ထိုလူသားကြောင့်( part -21)

2.3K 38 0
                                        

မနက်ခင်းနေရောင်ခြည်ပေါ်ပေါ်ချင်းမှာပဲ လူတစ်ယောက်က နောက်ဖေးဘက်ကို မြန်မြန်သွားပြီး နှိုင်းကိုပိတ်ထားတဲ့ မြေအောက်တံခါးတစ်ခုကို ဆွဲဖွင့်လိုက်တယ် သူ အောက်ထပ်ကို ဆင်းသွားလိုက်တော့ သူတွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် မြန်မြန်ပင် သူမ နားကို သွားလိုက်တယ် သူမ လဲကျနေတာပဲ သူ သူမကို ပွေ့လိုက်ပြီး မြန်မြန် nurse ဆီ ပို့လိုက်တယ် သူ သက္ကရာဇ် ဆီ ကို အစီအရင်ခံဖို့ သွားလိုက်တယ်
"သခင်လေး"
    သက္ကရာဇ် သူဘာကြောင့်လာမှန်းသိပါတယ်
"ဖွင့်ပေးလိုက်ပြီလား"
"ဟုကဲ့ ကျတော် သွားချိန်မှာ သူမ ကြမ်းပြင်မှာလဲ ကျနေပါတယ်"
"လဲကျတယ်"
"ဟုပါတယ် ကျတော် nurse ကို လွှဲထားပါတယ်"
      ထိုအချိန် nurse က အပြေးအလွှားရောက်လာတယ်
"သခင်လေး ကျမတို့ လူနာကို ဆေးရုံတင်မှ ရမယ်"
"ဘာပြောတယ် သူ ဘာဖြစ်လို့လဲ"
"လူနာ အထိတ်တလန့်ဖြစ်ထားပုံပဲ တစ်ကိုယ်လုံးချွေးတွေပြန်တာ မရပ်ဘူး နှိုးလို့ လည်းမရဘူး ကျမ စိတ်ထင် အမှောင်ကိုကြောက်တာလား ပိတ်လှောင်ထားတာကို ကြောက်တာလား မသိဘူး"
     အဲ့တာကြောင့် မနေ့က သူမ အဲ့တာကို မလုပ်ဖို့ အတင်းတောင်းဆိုနေတာကို
"တောက်စ်..."
     ကိုယ့်ကိုယ်ကို သာကျိန်ဆဲ မိတော့တယ် သူ့တာဝန်က သူမကို ကာကွယ်ဖို့ အခုတော့ ကိုယ်လုပ်လို့ ဆေးရုံပါ တင်ရအုံးမယ် ဒီရေလှိုင်းကြားရင် သတ်တော့မှာပဲ
"မြန်မြန် ဆေးရုံတင် သူမ အသက်ရှင်ပြီး အန္တာရာယ်ကင်းတာ ငါလိုချင်တယ်"
"ဟုကဲ့ သခင်လေး"
    စံအိမ်မှာ လူတွေ ပြာယာခတ်သွားတယ် သက္ကရာဇ် က စိတ်မကြည်တော့ အကုန်လုံးလဲ ထိုင်ရမလို ထ ရမလို ဖြစ်နေတယ် ထိုအချိန် ဖုန်းသံမြည်လာတယ်
"ဟျောင့် သက္ကရာဇ် မင်းဒါလေးတောင် တာဝန်ကျေအောင်မလုပ်နိုင်ဘူးလား"
     ကိုင်တာနဲ့ တန်းဟောက်တော့တာပဲ
"ဒီမှာ ခင်ဗျား ကျနော်ချည်းမပြောနဲ့ ခင်ဗျား ဟာမလေးကို လဲပြောအုံး သူက ကျနော်ကို ကလန်ကဆန်လုပ်နေတာလေ"
"မင်းမှာ တခြား အပြစ်ပေးနည်းမရှိဘူးလား"
"အဲ့တာ အညင်သာဆုံးပဲ"
"မင်း ဆေးရုံမှာ တွေ့မယ်"
"ဟေ့လူ ကျနော် ဆေးရုံမသွားနိုင်..."
