စမ်းရေ ဒီနေ့ နှိုင်းတို့နဲ့ ချိန်းထားတာမို့ ပြင်ဆင်နေတယ် သူမ ဆံပင်စည်းဖို့ ပြင်နေတုန်း နောက်က ရုတ်တရက် သိုင်းဖက်တာ ခံလိုက်ရတယ်
"baby"
"ဟမ်"
သူမ ကြောင်သွားတယ် ဘယ်တုန်းက သူအဲ့လို ခေါ်တတ်သွားပါလိမ့် သူမ သူ့ကို အဖြေပေးပြီးနေ့ကတည်းက တတ်နိုင်သလောက်ရှောင်နေတယ် ဒါပေမဲ့ သူမမနက်နိုးလာတိုင်းသူက တော့ သူမကိုဖက်လျက်တိုင်းပဲ
ဒီရေ သူမ ပခုံးကို ငုံ့နမ်းလိုက်တယ် စမ်းရေ ကြက်သီးပင် ထသွားတယ် ဒီရေ ပြုံးလိုက်တယ်
"ဒီရေလှိုင်း အဲ့လို မလုပ်နဲ့ ယားတယ်"
"ကိုယ့်ယောက်ျားကိုယ် ခေါ်တာ စိမ်းကားလိုက်တာ"
ပိုင်စိုး ပိုင်နင်း သူ့ကိုယ်သူ ယောက်ျားလို့ ဇွတ်သုံးနေတယ်
"baby ဒီနေ့ အပြင်သွားမှာလား"
"အင်း"
"ကိုယ် လိုက်ခဲ့မယ်လေ"
"ရပါတယ် နှိုင်းတို့ လာခေါ်မှာ"
ဒီရေ မသိဘဲနေမလား။သိတာပေါ့ ဒါပေမဲ့လဲ ကိုယ့်ချစ်ရတဲ့အမျိုးသမီးလေးကို မိန်းခလေးတွေချည်း လွှတ်ရတာဘယ်စိတ်ချမလဲ ကိုယ်ကိုယ်တိုင်ကလဲ ရန်များတဲ့သူ အခု သူမကိုလဲ တရားဝင်ကြေငြာထားတာ သူမ တစ်ခုခုဖြစ်မှာ စိတ်ပူတာပေါ့။
"ကိုယ်က စိတ်ပူလို့ပါ"
"မပူပါနဲ့ နှိုင်း ရှိပါတယ်"
"baby သူငယ်ချင်းက ဘာဖြစ်လို့"
"သူက အတိုက်အခိုက်ကျွမ်းတယ်လေ"
"ဒါပေမဲ့ ကိုယ်စိတ်ပူ.."
"စိတ်မပူနဲ့နော် ခနပဲသွားမှာ"
သူမ သူ့ကို မျက်နှာချင်းဆိုင်ပြီးပြောလိုက်တယ် သူမရဲ့ အပြုံးနဲ့အတူတူပေါ့။
ဒီရေ သူမရဲ့ နှစ်လိုဖွယ် ကောင်းတဲ့အပြုံးကို သေချာ မမြင်ဖူးပါ။အထူးသဖြင့် သူ့ရှေ့မှာ သူမပြုံးတာ သိပ်ရှားပါတယ်
"အဲ့ဆို ကို စိတ်ချမယ်နော်"
"အင်း သွားတော့မယ်"
သူမ ထွက်သွားဖို့ ပြင်တော့ ဒီရေ သူမကို လက်ကို လှမ်းဆွဲလိုက်မယ်
"ဘာတုန်း"
"ကိုယ့်ယောက်ျားကို မသွားခင်လေး အာဘွားပေးရတယ် မသိဘူးလား"
"ဟုမယ်ဒီရေလှိုင်း လွှတ်တော့"
"ဟာ ကိုယ့်ယောက်ျားကို အဲ့လိုခေါ်ရလား
ကိုကို တို့ မောင် တို့ ယောက်ျားတို့ခေါ်ပေါ့"
စမ်းရေခေါင်းသာကုပ်မိနေတယ် တော်တော်ရစ်တဲ့ ယောက်ျားပဲ
