ထိုလူသားကြောင့်(part-27)

2.4K 43 0
                                        

"ရဲဇေ!နှိုင်း"
      ဂျူလီ အော်သံကြားတော့ အကုန်လုံး ရဲဇေ ဘက်ကိုကြည့်လိုက်တယ် လျင်မြန်စွာဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တစ်ခု ဘာတွေ ဖြစ်လို့ဖြစ်သွားမှန်းမသိ ရဲဇေ သတိရှိလို့ ကြည့်လိုက်ချိန်မှာ သူ့လက်ထဲမှာ သွေးအလိမ်းလိမ်းနဲ့ လဲနေတဲ့ နှိုင်း
ဘာဖြစ်တာလဲ ဘာလို့လဲ သူက ဘာလို့ ငါ့ကို ကယ်တာလဲ သူက ငါ့ကိုဘာအကြောင်းပြချက်ကြောင့်ကယ်တာလဲ သူ မျက်ရည်တွေ ခို တွဲလာတယ်
"ရဲ...ဇေ"
     သူမ အသံတုန်တုန်နဲ့ ခေါ်လိုက်တယ်
"ငါ..တောင်းပန်..ပါတယ် ငါ မိုး...ကို သေစေဖို့ မရည်ရွယ်ပါဘူး"
"ဘာလို့လဲ.. ဘာလို့ ငါ့ကို ကယ်ရတာလဲ"
      ရဲဇေ မျက်ရည်တွေ စီးကျလာတယ်
နှိုင်းက သွေးစွန်းနေတဲ့ လက်ခလေးနဲ့ပါးကိုကိုင်ရင်း
သူမ အားမပါတဲ့အပြုံးတစ်ခုကို ဖန်ဆင်းလိုက်တယ်
"နင်....က မိုးရဲ့တန်ဖိုး..ထားရတဲ့သူတစ်ယောက်.."
      သူမ ပြောရင်း ရင်ဘတ်က နာကျင်မှုကြောင့် ရင်ဘတ်ကို လက်နဲ့ဖိရင်း အားပြန်ယူလိုက်တယ်
" နင်က ငါရဲ့...တန်ဖိုးထားရတဲ့သူတွေထဲက..တစ်ယောက်လေ.."
    ရဲဇေ ခေါင်းရမ်းလိုက်တယ်
"ငါက နင့်ကို သတ်ဖို့ ကြိုးစားခဲ့တာလေ ငါက နင့်ကိုလက်စားချေခဲ့တာလေ"
"နင် မလုပ်ရက်ပါဘူးဟာ..."
      ဘယ်လိုတောင် သေချာနေရတာလဲ တကယ်လို့ သူတို့ကို တကယ်သတ်လိုက်မိရင်ကော
"နင် အရူးလား ဘာလို့ ကျည်ဆန်ရှေ့ကို ဝင်ခံရတာလဲ"
"ရဲဇေ. ..နင်မှတ်ထားပေးပါ..မိုးမရှိတော့ရင်တောင် နင့်ဘေးနားမှာ ငါတို့ ရှိနေသေးတယ်..နင့်ဘေးနားမှာ နင့်သူငယ်ချင်းတွေ ရှိပါသေးတယ်ဟာ.."
     သူမ နှုတ်ခမ်းပင့်ရုံလေးပြုံးပြီး မေ့မြောသွားခဲ့တယ်
"နှိုင်း နှိုင်း နင် ထစမ်း နှိုင်း "
      ရဲဇေ မျက်ရည်တွေကြားက သူမကို လှုပ်နှိုးနေတယ်
"နင် ထစမ်းလို့"
      စမ်းရေ ဒီရေ ကိုသက္ကရာဇ်ဆီ ထားပြီး ရဲဇေ တို့နားပြေးလာတယ်
"နှိုင်း..နှိုင်း ထ ပါအုံးဟာ"
"ရဲဇေ.. "
     သူမ ရဲဇေ ပခုံးကို ကိုင်လိုက်တယ်
"စမ်းရေ သူ့ကို နှိုးပါအုံးဟာ"
     ရဲဇေ ရှုံးပွဲ ချငိုချလိုက်တယ်
"ငါတို့ သူ့ကို ကားပေါ်တင်ရအောင်"
   သူမ အဲ့လိုပြောပြီးပြီးချင်း ရဲဇေ သူမ ကို ပွေ့ချီလိုက်တယ် သက္ကရာဇ် တပည့်တွေက ကားအသင့်ထုတ်လိုက်တယ် ဒီရေ ကိုလဲ ကားပေါ်တင်ပြီး မြန်မြန်မောင်းထွက်သွားတယ်
...........................................................................