       ဆုံးအောင်ပင် ပြောခွင့်မပေး ဖုန်းကိုချသွားတယ်
"ဟာ ဒီလူ ချီးပဲ.."
        ဖုန်းကို ကောက်ပေါက်ပစ်လိုက်တယ် 'တော်တော် ဒုက္ခ ပေးတဲ့ မိန်းမပါလား'
     သက္ကရာဇ် ဆေးရုံသွားဖို့ ပြင်ရတော့တယ်။
............................................................................
စမ်းရေ ဒီရေ နဲ့ဆေးရုံကို လိုက်လာတယ် ဆေးရုံရောက်ရောက်ချင်း သူမ နှိုင်းရှိတဲ့ အခန်းဘက်ကို သွားလိုက်တယ် အခန်းရှေ့မှာ လူငယ်တစ်ဦး သူမ တို့ထက်တော့ ငယ်ပုံပဲ ပုံကတော့ နည်းနည်း ဂျစ်ကန်ကန်ပဲ သေချာပါတယ် ဒီရေလှိုင်းပြောတဲ့သူ့ညီ ဆိုတာ သူမ သူ့ဆီ တည့်တည့်လျှောက်သွားလိုက်တယ်
"သက္ကရာဇ် ထင်တယ်"
     သက္ကရာဇ် သူ့ကိုစူးစမ်းသလိုကြည့်လိုက်တယ်
"ခင်ဗျားက စမ်းရေကြည်ဖြစ်မယ်ထင်တယ်"
"အင်း ဟုတယ်"
"ဟိုလူ ကော"
      စမ်းရေ ဘယ်သူ ကိုပြောတာလဲ ဆိုပြီး စဥ်းစားနေမိတယ်
"မင်းက အကြီးကိုအကြီးမှန်းမသိဘူးပဲ"
      နောက်ကထွက်လာတဲ့ အသံ သက္ကရာဇ် ကြည့်လိုက်တော့ ဒီ​ရေသူ့အကိုကအရင်ကလိုပင် ကြည့်ကောင်းဆဲပဲ
"ခင်ဗျားရောက်လာပြီပဲ ခင်ဗျားလူကို ထားခဲ့ပြီ ကျနော်သွားတော့မယ်"
"နေအုံး မင်းကိစ္စရှင်းသွားအုံး"
"ဘာကိစ္စလဲ"
     ဒီရေ ဆေးရုံခန်းထဲကို မျက်စပြစ်ပြလိုက်တယ်
"ကျနော် ဘာမှမမှာဘူး သူကို ကျနော် သတိပေးထားပြီးသား အဲ့ကြားထဲက သူ့ဘာသာဇွတ်လုပ်တာ"
"ဒါပေမဲ့ မင်းကို ငါက စောင့်ရှောက်ခိုင်းတာ မင်းလုပ်မှ ဆေးရုံတန်းရောက်နေပါလား"
"အဲ့တာကတော့ ကျနော်လဲ မတတ်နိုင်ဘူး"
"ဟျောင့် မင်း တာဝန်ယူစိတ်မရှိတဲ့ စကားမပြောနဲ့"
"ဟ ခင်ဗျား ကိစ္စ သေးသေးလေးကို ရေးကြီး ခွင်ကျယ်လုပ်မနေနဲ့"
"ဒါလူတစ်ယောက်ရဲ့ အသက်ကွ မင်းက သူ့ကိုအပြစ်ပေးတယ် ဟုတယ်မလား ငါက မင်းကို အပြစ်ပြန်ပေးမယ်"
"ဟေ့လူ.."