"ချစ်ရပါသော ကျမ အမျိုးသားလေးရှင့် လက်ခလေးကို လွှတ်ပေးပါ့လား"
"ပြန်ခေါ်ပေး"
"ရွဲ့ခေါ်နေတာ"
"အဲ့ ရွဲ့ခေါ်တာလေးက နားဝင်ချိုနေတာ"
"ဒီရေလှိုင်း နောက်ကျနေပြီ လွှတ်တော့လို့"
"လုပ်ပါကွာ ကိုယ့်ကိုယ်ကို အာဘွား မပေးရင်နေပါစေ အဲ့နာမည်မခေါ်နဲ့ နာမ်စားလေး တစ်မျိုးခေါ်ပေးပါ"
"ခေါ်ပေးမယ် ဒါပေမဲ့ မောင် လို့ ခေါ်ရအောင် နင်နဲ့ငါက ရွယ်တူ နီးပါးပဲ ကိုကိုလို့ ခေါ်ရအောင်လဲ မရဘူး ယောက်ျားလို့ ခေါ်ရတာလဲ လူကြားထဲကျ ရှက်စရာကြီး"
"ဟာ bae ကလဲ အဲ့တာကို ဘယ်လို ခေါ်မှာတုန်း"
"ကို"
စမ်းရေပြုံးပြလိုက်တယ်
"ရလား"
"မဆိုးပါဘူး"
"တကယ်ပဲ သွားပြီ"
"ညကျ စောစောပြန်လာနော် ကို စောင့်နေမယ်"
"မရဘူး တစ်ညအိပ်မှာ"
ဒီရေ မျက်ခုံးပင့်ပြီးကြည့်တော့
"ဟုတယ် ကျမ သူငယ်ချင်း အမေ အိမ်ကို ဝင်မို့"
"ကို လဲ မသိရပါလား"
"ကို က အလုပ်ရှုပ်နေတော့ မပြောဖြစ်တာပါ သွားတော့မယ် နောက်နေ့မှတွေ့မယ်"
"အင်းပါ ကို လွမ်းနေပါမယ်"
စမ်းရေ အပိုတွေဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တယ် သူမလဲ ဘာမှဆက်မပြောပဲ ထွက်လာလိုက််တယ်
စမ်းရေ နှောင်းတို့ လာခေါ်တော့ လိုက်သွားတယ် သူမတို့ ပန်းဆိုင်တစ်ခုကို ဝင်ပြီး နှင်းဆီဖြူလေးတွေ ဝယ်သွားကြတယ် သူမတို့ မောင်းလာတဲ့ကားလေးက တစ်ဖြည်းဖြည်းနဲ့မြို့ပြင်ထွက်လာတယ် မြက်ခင်းပြင်စိမ်းစိမ်းလေးပေါ်ကို ကားလေးက တရွေ့ရွေ့မောင်းလာတယ် အရိပ်ရတဲ့ သစ်ပင်မှာရပ်လိုက်ပြီး သူမတို့ နှင်းဆီဖြူလေးတွေ ကိုင်ကာ အဖြူရောင် အုတ်ဂူလေးရှေ့မှာ ရပ်လိုက်တယ် အဖြူရောင်အုတ်ဂူလေးကို သူတို့ ညှိုးငယ်စွာကြည့်လိုက်တယ် (မိုးထက်ကြယ် ၊၁၈နှစ်)ဆိုတဲ့စာတန်းလေးက အရောင်မှိန်မှိန်လေးပေါ်နေတယ် အုတ်ဂူပေါ်မှာတော့ သူငယ်ချင်းလေးယောက်ပုံလေး
"မိုး ငါတို့ရောက်လာပြီနော် ဒီတစ်ခါစမ်းရေပါတယ်ဟ"
ဂျူလီက မျက်ရည် တွေစီးလျက် ပြောနေတယ် စမ်းရေ အုတ်ဂူလေးဘေးမှာထိုင်ပြီး