    ဒီရေ ဆေးအရှိန်ကြောင့် လှဲနေရင်း ရုတ်တရက် နိုးလာတယ်
"စမ်းရေ"
    သူမ ဒီရေ အသံကြားတော့ သူ့နားကို ကပ်လာတယ်
"ကို ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား တစ်နေရာရာ နာလို့လား"
     သူ သူမလေးကို ဆွဲဖက်လိုက်တယ် သူမ ခနတော့ကြောင်သွားတယ်
"ကို ဘာမှမဖြစ်ပါဘူး bae ကိုစိတ်ပူနေတာ"
"အိပ်ယာထဲ လဲနေတာ ကို ပါ bae ကအကောင်းကြီးပါ"
   သူမ သူ့ကို ပြန်ဖက်လိုက်တယ် သူမ သူ့ကျောလေးကို ဖွဖွလေး ပုတ်ပေးလိုက်တယ်
"အဟမ်းးး"
   သူတို့ ချောင်းဟန့်သံကြားတော့ သူမ သူ့ရင်ခွင်ထဲက အတင်းထွက်သွားတယ်
"ဘာကိစ္စလဲ"
"ဟ လေသံမာလှချည်းလား"
"မင်းကနှောင့်ယှက်တာပါ"
"ကျုပ်က ခင်ဗျား အဆင်ပြေရဲ့လား လာကြည့်တာပါ ကြည့်ချင်လွန်းလို့တော့ မဟုဘူး ခင်ဗျား အဆင်ပြေမှ ကျုပ်လိုချင်တဲ့နေရာရမှာ"
    ဒီရေ ပြုံးလိုက်တယ် 'ဒီကောင် ဘယ်သူရှေ့ လိမ်ဖို့ကြိုးစားနေတာလဲ'
"ငါသက်သာတယ် အကောင်းကြီး ငါ့မိန်းမ ရှိရင် ငါ့ရောဂါအကုန်ပျောက်တယ်"
    သက္ကရာဇ် ပြုံးလိုက်တယ် တကယ်ပြန်ကောင်းနေပြီပဲ
   ဒီရေ သူ့ညီကို စ နောက်ပြောရင်း သူမကို ကြည့်လိုက်တော့ သူမ မျက်နှာလေးညှိုးနေတယ် သူစိုးရိမ်သွားတယ်
    သူမ လက်ခလေးကို အသာအယာကိုင်ပြီး
"bae အဆင်ပြေရဲ့လား"
    သူမ ဘာမှပြန်မဖြေ သူမ ခေါင်းကို ငုံ့ထားတယ်
"bae ကို မေးနေတယ်လေ"
    သူမ မျက်နှာလေးကို မော့လိုက်တော့
"bae ငိုနေတယ် ဘာလို့လဲ"
"နှိုင်း..နှိုင်း သတိမရသေးဘူး"
    သူသိသွားပါပြီ သူမ လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်
    စမ်းရေ သူ စိတ်မကောင်းဖြစ်မှာစိုးလို့ သူမ မျက်ရည်ကို ထိန်းထားပေမဲ့ သူမ မလုပ်နိုင်ခဲ့
    သူမ ဒီရေ ရင်ခွင်ထဲရောက်တော့ ခလေးတစ်ယောက်လိုငိုချလိုက်တယ်
"bae အရမ်းမငိုပါနဲ့ အဆင်ပြေသွားမှာပါ"
     သူမ ကိုတတ်နိုင်သလောက်ချော့နေတယ်
သူမ ခေါင်းကိုရမ်းနေတယ်
"နှိုင်းကလေ အခု အရေးပေါ်အခန်းမှာ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတယ်တဲ့ ကို ကျမလေ မိုး ကိုဆုံးရှုံးပြီးပြီ သိလား ကျမလေ အခု နှိုင်းကို ထပ်အဆုံးရှူံးမခံနိုင်ဘူး ရဲဇေ ကလေ နှိုင်းသူ့ကြောင့် သေသွားခဲ့ရင် သူခံနိုင်တော့မှာ မဟုဘူးသိလား ကျမ ဘာလုပ်ရမလဲ ကျမဘာလုပ်ရမလဲလို့"
     သူမ ထိုစကားတွေပြောရင်း ငိုနေတယ်