"မင်းသူ့ကို အချိန်အတိုင်းအတာ တစ်ခု အထိ စောင့်ရှောက်ထားရမယ်"
"မဖြစ်နိုင်တာ"
        စမ်းရေပင် ပါးစပ် ဟ မိသွားတယ် တကယ်ဆို အဲ့လောက် မှ မလိုတာ
         သက္ကရာဇ် ဘာပြန်ပြောရမှန်းမသိ ကိုယ်က သူ့ကို ဘာကိစ္စ စောင့်ရှောက်ရမှာတုန်း
"ဖြစ်နိုင်တယ်"
"အဲ့လောက် စောင့်ရှောက်ချင်ရင် ကိုယ့်ဟာကို စောင့်ရှောက်ပါ့လား"
"မင်း ငါ့စကားကို အထွန့်မတက်နဲ့ သက္ကရာဇ်"
       သက္ကရာဇ် ငြိမ်သွားပါပြီ ဘယ်လောက်ပဲ ပြန်ပြော ပြန်ပြော ငယ်ကြောက်ဆိုတော့ ကြောက်ရသည် သက္ကရာဇ် မျက်နှာတော်တော်ပျက်နေတာကို စမ်းရေ သတိထားမိပါတယ် ဟုလဲ ဟုပါတယ် ကိုယ်နဲ့ ဘာမှမဆိုင်တဲ့ မိန်းခလေးတစ်ယောက်ကို အကြောင်းပြချက်မရှိ စောင့်ရှောက်ရတယ်ဆိုတာက ဘယ်သူ လက်ခံချင်မှာတုန်း
"ကို နှိုင်းမှာ အန္တရာယ် ရှိနေလို့လား"
     သက္ကရာဇ် ကလဲ စူးစမ်းသလိုကြည့်လိုက်တယ်
ဒီရေ သက်ပြင်းချပြီး သူမ ပခုံးကို ဆုပ်ကိုင်ကာ
"bae သူတစ်ယောက်တည်း အန္တရာယ်ရှိနေတာမဟုဘူး"
"ကို bae က ဘယ်သူ ကိုမှ အန္တရာယ် မပေးဖူးပါဘူး"
"bae မှာ ရန်သူမရှိဘူးလား"
"အင်း ပြီးတော့ နှိုင်းကိုကော သူက ဘာရန်ငြိုးရှိတာလဲ"
"ကို လဲ ဘယ်သိမလဲ ကို သိတာက bae အန္တရာယ် ကင်းဖို့ bae စိတ်ချမ်းသာဖို့ပဲ"
စမ်းရေ ပြုံးလိုက်တယ်
( သက္ကရာဇ်  be like:😒😒😒😒)
    အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်းပဲ မြင်နေရလို့လားမသိ အခုလို မြင်နေရတာ တကယ်ကို စောက်မြင်ကပ်စရာ
"ဟျောင့် မင်းအခွက်က ဘာဖြစ်နေတာလဲ"
"ဘာဖြစ်ဖြစ်ပေါ့"
"အေးပေါ့ fa ဆိုတော့ ဘယ်ခံစားနိုင်မလဲ"
"ဒီမှာ သက္ကရာဇ် ဆိုတဲ့ကောင်က လက်ဖျောက်တစ်ချက် တီးလိုက်တာနဲ့ ဝိုင်းဝိုင်းလည်နေတာ ခင်ဗျားလိုလဲ မအိုသေးဘူး"
"ဘာပြောတယ်"
"ဟုတယ်လေ အသက်ကြီးမှ ဂျိုပေါက်နေတာ"
"ဟျောင့် မင်း..."