"ငါအကြာကြီးနေမှ လာလို့ တောင်းပန်ပါတယ်ဟာ ငါ နင်ကြိုက်တဲ့ နှင်းဆီဖြူလေးတွေ ဝယ်ခဲ့တယ် ပြီးတော့ နင့်အတွက် တူလေးတစ်ယောက်ငါမွေးပေးထားတယ် သိလား ကောင်မ"
သူမ ပြောရင်း မျက်ရည်ကျလာတယ်
"နင်တို့ကလဲ သူငယ်ချင်းနဲ့ပြန်တွေ့တာတောင်ဘာလို့ ငိုနေတာလဲ"
နှိုင်းက မျက်ရည်ဝဲလေးနဲ့ပြောလိုက််တယ်
သူတို့ သုံးယောက် အတူတူပင်ငိုမိတယ်
"မိုး နင် ဘယ်အချိန် ထိ အိပ်နေမှာလဲဟာငါတို့ သုံးယောက်ထဲ ဘာလို့ ထားခဲ့တာလဲ"
ဂျူလီ တကယ်ကို ငိုချလိုက်ပါပြီ နှိုင်းနဲ့ စမ်းရေလဲ မျက်ရည်ကို ထိန်းမထားနိုင်တော့ဘူး
မိုးထွက်သွားတာ ၁၂ နှစ်တောင်ကြာပေမဲ့ သူတို့တွေ မမေ့နိုင်ကြပါဘူး အမြဲတမ်းသူရှိရင် ပွဲဆူတတ်ပြီး အစားဆိုရင် ရှေ့ဆုံးကစားသူ အတင်းဆို ရှေ့ဆုံးက ပြောသူ တစ်ခုခုဆို အမြဲရှေ့ဆုံးက အခု သူတို့ရှေ့ဆုံးကပဲ သူမ ထွက်သွားပါပြီ
သူမ တို့ အဲ့နားလေးမှာ ခနလောက်နေပြီး ကားဆီ ထွက်လာကြတယ် တောင်ကုန်းတစ်နေရာရောက်တော့ ကားကို ခနရပ်လိုက်တယ်
"စမ်းရေ ဂျူလီ သွားမယ်လေ"
"အင်းပါ"
သူမတို့ မုန့်ထုပ်တွေ အစုံအလင်ကိုင်ပြီး တောင်အောက်ဘက်ကို ခက်ခက်ခဲခဲ ဆင်းလာလိုက််တယ် သူမ တို့ခြံထဲဝင်လိုက်တော့ ပန်းဥယျာဥ်ထဲ က လူတစ်ယောက်ထွက်လာပြီး
"သမီးတို့ ရောက် ပြီလား အဘက သမီးတို့ကို စောင့်နေတာ"
"ဟုကဲ့ ဘဘ အမေကော"
"ရှိပါ့ဗျာ သမီးတို့အတွက် စားစရာတွေ ပြင်နေလေရဲ့"
"ဟုကဲ့ ဘဘ အဲ့ဆို သမီးတို့ အထဲဝင်တော့မယ်နော်"
နှိုင်းရှေ့က ဝင်သွားလိုက်တယ် သူမတို့နောက်ကလိုက်ဝင်ပြီး
"သမီးတို့ လာကျ ထမင်းစားမယ်"
"အမေ သမီးကိုလွမ်းဘူးလား"
စမ်းရေ အန်တီကိုချွဲလိုက်တယ်
"လွမ်းတာပေါ့ မေမေ သမီးလေးကို မြေးလေးကိုကျ ခေါ်မလာဘူးနော်"
"နောက်မှ အေးေဆး ခေါ်လာမို့ မေမေရဲ့"
"မေမေက စမ်းရေမြင်တော့ သမီးတို့ ကို မေ့သွားပြီပေါ့"
"အမယ်လေး မေမေ သမီးတွေ မေမေ က မေ့စရာလား"
