့် ဟောဒီက ယောက်ျားကြီးကို များရီးချစ်"
သူမ သူ့ရင်ခွင်ထဲ တိုးဝင်လိုက်တယ်
"ဒါပေမဲ့ ချွင်းချက် တစ်ခုရှိတယ်"
"ဘာလဲ"
ဒီရေ ပါးစောင်းကို လျှာနဲ့ ထိုးပြီး သူမကို ညှို့ငင်အားအပြည့်နဲ့ ကြည့်လိုက်တယ်
"ဘာတုန်း လန့်လာပြီနော်"
သူမ သူ့ရင်ခွင်ထဲက နေ ထွက်လိုက်တယ်
"ဟော စောနက ဟော့ဒီ ယောက်ျားကို များရီးချစ်တာဆို"
"ဟုတော့ ဟုပါတယ် ဒါပေမဲ့ အခု ပုံစံက နည်းနည်းလန့်စရာကောင်းလာပြီ"
"ဟောဗျာ ဘာမှတောင်မပြောရသေးဘူး"
"ကဲ ပြော မြန်မြန်"
"နောက်တစ်ယောက်လိုချင်တယ်"
"ဘာကို နောက်တစ်ယောက် ဘယ်ကနောက်တစ်ယောက်"
"ကိုယ်တို့ ခလေးထပ်ယူချင်တယ်နော်"
"ဟမ်"
"အွန်း... နော် bae"
သူမကို တောင်းဆိုတဲ့အကြည့်နဲ့ကြည့်နေတယ်
"အဲ့တာက မဟုသေးပါဘူး တစ်ယောက်ဆို တော်ကောပေါ့"
"ကိုယ်က သမီးလေး လိုချင်တာ"
"အဲ့တော့ ကျမက သမီး မရမချင်းမွေးပေးရမှာလား"
"ဟုတယ်လေ"
"ဆုတောင်းလေ"
"bae ကိုယ်တို့က လင်မယားတွေလေ"
"သိတယ်လေ"
"လုပ်ပါ ထပ်ယူမယ်နော် မိန်းမလေး"
"တော်ပြီ ခင်ဗျားကြီးနား မနေတော့ဘူး ကြက်သီးထ ဖို့ကောင်းတယ်"
သူမ ထွက်သွားတယ်
ဒီရေ သူမ စကားအဖြစ်ပြောတယ်ထင်နေတာ တကယ်သူ့ဘေးနားက နေ မြန်မြန်ပင် ထွက်ပြေးသွားတယ်
"bae"
သူမ သူ့ကို လှည့်ကြည့်လိုက်တယ်
သူ နှုတ်ခမ်း ကိုလျှာနဲ့သပ်ပြလိုက်တယ်
သူမ မျက်စောင်းထိုးပြီး လှည့်ထွက်သွားတယ် 'သွားပါ bae မင်း ကိုယ့်လက်က မလွတ်ပါဘူး'
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေမိတယ် အခုတစ်လောကိုယ့်ကိုယ်ကို အရမ်း ပြုံးနေသလို ခံစားရတယ်
.............................................................................