"ကို တော်တော့ နှိုင်းဆီသွားရအောင်"
      ဒီရေ လက်ညှိုးထိုးပြီး မင်းမှတ်ထားဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တယ် သက္ကရာဇ် ကတော့ဂရုမစိုက်ပါ စမ်းရေရယ် ဒီရေရယ် သက္ကရာဇ် ရယ် အခန်းထဲကိုဝင်သွားကြတယ်
"ဒါနဲ့ သက္ကရာဇ် က ဘာလုပ်လိုက်လို့ နှိုင်းက ဒီလိုဖြစ်သွားတာလဲ"
"ကျတော် သူ့ကို မြေအောက်ခန်းထဲ တစ်ညသိပ်လိုက်တာပါ"
"ဟမ်..မင်းက နှိုင်း အကြောက်ဆုံးအရာကို လုပ်လိုက်တာကို"
" သူအကြောက်ဆုံး သူက ဒီတိုင်းမိန်းခလေးသဘာဝ အမှောင်ကြောက်တာမဟုဘူးလား"
"မိန်းခလေးသဘာဝ..နှိုင်းမှာ မိန်းခလေးသဘာဝ ဆိုတာ မရှိသလောက်ရှားတယ် သူက တစ်ခါတစ်လေ ယောက်ျား​လေးလို့တောင် ထင်ရတယ် အကြောက်အလန့်မရှိလို့ သူ့ကို တော်တော်နဲ့စိတ်မချရဘူး အဲ့လိုလူမှာတောင် အကြောက်ဆုံးအရာရှိတယ်"
"သူက အမှောင်နဲ့ ပိတ်လှောင်တာကို ကြောက်တာလား"
"အင်း အကြောက်ဆုံးပဲ ဘယ်လောက်တောင်လဲဆို သူ့အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိပဲ"
"အော်"
    ' အော်' တဲ့လား တကယ်ကို သွေးအေးတဲ့ ကောင်လေးပဲ အသက်နဲ့တောင်မလိုက်သလို ခံစားရတယ် နှိုင်း နင်တော့ရှေ့လျှောက် ဒီတစ်ယောက်နဲ့ ဘယ်လိုများနေမလဲ သူမ ကုတင်​​ေပါ်လှဲနေတဲ့ နှိုင်းကိုကြည့်ကာ သက်ပြင်းချ လိုက်တယ်
............................................................................
     သူမ တို့ အိမ်ပြန်လာကြတယ် သူမ တို့ အိမ်ရောက်ရောက်ချင်းပဲ သူမ အခန်းထဲ ဝင်ပြီး ရေချိုးဖို့ပြင်လိုက်တယ် သူမ အင်္ကျီချွတ်ဖို့ပြင်နေတုန်း အပေါက်ဝ ကိုကြည့်လိုက်တော့ လက်ပိုက်ပြီး ကြည့်နေတဲ့သူ သူမ လန့်ပြီး အင်္ကျီကို အောက်ပြန်ဆွဲချလိုက်တယ်
"ဆက်လုပ်ပါ"
"မလုပ်ပါဘူး"
"bae ရေချိုး မို့ မဟုဘူးလား"
"အင်း"
"အဲ့ဆို ကိုယ် အင်္ကျိ ကူချွတ်ပေးရမလား"
      သူမ မျက်လုံးတွေ ပြူးကျယ်သွားတယ် ဘယ်လိုတောင် ပြောရဲတာတုန်း
"bae မျက်လုံးတွေ ပေါက်ထွက်တော့မယ်"
"ကို က ဘာတွေ ပြောနေမှန်းမှ မသိတာ"
"ဟ ကိုယ့်မိန်းမကို အင်္ကျီချွတ်ပေးမယ်ပြေ​ာတာလေ"
"ဟ အဲ့တာက."
    စမ်းရေ ဘာဆက်ပြောရမှန်းပင် မသိတော့ ဒီရေကတော့ သူမကို ပြီတီတီ မျက်နှာထားနဲ့ ကြည့်နေတယ်
"ဆက်ပြောလေ"
"ဟာ မသိဘူး တော်ပြီ မချိုးတော့ဘူး"
