"နှိုင်း"
ရဲဇေ ရယ် စမ်းရေ ရယ် နှိုင်းနားကို အမြန်သွားလိုက်တယ်
"နှိုင်း နင် သတိရလာပြီနော်"
စမ်းရေ မျက်ရည်တွေဝဲလာတယ်
"မငိုပါနဲ့ ငါသေ သွားတာမဟုဘူး"
"သေတာ့မလို့ဟဲ့ သိလား"
ရဲဇေကတော့ ဘာမှဝင်မပြော နှိုင်း ရဲဇေ ကိုကြည့်ပြီး
"ငါသတိရတာ မပျော်ဘူးလား"
"ပျော်ပါတယ်"
"နင်က စိတ်ထဲက မပါသလိုပဲ"
"ပါပါတယ်ဟ နင်က ငါ့ကို နည်းနည်းတော့ အားနာခွင့်ပေးပါအုံး"
"နင်က ဘာအားနာ"
"ငါတောင်းပန်ပါတယ်"
"နင်ဘာလုပ်ခဲ့လို့လဲ"
နှိုင်းက ဖြေးညင်းစွာ မေးလိုက်တယ်
"ငါ..က နင်တို့..အပေါ် မကောင်းခဲ့ဘူး နင်တို့ကတော့ ငါကိုမမုန်းတဲ့အပြင် ကာတောင်ကာကွယ်ပေးသေးတယ်"
"နင်က ငါတို့အပေါ် အမြဲကောင်းခဲ့တာပါဟာ"
"ဟုတယ် ရဲဇေ ငါတို့လိုအပ်ချိန်တိုင်း နင်ငါတို့ဘေးမှာ အမြဲရှိနေခဲ့တာပါဟာ"
"နင် အခုလိုအချိန်မှာ နင့်ဘေးနား ငါတို့ရှိနေရမှာပေါ့"
မျက်ရည်က ကျလာပြန်ပါပြီ ယောက်ျားတန်မဲ့ အဲ့လောက်မျက်ရည်လွယ်ရလားဆိုပြီး ကိုယ့်ကိုယ်သာကြိမ်းမောင်း နေမိတယ်
"နှိုင်း..အမယ်လေး"
ဂျူလီလာရင်း တံခါးနဲ့ ခေါင်းဆောင့်မိသွားတယ်
"ဂျူလီရယ်ဖြစ်ရမယ်"
စမ်းရေ ပြုံးလျက်ပြောလိုက်တယ်
"ငါလဲ မြန်မြန်လာရင်းဖြစ်သွားတာပါ"
သူမ နှိုင်းဆီ လျှောက်လာတယ်
"ဟယ်..နေကြာပန်းတွေပါလား ဘာလဲ နင့်အဆက်ဟောင်းကြီးလာသွားတာလား"
သူမ ပြီတီတီ မျက်နှာနဲ့ နှိုင်းကိုလှမ်းပြောလိုက်တယ်
(နှိုင်းbe like:😒😒😒)
"မဟုပါဘူးဟာ ရဲဇေ ယူလာပေးတာ"
စမ်းရေ က ဝင်ပြောလိုက်တယ်
"မသိပါဘူး နင့်ဟာကြီးများ လာတာလားလို့ ဒါနဲ့ နေပါအုံး ရဲဇေ နင်က ဘာလို့ အခုမှ အခန်းထဲ ဝင်လာတာလဲ"
"ငါကအပြစ်လုပ်ထားသူလေ ဘယ်လိုလုပ် ငါ တန်းဝင်လာရဲမလဲ နင့်ကိုလဲ တောင်းပန်ပါတယ်"
"ရပါတယ် အချင်းချင်းတွေပဲဟာ"
ရဲဇေ သူ့ပါးချိုင့်လေးတွေ ပေါ်အောင်ပြုံးလိုက်တယ်
"တီတီ"