သက္ကရာဇ် အခုတစ်လော ဟိုတစ်ယောက် အရမ်းငြိမ်နေသလိုခံစားရတယ် ဟိုတစ်ခါ အပြင်ထွက်ပြီးကတည်းက သူ သိပ်အပြင်မထွက်တော့ပေ တစ်ခါတစ်လေ သူ့အခန်းဘက်က ငိုသံကို ကြားနေရတယ် ဘာတွေဖြစ်နေမှန်းလဲနားမလည် မိန်းမတွေ တကယ်ကို နားလည်ရခက်တာပဲ အဲ့တာကြောင့် သူ အသက်ကြီးကြီး မိန်းမတွေ မကြိုက်တာ
"သက္ကရာဇ်"
"ပြောလေ ဘာလို့ အပြင်ထွက်မို့လား"
"အင်း စမ်းရေ ဖုန်းဆက်တယ် ငါတို့ သူငယ်ချင်း တွေ ဆုံမလို့"
"အော် ကျုပ်သိတယ် ကျုပ်အကို ဖုန်းဆက်ပြောထားတယ်"
"အင်း အဲ့ဆို ပြီးကော ဟူးးး"
သူမ သက်ပြင်းချလိုက်တယ်
"ဘာဖြစ်တာ"
"ပျင်းတာ"
"ခင်ဗျားက ဘာလုပ်ချင်လို့လဲ"
"ငါလား လက်ဝှေ့ ထိုးချင်တယ်"
ဟ ဘယ်လို မိန်းမပါလိမ့် တကယ်ကို ကြမ်းတမ်းတာပဲ
"ကောင်းပြီလေ"
သက္ကရာဇ် လူတစ်ယောက်ကိုခေါ်လိုက်တယ်
"သူ့ကို လက်ဝှေ့ရုံ ခေါ်သွားလိုက်"
"သခင်လေး ဖြစ်ပါ့မလား ဟိုမှာက ယောက်ျားသားတွေချည်းပဲ"
"သူ သွားချင်နေတာလေ ထားလိုက်"
သက္ကရာဇ် သူမ ဘက်ကို ကြည့်ပြီး
"မင်းသူနဲ့ လိုက်သွား"
"ok အဝတ်အစားလဲအုံးမယ်"
လဲသင့်ပါတယ် သူမဝတ်ထားတာက ညအိပ်ဝတ်စုံလိုမျိုးပဲ အဲ့လိုအင်္ကျီမျိုးကို တစ်နေ့တစ်မျိုး မရိုးအောင် ဝတ်တာ ဒီမိန်းမက အပြင်ထွက်ရင် ခပ်မိုက်မိုက် ဝတ်တတ်ပြီး အိမ်မှာနေရင် တကယ်ကို လွပ်လွပ်လပ်လပ်ပဲ ဘောင်းဘီတို အပွတွေဝတ်လိုက်နဲ့ မိန်းမ နဲ့တူတာ ဆိုလို့ သူ့ရဲ့ ကျောနားထိခါနီး ဆံပင်အကောက်လေးပဲရှိ သူမ အရင်ပုံတွေကြည့်တုန်းက​ဆို ဆံပင်တိုတွေချည်းပဲ သူမ အပေါ်ထပ်က ဆင်းလာတယ် အခုကျတော့ ကိုယ်ကပ်တွေဝတ်လာပြီး အပေါ်ထပ်အပါးလေး နဲ့
ဒီရေ မျက်ခုံးမြင့်တက်သွားတယ် အကပ်ဝတ်လိုက်တော့လဲ သူ့ဟာနဲ့သူတော့ ရှိသားပဲ
နှိုင်း သူ့ကို မျက်မှောင်ကြုံ့ပြီးကြည့်လိုက်တယ် အမြဲတမ်း လူကို အဲ့လို ချည်း စိုက်ကြည့်နေတယ်
"နင်နှာဘူးလား"
"ဘာပြောတယ်"
"ဟုတယ်လေ ငါ့ကို အဲ့လို ဘာလို့ ကြည့်နေလဲ"
"ဟ ဒေါ်နှိုင်းလင်္ကါ ခင်ဗျားကြီးကို ကြည့်ရုံပဲ ကြည့်တာ ကျေးဇူးတင်သင့်တယ် သက္ကရာဇ် ဆိုတဲ့ကောင် တကယ် ဘူး ရင် ခင်ဗျား အခုလို အပျိုစင်ဖြစ်နေအုံးမှာ မဟုဘူး"
"ဟ နင် အဲ့လောက်တောင် ဘူး ​တာလား"
သက္ကရာဇ် ဘယ်လိုဖြေရ ကိုယ့်ကို ရန်တွေ့တာလဲ မဟုတ် အံ့သြ တကြီး မျက်နှာနဲ့ အဲ့လို မေးနေတယ် ကိုယ့်ကိုယ်ကို ဖြေ မိတာပင်နောင်တရ