      သူမ အခန်းတံခါးဆီ ဦးတည်လိုက်တော့ သူမကို နောက်ကနေ သိုင်းဖက်ထားလိုက်တယ် သူမ ခန္ဓာကိုယ်က သူ့ရင်ခွင်ကြီး ထဲ မြှုပ်ဝင်သွားတယ်
"bae ကလဲ ကို က ချစ်လို့ စ တာလေ"
"ခင်ဗျားကြီးက အတည်ပေါက်ကြီးနဲ့လေ"
"bae လက်ခံရင် အတည်ပေါ့"
"ခင်ဗျားကလေ ဘာကြီးမှန်းလဲမသိဘူး"
"ဟောဗျာ ချစ်တာလေ အဲ့တာချစ်တာလို့ခေါ်တယ်"
     အဲ့လို ပြောရင်း သူမ ပါးကို နမ်းလိုက်တယ်
"ကို"
"ဟင်"
     သူမ ပါးကို နမ်းရင်း ထူးနေတယ် သူမပြောတာကို အာရုံသိပ်မစိုက်
"ကိုရေ"
   သူမ ပါးကနေ လည်ပင်း သူမ နှုတ်ခမ်း
"ဒီရေလှိုင်း"
    သူမ နာမည်ခေါ်လိုက်တော့ ရပ်သွားတယ် သူမ ကြည့်လိုက်တော့ ရုပ်တည်ကြီးနဲ့ ဖြစ်သွားတယ်
"bae ကို နာမည်မခေါ်ပါနဲ့ ဘယ်နှခါပြောရမလဲ bae က ကို bae ကို ထိ တာမကြိုက်ဘူးလား"
"ဟမ်"
"bae က မထိစေချင်တာလား ဘာလဲ ကို ကို သဘောမကျတာလား"
   ဟော ခက်ရချည်းရဲ့ ဘယ်နှယ့်လုပ်မတုန်း ဒီလင်နဲ့
"မဟုပါဘူး ကို"
    သူမ ကို ဖက်ထားတာကို ဖြုတ်ပြီး လှည့်ထွက်သွားတယ်
"ကို"
  ပြန်မထူးပေ သူမ ကို မျက်နှာလွှဲ ထားတယ်
"ကိုရေလို့ ဒီဘက်ကိုကြည့်ပါလို့"
     ဒီရေ ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး သူမ နဲ့မျက်နှာချင်းဆိုင်စေလိုက်တယ်
"ကို bae ကလေ ကို ကိုမထိစေချင်တာ မဟုဘူး bae က မနေတတ်တာပါ  bae က ကို ကိုအရမ်းချစ်တာပါ ကို ချစ်တဲ့ သူထိတာ ကို မကြိုက်တဲ့သူ ဘယ်သူရှိမှာတုန်း ပြီးတော့ bae ငြင်းတယ်ဆိုတာက ထိတာ ကိုမကြိုက်လို့မဟုပဲ မေးစရာရှိလို့ပါ နော် ကို"
    သူမ ပြောတဲ့ပုံစံလေးက အရမ်းကို ချစ်စရာကောင်းနေတယ် သူမ သူကိုယ့်သူ သတိထားမိလားတော့မသိ ကိုယ်မျက်လုံးထဲမှာတော့ မချွဲတတ် ချွဲတတ် ချွဲနေတယ်လို့ ခံစားနေရတယ် ဒီမိန်းလေး အသည်းယားလွန်းလို့ ဘယ်လိုလုပ်မလဲ။ဒီရေ စိတ်ဆိုးပြေတာကို မျက်နှာမှာမပြ မျက်နှာတည်နဲ့ သူမကို မေးလိုက်တယ်
"ဘာမေးမို့လဲ"
"အရင်ဆုံး စိတ်ဆိုးပြေ ပြီလား ပြော"  
      ဒီရေ မဖြေ
"ယောက်ျားကလဲ စိတ်ဆိုးပြေပြီလားလို့"
"ကျစ် ဘယ်လိုလုပ်မလဲ"
"ဘာကိုလဲ"
"မင်းလေးက ဒီလို ဆွဲဆောင်နေတော့ ကိုယ် ဘယ်လိုလုပ်မလဲလို့"
"စိတ်ဆိုးပြေနေပြီမလား"
"အွန်း မိန်းမလေးကချစ်ဖို့ကောင်းလွန်းလို့"
"တကယ်ပဲ"
      သူမ လေးခါးကို သိုင်းဖက်လိုက်တယ်
"မေးမို့ဆို"
"အွန်း ဟုတယ် နှိုင်းကို ဘာလို့ သက္ကရာဇ် ဆီ ပို့လိုက်တာလဲ"