"bae ရယ် အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတယ်ဆိုတာ အသက်မရှင်နိုင်ဘူးလို့ ဆိုလိုတာမဟုဘူးလေ bae စိတ်ကို ခိုင်ခိုင်ထားပါ bae က ပြိုလဲနေလို့ မဖြစ်ဘူးလေ"
     သူမ ရင်ဘတ်တွေ မွန်းကြပ်လာတယ်
ဒီရေ သူမ ငိုနေတာကြည့်ရတာ တကယ်မခံစားနိုင် သူမကို ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်မိတယ်။
   သက္ကရာဇ် နှိုင်းရဲ့အခန်းဘက်ကို သွားလိုက်တယ် သူအခန်းရှေ့မှာ ခနရပ်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်တယ် သူ အခန်းထဲကိုဝင်လိုက်တော့ သူမဘေးနားမှာ ထိုင်နေတဲ့ဘသူမ သူငယ်ချင်းနှစ်ယောက် သူဝင်လာတော့ သူတို့နှစ်ယောက် သူ့ကိုလှည့်ကြည့်လာတယ်
"ကျနော် က အဆင်ပြေလား လာကြည့်တာပါ"
      ဂျူလီ သက္ကရာဇ် နားသွားပြီး
"ဒီအတောအတွင်း ကျမ သူငယ်ချင်း ကို စောင့်ရှောက်ခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်"
    သူမ အသံက လုံးဝ နွမ်း နေတယ် သူ နှိုင်းကိုကြည့်လိုက်တော့ ဘာလှုပ်ရှားမှုမှ မရှိဒီတိုင်း​​လေးလှဲနေတယ်' ခင်ဗျားက ဒီလို ပုံစံနဲ့ မလိုက်ဘူး ဒေါ်နှိုင်းလင်္ကါ'
   သူ ထွက်သွားတယ် ဂျူလီ နည်းနည်းကြောင်သွားတယ် လာကြည့်ပြီးတန်းထွက်သွားတာပဲ' ဒီကောင်လေးကဘာပါလိမ့်'
    သက္ကရာဇ် အခန်းပြင်ရောက်တော့ အခန်းထောင့်မှာ ထိုင်နေတဲ့ရဲဇေ
"ခင်ဗျား ဘာလို့ မဝင်တာလဲ"
"ငါက အမှားလုပ်ထားတဲ့သူလေ ဘယ်လိုသတ္တိနဲ့ သူ့ဆီ ငါသွားရဲမှာလဲ"
"အမှားလုပ်ထားတာသိရင် ပြင်ရတယ် တောင်းပန်သင့်ရင် တောင်းပန်ရတယ် ရှောင်ပြေးတာက ယောက်ျားကောင်းတွေရဲ့ လုပ်ရပ်မဟုဘူး"
    ရဲဇေ တစ်ချက်ပြုံးလိုက်တယ်
"ငါက သူတို့ကိ​ု လက်စားချေဖို့ တွေးလိုက်ကတည်းက ယောက်ျားကောင်းတစ်ယောက် မဟုတော့ဘူး"
"သိရင်ပြီးတာပဲ"
     သက္ကရာဇ် ဘောင်းဘီ အိပ်ကပ်ထဲ လက်နှိုက်ပြီး ထွက်သွားလိုက်တယ်
"အော်...ခင်ဗျား သူငယ်ချင်း ခင်ဗျားကို စ တွေ့တုန်းက ဘယ်လောက်ပျော်လဲ ခင်ဗျား သိလား"
"ဘာကိုလဲ"
     သက္ကရာဇ် စတစ်ပြားတစ်ခုကို ရဲဇေ ​ပစ်ပေးလိုက်တယ်
"ကြည့်ကြည့်လိုက်"
     သက္ကရာဇ် သူ့လမ်းသူဆက်သွားလိုက်တယ်
ရဲဇေ စတစ်ပြား ကိုကိုင်ပြီး ငူငူကြီးထိုင်နေမိတယ်
.............................................................................