ဒေါ်ယဥ်မေခ ကို စမ်းရေတို့ သုံးယောက်လုံးဖက်လိုက်တယ် တကယ်တော့ ဒေါ်ယဥ်မေခ က မိုးရဲ့အမေပါ မိုးမရှိတော့တဲ့ နောက်မှာ စမ်းရေတို့ကို သမီးအရင်းတွေလို ဆက်ဆံတယ် စမ်းရေတို့ကလဲ အားရင်အားသလို လာလေ့ရှိတယ် မိဘတွေ မရှိတော့တဲ့ စမ်းရေအတွက် ဒေါ်ယဥ်မေခ က အမေအရင်းတစ်ယောက်လိုပါပဲ
သူမ တို့ စားပြီသောက်ပြီးတော့ ဒီရေက သူမကို ဖုန်းလှမ်းဆက်တယ် သူမ ဝရံတာမှာ ဒီရေနဲ့ စကားပြောနေတယ်
"bae မင်းမရှိတော့ အိမ်က ခြောက်ကပ်နေတာပဲ"
"ပြောပြီ"
"ဟုတယ်လေ bae မရှိပဲ ကိုယ်မနေနိုင်တာ ဘယ်လိုလုပ် အခုချိန် bae သာရှိရင်လေ ကိုယ့်ရင်ခွင်ထဲ တင်းကြပ်နေအောင်ဖက်ထားပြီး bae နှုတ်ခမ်းကိုလေ...."
"ရပြီ တော်လိုက်တော့ ရှင်နော် ပါးစပ် ကို စည်းကမ်းရှိပါ ဖုန်းထဲမှာ တောင်နော်"
"ကိုယ်က ချစ်လို့ပါ"
"တကယ်ပဲ ဖုန်းချတော့မယ် နှိုင်းတို့နဲ့ စက်ဘီးစီးမလို့"
"နေပါအုံး မိန်းမကလဲ ယောက်ျားကို လွမ်းဘူးလား"
"ဟ"
"လွမ်းလား"
"အင်း"
"အင်းပဲ မပြောနဲ့လေ"
"လွမ်းတယ် လွမ်းတယ်ဟုပြီလား"
"ချစ်လား"
"ရှင်နော်"
"ပြောပါ"
"ချစ်လဲချစ်တယ် လွမ်းလဲ လွမ်းတယ် ဒါပဲ"
စမ်းရေ ဖုန်းချလိုက်တယ် သူမ မချရင်လဲ စကားက ပြတ်မှာ မဟုဘူး
"ကောင်မလေး တစ်ယောက် ကောင်မလေးတစ်ယောက်"
သူမ လှည့်ကြည့်လိုက်တော့ နှိုင်းနဲ့ ဂျူလီ သူမကို လှမ်းစနေတယ် ဘယ်အချိန်က ရောက်မှန်းမသိ
"နင်တို့နော်"
"ငါတို့က ဘာလုပ်လို့ သီချင်းဆိုတာလေ"
နှိုင်းက မသိချင်ယောင်ဆောင်ပြီးဖြေလိုက်တယ်
"ဟုတယ်လေ"
"အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်ကွယ်"
"နှိုင်းတော်တော့နော်"
"ဟ ဘလိုင်းကြီးပါလား"
"အေးလေ စမ်းရေကလဲ နှိုင်းက သီချင်းဆိုတာကို"
"နော့်"
တော်တော်ကို အတိုင်အဖောက် ညီတဲ့နှစ်ယောက် စမ်းရေသူတို့နှစ်ယောက်ကို မျက်စောင်းထိုးပြီးထွက်သွားတယ် သူမ နှစ်လှမ်းလောက်လျှောက်ပြီးတော့ နောက်ကနေ အသံကြားလိုက်တယ်
"bae ချစ်လား"
ဂျူလီက စပြောလိုက်တယ်
"ရှင်နော်"