"တကယ်တော့ ကိုယ် baeတစ်ယောက်ထဲပဲ ကာကွယ်နိုင်တဲ့ အခြေအနေ မို့ ကို မှာ နိုင်ငံခြားဘက်ကလုပ်ငန်းက အခုမှ အခြေ ချ ကာ စ မို့ ကို့ မှာ bae နဲ့ နှိုင်း နှစ်ယောက်လုံးကို အသေးစိတ်က စောင့်ကြည့်ဖို့ ကို မတတ်နိုင်ဘူး သက္ကရာဇ် က နှိုင်းကို ကာကွယ်နိုင်တယ် သူ့အဖွဲ့အစည်းက ကို လို လူရှေ့ထွက်မပြပဲ နောက်ကနေ လှုပ်ရှားတဲ့သူတွေဆိုတော့ သူ့တို့က ပုန်းလျှို ကွယ်လျှို နေတဲ့နေရာမှာတော်တယ်လေ နှိုင်းက သူတို့နဲ့ဆို စိတ်ချရမှာပါ"
"အော် ကို အရမ်းပင်ပန်းနေလားဟင်"
"ဘာကို"
"အခုလို အလုပ်တွေအများကြီး ဦးစီး နေရတာလေ"
"အရင်ကတော့ ပင်ပန်းတယ် အခု bae ရယ် သားလေးရယ် ရှိနေတော့ ကို မပင်ပန်းပါဘူး bae ရယ် သားရယ် က ကိုယ့်အတွက် အားဆေးလေးတွေလေ"
"တကယ်ပဲ ပြောတတ်တာ ဟွန့်"
"bae နဲ့ တွေ့ရင် ကို က စကားတွေ အရမ်းတတ်တာ သိလား"
"သိပါတယ် bae က အဲ့တော်ကီတွေအောက်ကြွေနေတာ"
"bae"
"ရှင် "
"အရမ်းချစ်တယ်"
"bae ကောပဲ"
      တစ်ယောက်ကိုတစ်ယောက် ညှို့ငင်အားပြင်းစွာ စိုက်ကြည့်နေတယ် သူတို့တွေ ပတ်ဝန်းကျင်ကို အာရုံမစိုက်နိုင် တစ်ယောက် မျက်လုံးကို တစ်ယောက် အကြည့်မလွှဲနိုင်စွာကြည့်နေတယ် ထိုမျက်လုံးနှစ်စုံထဲမှာ ချစ်ခြင်းတွေ ဂရုစိုက်မှုတွေ နွေးထွေးမှုတွေ စီးမျောနေတယ် သူတို့ ကိုယ်တိုင်ပင် သတိမထားမိလိုက်ပဲ သူတို့ မျက်နှာချင်း နီးကပ်သွားတယ် ဒီရေ သူမ နှုတ်ခမ်း နားကို ဖြည်းညင်းစွာ တိုးကပ်ရင်း သူမ နှုတ်ခမ်း သားအလွှာလေးကို တစ်လွှာချင်း စုပ်ယူနမ်းရှိုက်လိုက်တယ် သူမကိုလဲ စိုက်​​​ကြည့်ရင်း သူဖြည်းဖြည်းချင်းနမ်းရှိုက်နေတယ်နူးညံ့တဲ့နှုတ်ခမ်းသားအလွှာလေးကို တစ်လွှာချင်းစားသောက်နေတယ်။စမ်းရေ သူ့အနမ်းတွေကို တုံ့ပြန်ရင်း သူမ မျက်လုံးတွေ မှေးစင်းသွားတယ် သူမကို နမ်းရှိုက်ရင်းကြည့်နေတဲ့ သူ့အကြည့်တွေကို သူမ မတွန်းလှန်နိုင်ပါ သူမ ရင်လဲ မရင်ဆိုင်ရဲ သူမ မျက်လုံးတွေကို မှိတ်ချမိလိုက်တယ်။
............................................................................
(ကြားထဲမှာ မတင်ဖြစ်တာတွေအတွက် တောင်းပန်ပါတယ် နောက်ပိုင်းကျ နည်းနည်း ရှည်ရှည် ရေးပေးပါ့မယ် ရှင့် အားလုံးကျန်းမာရေးဂရုစိုက်ကြပါ စာလုံးပေါင်းတွေ မှားရင် ဖြည့်ဖတ်ပေးကျဖို့ တောင်းဆိုပါတယ်)😘😘

ထိုလူသားကြောင့် s(1)Where stories live. Discover now