နေရောင် လေး နှိုင်းနားကို သွားပြီး ခေါ်လိုက်တယ်
"ဟယ် နေရောင်လေး တီတီ ကို လွမ်းနေတာလား"
နေရောင်လေး ခေါင်းကိုငြိမ့်ပြလိုက်တယ်
"တီတီ အားတွေပြည့်သွားပြီလား"
နှိုင်း ပြုံးပြီး နေရောင်လေးကို ကုတင်ပေါ်ကနေ မချီလိုက်တယ်
"တွေ့လား တီတီ အားအပြည့်ပဲ"
"ဟုတယ် တီတီအားတွေပြည့်သွားပြီ အဲ့ဆို သားသားနဲ့ဆော့အုံးမှာလား"
"ဆော့ပေးမှာပေါ့ သားသားရဲ့"
"အမယ် ကိုယ်တော်လေး တော်ကြီးက ကျုပ်ကို မေ့နေတာပေါ့"
ဂျူလီက ခါးကိုထောက်ပြီးပြောတယ်
နေရောင်က ကုတင်ပေါ်ကနေ လျှောတိုက်ဆင်းပြီ
ဂျူလီဆီပြေးဖက်ပြီး
"တီလေးကလဲ သားသားက တီလေးကိုလဲ ချစ်ပါတယ်"
"ဟွန့် ချွဲတတ်တယ်နော်"
သူမကို စပ်ဖြဲဖြဲနဲ့ရီပြနေတဲ့ နေရောင်လေး
"သားသား ဦးဦး ကိုသိလား"
နေရောင်က ခေါင်းကိုကိုင်ပြီးစဥ်းစားလိုက််တယ်
"ဦးဦး က ဟိုဓာတ်ပုံထဲက ဦးဦးမလား"
"ဘယ်ပုံလဲ"
"မေမေ သိမ်းထားတဲ့ပုံထဲက ဦးဦးလေ"
"ငါတို့ သူငယ်ချင်း တွေ စုရိုက်ထားတဲ့ပုံလေးလေ"
စမ်းရေ က ဝင်ပြောလိုက်တယ်
ရဲဇေ က နားလည်သွားတဲ့ပုံနဲ့ နှစ်လိုဖွယ် ကောင်းအောင်ပြုံးပြီး
"ဦးဦး က ဘယ်သွားနေတာလဲဟင်"
"ဦးဦးက ခရီးအဝေးကြီးကိုသွားနေတာ"
"သားသား လဲ ခရီးသွားရတာကြိုက်တယ်"
"ဟုလား သားဖေဖေ ကိုလိုက်ပို့ခိုင်းလေ"
"ဖေဖေ ကပြောတယ် သွားချင်ရင်ကိုယ်တိုင်သွားတဲ့"
"ဟုလား"
"ဟုတယ် အဲ့တာကြောင့် သားကိုမြန်မြန်အရွယ်ရောက်လာအောင်ကြိုးစားတဲ့"
ရဲဇေ တစ်ချက်ပြုံးလိုက်တယ်
"ဦးဦး ကအရမ်းပြုံးတာပဲနော်"
"ဘာလို့ လဲ ဦးဦးပြုံးတာ မချောလို့လား"
နေရောင်က ခေါင်းရမ်းလိုက်တယ်
"ဦးဦး ကပြုံးနေရင် ပိုချောတယ်"
"ပြောတတ်လိုက်တာ"
စမ်းရေ ရယ် နှိုင်းရယ် ဂျူလီရယ်က မျက်စပစ်ပြလိုက််တယ်
"နေရောင်တို့များနော် အသစ်တွေ့အဟောင်းမေ့"
ဂျူလီ က ဝင်ပြောပြန်တယ်
"ဒီမှာ မနာလိုဖြစ်မနေနဲ့ ခလေးကမှန်တာပြောတာ"