"ကောင်းပြီ ငါသိပြီ ငါသွားတော့မယ်"
သူကဘာသိတာလဲ ဘာကို သိသွားတာလဲ ဒီမိန်းမက ဘာလို့ အဲ့လောက်လျှို့ဝှက် နက်နဲနေရတာလဲ သူမ ထွက်သွားတယ်
နှိုင်း တို့ကားက ဂိုဒေါင်အစုတ်တစ်နေရာကို ရပ်သွားတယ် နှိုင်းစဥ်းစားနေမိတယ် ဒီနေရာမှာ လက်ဝှေ့ကွင်းရှိတာကော ဟုလား
သူမ ရှေ့က သွားတဲ့လူနောက်လိုက်သွားလိုက်တယ် သူမ ဝင်လိုက်တော့မှ တကယ် အံ့သြ မိတယ် တကယ်ကို ကိရိအစုံအလင်နဲ့ပဲ ပြီးတော့ ဗလ အပြည့်နဲ့ ယောက်ျားသားတွေ သူမ ကိုစိုက်ကြည့်နေတယ် လူတစ်ယောက်က သူတို့ဆီသွားပြီး တစ်ခုခုပြောလိုက်ပုံပဲ အကုန်လုံး သူမကို အာရုံစိုက်တာရပ်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်လိုက်ကျတယ်
သက္ကရာဇ် လက်ဝှေ့ကွင်းက စောင့်ကြည့် ကင်မရာကိုကြည့်တော့ သူမကို တွေ့သွားတယ် သူမ သဲအိတ်ကို အားပါပါနဲ့ ထိုးနေတယ် သူမ ကိုကြည့်ရတာ ချွေးတွေ တော်တော်ထွက်နေပြီ အပေါ်ထပ်ကို ချွတ်ထားတယ် သူမ ထိုးချက် တစ်ချက်က တော်တော်ကိုပြင်းပုံပဲ သူမကိုကြည့်ရတာ တော်တော်ကြာကြာ လေ့ကျင့်လာတဲ့ လူတစ်ယောက်ပဲ 'ဒီပုံစံက တကယ်ကို sexy ကျတာပဲ'
...........................................................................
စမ်းရေ သူတို့ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်နေတယ် ထိုအချိန် ဒီရေ ရောက်လာပြီး
"bae"
"ရှင့်"
"bae ကို ပေးစရာရှိလို့"
"ဘာလဲ"
"ဒီမှာ"
သူ အသဲပုံ လော့ကတ်သီးလေး ထုပ်ပြလိုက်် တယ် ထိုအရာလေးက တစ်လက်လက်တောက်နေတယ် ဆွဲကြိုး ကအပါးလေးပါ သေးသေး ကျစ်ကျစ်ခလေး အလယ်က အသဲပုံ ကို စာလုံးတစ်ခုခု ထွင်းထားသလိုပဲ
"ဒီစာလေးက ဘာလေးလဲ"
"ကိုယ့်နာမည်လေး"
"bae ကိုပေးတာ bae နာမည် ထွင်းရမှာ မဟုဘူးလား"
"ကို က bae အပိုင်​ေလကိုယ့်နာမည်လေးပါတဲ့ ဆွဲကြိုးလေးကို အမြဲဆွဲပြီး ကိုယ်ကbae အပိုင်ဖြစ်ကြောင်း ကြေငြာထားတာ"
"တကယ်ပဲ ဒီယောက်ျားကို မနိုင်ဘူး"
သူမ တကယ်ကို ပျော်ရွှင်ရပါတယ် သူမအတွက် ကိုယ်ပိုင် မိသားစုလေးလဲ ရှိတယ် သူမ အမြဲဂရုစိုက်တဲ့ ဒီအမျိုးသားလေးကိုလဲ ပိုင်ဆိုင်ထားတယ် သူမ ဘဝ က အရမ်းကိုပြည့်စုံသွားသလို ခံစားရတယ်
.............................................................................