နှိုင်းကရှက်သလိုလို ပုံစံနဲ့ပြန်ပြောလိုက်တယ်
"ပြောပါ"
"ချစ်လဲချစ်တယ် လွမ်းလဲလွမ်းတယ် ဟုပြီလား"
"ဟာ အဲ့တာကြောင့်ကိုကလဲ များရီးချစ်"
"နှိုင်း ဂျူလီ"
"ဘာလဲဟ"
"နင်တို့ ဘာလုပ်နေတာလဲ"
"မတ်တပ်ရပ်နေတာလေ"
"နင်တို့တွေ ငါနဲ့တွေ့မယ်"
စမ်းရေ သူတို့ကိုနောက်ကလိုက်ရိုက်တော့ နှိုင်းနဲ့ဂျူလီ ပြေးရင်း
"အမေရေ အမေသမီး သမီးတို့ကို လိုက်ရိုက်နေတယ်"
ဒေါ်ယဥ်မေခ အောက်ထပ်ကနေလှမ်းအော်လိုက်တယ်
"နင်တို့တွေခလေးတောင် မွေးတော့မယ် အခုထိ ဆော့တုန်းလား"
တောင်ခြေက အိမ်လေးက သူမ တို့လာမှ ဆူညံသွားလေရဲ့
သူမ တို့သုံးယောက် ညနေစောင်းစက်ဘီးစီးထွက်လာလိုက်တယ် ရှေ့နားမှာ ချောက်ကွေ့ကြီးရှိတာမို့ သတိထားစီးနေကြတယ် နှိုင်းက အရှိန်မလျော့ပေ
"နှိုင်း နင်အရှိန်လျော့အုံး ရှေ့မှာ အကွေ့ရှိတယ်"
"အေးဆေးပါ ဂျူလီရာ"
ထိုအချိန် ကားတစ်စီးက အရှိန်ပြင်းစွာ မောင်းလာတယ်
"နှိုင်း သတိထား"
စမ်းေ ရ နှိုင်းကိုအော်လိုက်ပေမဲ့ သူမ ကိုယ်တိုင်လဲ ကားကို ရှောင်ရင် တောင်နံရံနဲ့တိုက်မိပြီးသူမ စက်ဘီးနဲ့အတူ ဘေးဘက်ကို အရှိန်နဲ့လှဲကျ သွားတယ် သူမ သတိမေ့သွားတယ် သူမ တွေ့လိုက်တာက ငိုယိုနေတဲ့ ဂျူလီ
စမ်းရေ မျက်လုံးတွေ ဝိုးတဝါးဝါးမြင်နေရတယ် လူတွေ ကားသံတွေ သူမ မျက်လုံးဖွင့်ဖို့ အားမရှိ သူမ ဒီရေလှိုင်းရဲ့အသံကိုတော့ ဝိုးတဝါးဝါး ကြားနေရတယ် သူမ မျက်လုံးတွေ ပြန်မှိတ်သွားတယ် သူမ လောကကြီးနဲ့ ခန အဆက်အသွယ်ပြတ်သွားတယ်
အုတ်ဂူဖြူလေးပေါ်မှာ ရှိတဲ့ နှင်းဆီဖြူလေးကို လေလေးတစ်ချက်တိုက်ခတ်သွားတယ် အရမ်းကို ငြင်သာတဲ့ လေပြေလေးတစ်ခုပါ။
(မရေးတာကြာလို့ တောင်းပန်ပါတယ် စိတ်ရှည်ရှည်နဲ့ စောင့်ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ် နောက်တစ်ပိုင်းကို ဒီထက်စောစောရေးပေးပါ့မယ် အားလုံးပဲ gn ပါ)
YOU ARE READING
ထိုလူသားကြောင့် s(1)
Romance"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...