"နင့်ကိုများ မနာလိုဖြစ်ရအုံးမယ်"
"ငါလဲ ခါချနေရတာပါနော်"
"ဘာလဲ သန်း တွေလား"
"ရဲဇေ နင် အဲ့အကြောင်းလာမပြောနဲ့"
နှိုင်းနဲ့စမ်းရေ ကတော့ ဘေးကနေ ရီနေတယ်
ထိုအချိန် တံခါးဖွင့်သံကြားလို့ ကြည့်လိုက်တော့
"စမ်းရေ"
ဒီရေနဲ့အတူ ဝင်လာတဲ့ သက္ကရာဇ်
"နှိုင်း နိုးပြီလား"
"နိုးပြီ ကိုဒီရေလှိုင်း ဒီအတောအတွင်း နှိုင်းကို ကူညီပေးလို့ကျေးဇူးပါနော် သက္ကရာဇ် ကောပဲ"
သက္ကရာဇ် မျက်မှောင်ကြုံ့လိုက်တယ် 'ဒါပဲလား'
"ခင်ဗျားက တကယ်ကူညီတဲ့ကျုပ်ကိုကျ သေချာကျေးဇူးမတင်ဘူးပဲ"
လာပြန်ပြီ ကန့်လန့် အမြဲတမ်း ဘာလို့ အဲ့လိုလုပ်နေလဲ နှိုင်းလဲ နားမလည်
"ဟုကဲ့ ကျမကို အခုလို အများကြီး ကူညီပေးတဲ့ ဟောဒီက မောင်လေး သက္ကရာဇ် ကိုကျေးဇူးတင်ပါတယ်ရှင့်"
သူမ တစ်လုံးစီကိုဖြေးဖြေးချင်းပြောလိုက်တယ်
"ခင်ဗျား ကျုပ်ကိုရွဲ့တာလား"
"ဟ ငါနင့်ကို သေချာ ကျေးဇူးတင်နေတာလေ"
"ခင်ဗျား...."
"တော်တော့"
သက္ကရာဇ် ဆက်ပြောဖို့ပြင်လိုက်ပေမယ့် ဒီရေ က ဝင်တားလိုက်တာမို့ ရပ်သွားတယ် ဒီရေ ရဲဇေ နားကိုသွားလိုက်တယ်
"မင်းဘက်က ငါ့မိန်းမ အပေါ်ရှိတဲ့အငြှိုးတွေ ပြေဖို့ ငါမျှော်လင့်ပါတယ်"
"ငါပြေပါပြီ"
"အေး တကယ်လို့ မင်း ငါ့မိန်းမအပေါ်ထပ်ပြီး စိတ်ဒုက္ခပေးအုံးမယ် ဆို ငါ့အဆိုးမဆိုနဲ့"
"ခြိမ်းခြောက်တာလား"
"သတိပေးတာ"
စမ်းရေ ဒီရေ နားကိုသွားပြီး
"ကို ကျမ သူငယ်ချင်း ကိုဘာလို့အလိုပြောတာလဲ"
စောနက ရဲဇေ ကိုကြည့်နေတဲ့ မာထန်ထန် မျက်နှာက ချက်ချင်းပင်ပြောင်းသွားပြီး
"bae ကိုချစ်လို့လေ"
အကုန်လုံး မျက်စောင်းတွေ သူတို့နှစ်ယောက်ကို ပစ်ထိုးကုန်ပြီ ရဲဇေ လဲ ကြောင်တောင်တောင်ဖြစ်သွားတယ်
"လာပြီ ဇာတ်လမ်း က အဲ့မှာ စ ပြီ မဆုံလိုက်နဲ့ ဆုံလိုက်တာနဲ့ ဒီနှစ်ကောင်က အဲ့တာပဲ"
ဂျူလီ က မကျေမနပ်ပုံစံနဲ့ လှမ်းပြောလိုက်တယ်