ရဲဇေ ဒီနေ့ သူ့အတွက် နေ့ထူးနေ့မြတ်မို့ သူမ မိုး ရဲ့ မြေပုံနားကို သွားပြီး
"မိုး ငါလာတယ် နင် ကိုအကြာကြီး ပြစ်သွားရတာ တောင်းပန်ပါတယ် ငါလဲ ဖြစ်နိုင်ရင် နင့်နားမှာ အကြာကြီးနေချင်တာဟ ဒါပေမဲ့ ငါလုပ်စရာလေးတွေရှိလို့ပါ မိုး နင်အဆင်ပြေရဲ့လား"
သူ သူမရဲ့ မြေပုံလေးကို လက်လေးနဲ့ဖွဖွလေးကိုင်လိုက်တယ်
"ငါ နင့်အတွက် လက်စားချေပေးမယ်နော် မိုး"
မျက်ရည်က မြေပုံပေါ်ကို ပေါက်ကနဲ ကျသွားတယ် သူမနဲ့ပက်သက်ရင် အခုထိ မျက်ရည်လွယ်နေတုန်းပါ သူမ သူ့ကို'ကိုကို ' လို့ခေါ်သံလေးတွေ သူမရဲ့ချွဲနွဲ့တဲ့ အမူအရာတွေ သူ့ကို အမြဲစိတ်ပူပေးတဲ့သူမ
သူ မျက်ရည်တွေကြားကပင်ပြုံးလိုက်တယ် သူစကားတိုးတိုးလေး ဆိုလိုက်တယ်
"သိပ်ချစ်တာပဲ မိုးရယ်"
စကားစုလေး တစ်ခုပဲ ဆိုပေမဲ့ ထိုစကားထဲမှာ နူးညံ့မှုတွေ ဂရုစိုက်မှုတွေ နာကျင်မှုတွေ ဝမ်းနည်းမှုတွေ လွမ်းဆွတ်မှုတွေ ပါဝင်နေတာကို ဘယ်သူသိမှာလဲ သိပ်ချစ်ရတဲ့ လူသားတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့လူတစ်ယောက် အခုထိုလူသားကြောင့် သူဘဝမှာ
​ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တဲ့လူတစ်ယောက်။
.............................................................................
ဂျူလီရယ် နှိုင်းရယ် စမ်းရေ ရယ် ကြိုချိန်းထားတဲ့ စားသောက်ဆိုင်ကို ရောက်လာတယ်
နှိုင်းနဲ့ စမ်းရေကတော့ အတူတူလာတာဆိုတော့ ဂျူလီကိုပတ်ရှာနေတယ်
"နှိုင်း စမ်းရေ"
ဂျူလီ အော်ပြီး သူမတို့ကို လက်ယမ်းပြတယ် ပြီးတော့ သူမ တို့ဆီ ပြေးလာတယ် သူမ တို့နှစ်ယောက်လုံးကို ပြေးဖက်လိုက်တယ်
"ကောင်မ တွေ လွမ်းနေတာ"
"ဖြေးဖြေး လုပ်စမ်းပါ ဂျူလီရယ်"
"ငါကလွမ်းလို့ပါ"
"နင်ကတော့နော်"
"နှိုင်း ကမ နင်သိလား နင်မရှိတော့ ငါအရက်မသောက်ရဘူး အခု အဝ သောက်ရတော့မယ်"
"တောင်းပန်ပါတယ် မယ်မင်းကြီးမ ရယ် အရက်တော​့မသောက်ပါနဲ့"
"နည်းနည်းလေးပါ"
"နင့်ကြီးတော် နည်းနည်းလေးလား အဲ့နည်းနည်းလေးတောင် နင် မနိုင်ဘူး"
"ငြိုငြင်တာလား"