"တွေ့လား ကို ကြောင့်ပြောခံရတာ"
စမ်းရေ ဒီရေ ရင်ဘတ်ကို ရိုက်လိုက်တယ်
"သူတို့မှာမှ မရှိတာ ပြောပါစေ"
"ဟ ဒီရေလှိုင်း နင် အဲ့တာတော့ ငါတို့ကိုဖဲ့တာပဲ"
နှိုင်း မကျေမနပ် နဲ့ ကုတင်ပေါ်က လှမ်းပြောတယ်
"နင်တို့မှာကော ရှိလို့လား"
"မလိုချင်လို့ဟဲ့"
"ဟားဟား"
ဒီရေ သူမတို့ကိုလှောင်တဲ့ပုံနဲ့ရီပြလိုက်တယ်
သက္ကရာဇ် ကတော့ ဘေးမှာ ဘာမှမပြောပဲနေနေတယ် သူ့အကိုရဲ့ဒီလိုပုံစံကိုမတွေ့ရခဲ့တာကြာပြီလေ
ရဲဇေ ဒီရေပခုံးတစ်ဖက်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်တယ်
"စိတ်ချပါ ဒီရေလှိုင်း ငါနောက်ထပ် နောင်တရမဲ့ အလုပ်ကို မလုပ်တော့ပါဘူး"
"အဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ်"
"ဖေဖေ"
ရုတ်တရက် သူ့ကိုလှမ်းခေါ်လိုက်တဲ့ သားငယ်
"သား"
နေရောင်ကို ပွေ့ချီလိုက်တယ်
"ဖေဖေ"
"ဟေ"
"ဟီးဟီး"
စမ်းရေ သူတို့သားဖ ကိုကြည့်ရင်းပြုံးမိလိုက်တယ် နေရောင်လေးက သူ့အဖေ အဲ့လို ထူးရင်အရမ်းသဘောကျတာ
"ငါတော့ စမ်းရေတို့ မိသားစုကြည့်ရင်း ယောက်ျားယူချင်လာပြီ"
နှိုင်းက ထိုသို့ စ နောက်ပြီးပြောလိုက်တယ်
"နင့်ကို ယူမဲ့သူ လာပါပြီ"
ဂျူလီ က ပြောင်ချော်ချော် မျက်ခွက်နဲ့ပြောလိုက်တယ်
"ဟမ်"
"အပြင်ကိုကြည့်လိုက်"
နှိုင်းက အပြင်ဘက်ကြည့်လိုက်တော့ သူမ မျက်လုံးတွေ ပြူးကျယ်သွားတယ်
"ဟိုလူ"
သက္ကရာဇ် သူမကြည့်တာကို လိုက်ကြည့်လိုက်တော့ ပြာယာနေတဲ့ယောက်ျားတစ်ယောက် သူ့လက်ကလဲ ပစ္စည်းတွေ အစုံ သူတို့အခန်းကိုဦးတည်နေတဲ့လူ
"ဟဲ့ အဲ့တာ ဘယ်သူ့လက်ချက်လဲ"
"နှိုင်းရယ် ဒီလောက် ကိစ္စကြီးဖြစ်သွားတာ မသိပဲနေမလား"
စမ်းရေ က ဝင်ပြောလိုက်တယ် နှိုင်းကတော့ ကမ္ဘာပျက်နေပြီ
"ငါသေချင်တယ်"
သူမ သူ့ခေါင်းကို ထိုးဖွမိနေတယ် ထိုအချိန် အခန်းထဲကို ကမန်းကတန်းဝင်လာတဲ့သူ
"နှိုင်း"
နှိုင်းရဲ့ မျက်နှာက ခက်ထန်သွားတယ်
"ဘာကိစ္စလဲ"
အကုန်လုံးကတော့ သူတို့နှစ်ယောက် အခြေအနေကို အကဲခတ်နေကြတယ်
ထိုလူက နှိုင်းနားကို မြန်မြန်သွားပြီး နှိုင်းလက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်တယ်
"မင်းအဆင်ပြေရဲ့လား"
"ရှင်နဲ့ဆိုင်လား"
နှိုင်း ထိုလူဆုပ်ကိုင်ထားတဲ့လက်ကို အတင်းရုန်းလိုက်တယ်
"နှိုင်းရယ် ကိုယ့်ကိုယ်ကို နည်းနည်းလေးလောက်တော့ အဆက်အသွယ်လုပ်ပါ"
တကယ်တော့ နှိုင်း ဒီလူကို သေလောက်အောင်ရွံပါသည် ဒီလူဟာ နှိုင်း ကို အလိုမတူပဲ သိမ်းပိုက်ဖို့ကြိုးစားပြီး နှိုင်းရဲ့ ဆိုးရွားလှတဲ့ အတိတ်ကိုပြန်အမှတ်ရစေမိတဲ့လူပါ ထိုကိစ္စဖြစ်ပျက်သွားတာဟာ စမ်းရေကော ဂျူလီကော ဟာအဝေးမှာမို့ ဘာမှမသိလိုက်ခင်ဖြစ်သွားတာပါ သူမ ကလဲ သူ့ကို ဖြတ်လိုက်ပြီး ထိုကိစ္စကို ပြန်မပြောဖြစ်တာပါ သူမ ဖြတ်ပြီးနောက်ပိုင်း နှစ်တွေကြာမှ သူမကို ပြန်ချဥ်းကပ်ဖို့ကြိုးစားနေတာပဲ
"ဒီမှာ ရှင်နဲ့ ကျမ ဘာမှမဆိုင်ဘူး ရှင်လို လူမျိုးနဲ့လဲ ဘာမှ မပက်သက်ချင်ဘူး"
"ကိုယ် တောင်းပန်ပါတယ်"
သက္ကရာဇ် ထိုလူကို နှခေါင်းရှုံမိပါတယ် ဘာတွေအဲ့လောက် ခယနေမှန်းနားမလည် သူတို့က ချစ်သူတွေ ဟုပုံလဲ မပေါ်
"ကျမကို ဘာမှလာမပက်သက်ပါနဲ့ ကိုတေဇ ရှင် ကျမနဲ့ဝေးဝေးနေစမ်းပါ"
စမ်းရေ နဲ့ ဂျူလီ ကိုတေဇနဲ့ ပြတ်သွားတာကို သိပေမဲ့ ကိုတေဇ ကို နှိုင်း အဲ့လောက် ခါးသီးနေမှန်းသူတို့မသိပါ။ နှိုင်းမျက်နှာ ကိုကြည့်ရုံနဲ့ တေဇ အပေါ်ဘယ်လောက် ရွံရှာနေလဲ အရမ်းကို သိသာနေပါတယ်
"ကိုတေဇ အခု နှိုင်း စိတ်အဆင်မပြေတဲ့ပုံမို့ အခုလောလောဆယ် ထွက်သွားပေးပါ"
"ကျနော်သိပါတယ် ဒီတစ်ခါ ထွက်သွားရင် ကျနော်သူ့ကို တွေ့ချင်မှ တွေ့ရမှာ"
နှိုင်း တကယ်ကို သည်းမခံနိုင်တော့ပါ
"ဒီမှာ ရှင် အဲ့နေ့က အဲ့ကိစ္စကို မလုပ်ခင်ကတည်းက အခုလိုတွေးမိရမှာ"
"နှိုင်း!"