"မဟုဘူး ကြည့်မရတာ"
"ကဲ တော်ပါတော့ တွေ့တာနဲ့ ကိုက်တော့တာပဲ"
တကယ်ကို မနိုင်တဲ့ နှစ်ယောက်ပါ သူမ မှာ အမြဲတမ်း ပွဲထိန်းလုပ်နေရ
သက္ကရာဇ် နဲ့ ဒီရေ ကားပေါ်က စောင့်ကြည့်နေတယ်
"မင်း မျက်လုံးရှင်ရှင်ထား"
"သိပါတယ်"
သက္ကရာဇ် ဘေးပတ်ဝန်းကျင်ကို သေချာ စောင့်ကြည့်နေတယ် ဘာမှ မထူးခြား သူမကို ကြည့်ရတာတော့ သိပ်ပျော်နေပုံပဲ ကိုယ့်မှာတော့ သူပျော်ဖို့ အလုပ် ရှုပ်နေရ
"ကျုပ်တို့ကို ရန်သူ က သတိထားမိတဲ့ပုံပဲ မလှုပ်ရှားဘူးနော်"
"အေး ငါလဲ ထင်တယ် ပြန်မယ်"
"okay"
သက္ကရာဇ် ကားကို အိမ်ပြန်မောင်းခဲ့တယ် သူ ဒီရေလုပ်တာတွေ ဘယ်လောက်ပဲ နားမလည်လည် သူ့အကိုအကြောင်းကို သူ သိတယ် မရီး ကို သူ ဒီအတိုင်းလွှတ်ထားမှ မဟုဘူးဆိုတာပဲ
"ဒါနဲ့ မရီးတို့ သူငယ်ချင်းတစ်စု က အတိုက်အခိုက်ကျွမ်းတာလား"
"အကုန်လုံးတော့ မဟုဘူး"
"မရီးက ကော"
"မင်း မရီးက လေ့ကျင့်ခန်းလုပ်တာ ဝါသနာပါရုံပဲ ဒါပေမဲ့ သူ့သူငယ်ချင်း နှိုင်းကတော့ ကျွမ်းတယ်ပြောတာပဲ"
"အော် အဲ့တာတော့ သိပါတယ် ကျုပ်လူကို သူကန်လိုက်တာ တော်တော် အထိနာသွားတယ်"
"မင်းမရီးနဲ့ မင်းမရီး သူငယ်ချင်း တွေက စိတ်ဝင်စားဖို့ ကောင်းတယ်"
သက္ကရာဇ် လဲ ပြုံးလိုက်တယ်
"နှိုင်းလင်္ကါ ကတော့ ရုပ်ရည်လေး မဆိုးပါဘူး bae လောက်တော့ ခန္ဓာကိုယ်မလှပေမဲ့လဲ သူ့ဟာသူတော့ကြည့်ကောင်းပါတယ်"
"သူအပြင်ထွက်တာကို မမြင်ဖူးလို့ပါ ရေလည်မိုက်တာ"
"အဲ့တာကြောင့် သူ့အချစ်ဦးက ဆွဲနေတာကို"
ဒီရေပြောတဲ့စကားက သက္ကရာဇ် နားထဲကို ကန့်လန့်ကြီးဝင်လာတယ်
"သူ့အချစ်ဦး"
"ဟုတယ် တော်တော် အာရုံနောက်တဲ့ကောင်ပဲ ငါ့မိန်းမဆီ တောက်လျှောက်လာပြီး နှိုင်းလင်္ကါ အကြောင်းမေးနေတာ"
"အော်"
ဒီမိန်းမကို စွဲလမ်းတဲ့လူတော့ ရှိသေးတာပဲ
"အာရုံများမနေနဲ့ ငါတို့လုပ်စရာရှိသေးတယ်"
"သိပါတယ်"
သက္ကရာဇ် ကားကို ဂရုတစိုက် မောင်းနေတယ်
............................................................................

ထိုလူသားကြောင့် s(1)Where stories live. Discover now