တေဇ နှိုင်းကို အံ့သြတကြီးကြည့်နေမိတယ် သူမ ဒီကိစ္စကို ဖွင့်မပြောလောက်ပါဘူး ဟုတယ် သူမ မပြောလောက်ဘူးဆိုပြီး ကိုယ့်ဟာကို သက်ပြင်းချလိုက်တယ်
"ဘာလဲ ရှင်မတရားလုပ်တာ လူသိမှာကြောက်နေတာလား"
သက္ကရာဇ် တစ်ခုခုကိုရိပ်မိလာတယ် ဒီလူက သူမ အပေါ် ဆိုးဆိုးရွားရွား တစ်ခု လုပ်ဖူးတယ်ထင်တယ်
"နှိုင်း သူက နင့်ကို ဘာလုပ်လို့လဲ"
တေဇ မျက်နှာမှာ ထိတ်လန့်မှုတွေ တွေ့နေရတယ်
"ဟျောင့် မင်း!"
ရဲဇေ ရုတ်တရက်တေဇ ကို ဆွဲထိုးလိုက်တယ်
"မင်း မှာ နှမချင်းစာနာတဲ့စိတ်မရှိဘူးလား"
စမ်းရေ နားလည်လာပြီ စမ်းရေ တကယ်ကို နားလည်သွားပြီ အဲ့တာကြောင့် နှိုင်း အဲ့နေ့က အကြီးအကျယ် ငိုခဲ့တာကို
ဂျူလီကတော့ ရဲဇေ ကိုတားနေတယ်
"ဂျူလီ လွှတ်ထားလိုက်"
"ဒါပေမဲ့"
"နင်အခုထိ နားမလည် သေးဘူးလား"
"မဖြစ်နိုင်တာ "
တေဇ ရဲဇေ ကိုတွန်းပြီး ချက်ချင်းထွက်ပြေးသွားတယ်
သက္ကရာဇ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ် သူဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်လိုက်ပြီး
"ဆေးရုံးကနေ ထွက်ပြေးသွားတဲ့ကောင်ကို မလွှတ်စေနဲ့"
သူ ထိုသို့ပြောပြီး ဖုန်းကို ချလိုက်တယ် ပါးစောင်းကို လျှာနဲ့ထိုးလိုက်တယ်
ဒီရေ သက္ကရာဇ် ပခုံးပေါ်လက်တင်ပြီး
"ဘာတွေကြံနေတာလဲ"
"ဒီလိုပါပဲ"
"မင်း သူ့ကို ငြိသွားပြီလို့တော့ မပြောနဲ့နော်"
ဒီရေ က နှိုင်း ကိုကြည့်ရင်းပြောလိုက်တယ်
သက္ကရာဇ် ကလဲ နှိုင်းကိုကြည့်ပြီး အသံထွက်အောင်ရီလိုက်တယ်
"ဟက်...နည်းနည်းပါ"
ဒီရေ သက္ကရာဇ် ပခုံးကို ပုတ်ပြီး စမ်းရေ နားကို သွားလိုက်တယ်
မကြာခင် နောက်ထပ် အချစ်ဇာတ်လမ်းတစ်ပုဒ်ပေါ်ထွက်လာတော့ ဒေါ်နှိုင်းလင်္ကါ မင်းသမီးက ခင်ဗျားဖြစ်နိုင်ချေများသွားပြီ ဇာတ်လိုက်ကတော့ မဖြစ်မနေ ကျနော်ပေါ့ သက္ကရာဇ် အဓိပ္ပါယ်ပါပါ မဲ့ပြုံးတစ်ချက်ပြုံးလိုက််တယ်
............................................................................
(ဒီရေလှိုင်း နဲ့စမ်းရေတို့အတွဲဇာတ်သိမ်းသွားပါပြီနော် ဇာတ်သိမ်းသွားတဲ့အထိ ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်)
နောက်တစ်တွဲကျရင်လည်း ကြိုးစားပြီးရေးပေးပါ့မယ်ရှင့်
အားလုံးပဲ bb 😘😘😘😘
သာယာသောနေ့လေးတွေပိုင်ဆိုင်ကြပါစေရှင့်
YOU ARE READING
ထိုလူသားကြောင့် s(1)
Любовные романы"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...