    ရဲဇေ ဒီနေ့လဲ သူမတို့ကို သွားမတွေ့ပါ သူ ဆေးရုံအခန်းရှေ့မှာ နာရီကြာအောင် မတ်တပ်ရပ်ပြီး ပြန်လှည့်ထွက်လာခဲ့တယ်
     သူအခန်းထဲမှာ ထိုင်နေတုန်း သူ ကွန်ပျူတာခုံပေါ်က စတစ်ပြား တစ်ခုကို မြင်သွားတယ် သူဖွင့်ကြည့်မယ် လုပ်ပြီး မကြည့်ဖြစ်တာပဲ
     သူ ကွန်ပျူတာ ခုံဆီလျှောက်သွားလိုက်တယ် ကွန်ပျူတာကိုဖွင့်ပြီး စတစ်ပြားကို ထိုး လိုက်တယ်
သူမြင်လိုက်တာက နှိုင်းရဲ့ ပုံရိပ် သူမ တစ်ခုခုကို စဥ်းစားနေပုံပဲ သူမ ဖုန်းကို ကောက်ကိုင်ပြီး စမ်းရေကို ဖုန်းခေါ်လိုက်တယ် သူမ ဝမ်းသာအားရနဲ့ စမ်းရေကို ပြောနေတယ်
"ငါရဲဇေ ကို တွေ့ခဲ့တယ်ဟ"
     သူမ ထိုစကားကို ဝမ်းသာစွာပြောနေတယ် သူမကြည့်ရတာ ထ ခုန်တော့မလိုပင် ရဲဇေ ထိုvd ကြည့်ရင်း သူ့မျက်ရည်စတွေ ဝဲလာတယ် ငါဒီနှစ်တွေထဲ ဘာတွေ လုပ်နေတာလဲ ငါ့ဘေးမှာ ရှိနေတဲ့ လူတွေရဲ့ တန်ဖိုးကိုဘာလို့ မမြင်နိုင်အောင်ဖြစ်နေတာလဲ သူထိုသို့တွေးရင် တောက်လျှောက် ငိုနေမိတယ် ငါတောင်းပန်ပါတယ် နှိုင်း ရယ် ငါက နင်တို့ရဲ့ မေတ္တာနဲ့မတန်တဲ့ကောင်ပါဟာ
.............................................................................
    စမ်းရေ နှိုင်း ဘေးနားမှာ ထိုင်နေတယ် နှိုင်းလှဲနေတာ နှစ်ပတ်လောက်ရှိပြီ ဂျူလီနဲ့အတူစောင့်နေရင်း ဂျူလီက အလုပ်ရှိလို့ ပြန်သွားတယ် တစ်ခါတစ်လေ ဒီရေ နေရောင်လေးနဲ့အတူလာတတ်တယ် နေရောင်လေးဆို နှိုင်းကိုကြည့်ရင်း မျက်ရည် တွေဝဲနေတတ်တယ်
"မေမေ"
"ရှင်"
"တီတီ က သားတို့ကို ထားသွားတာလားဟင်"
"မဟုပါဘူး သားရဲ့ တီနှိုင်းက အနားယူနေတာပါ"
"တီနှိုင်းက အနားယူတာ အကြာရီးပဲနော်"
"ကြာကြာအနားယူလေ အားပြည့်လေပေါ့သားရဲ့ တီနှိုင်းက အားတွေပြည့်နေမှ သားနဲ့ဆော့နိုင်မှာပေါ့"
"သား တီနှိုင်းကိုလွမ်းတယ်"
"သားရယ်.."
     သူမ သားကိုရင်ခွင်ထဲ ပွေ့ဖက်ရင်း မျက်ရည် ကျလာမိတယ် 'သံယောဇဥ် တဲ့ တကယ်ကိုဖြတ်တောက်ဖို့ခက်တဲ့အရာပဲ နှိုင်းရယ်'
   ထိုအချိန် သူမ တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့
"စမ်းရေ.."
"ရဲဇေ နင်လာတယ်နော်"
     သူမ အံ့သြတကြီးမေးလိုက်တယ် ပုံမှန်ဆို အခန်းရှေ့မှာပဲ နေနေပြီး လှည့်ထွက်သွားတဲ့ ရဲဇေ က အခုအခန်းထဲ ဝင်လာတော့ သူမ တကယ်ကို အံ့ဩရပါတယ် သူ့လက်ထဲမှာလဲ နေကြာပန်းကြီးနဲ့
"ငါတောင်းပန်ပါတယ်"
"မလိုပါဘူးဟာ ငါ နင့်ကို နားလည်ပါတယ်"
"ကျေးဇူးလဲတင်ပါတယ် "
"ဘာလို့လဲ နင့်ကို ခွင့်လွှတ်လို့လား"
"ငါ့ကို ခွင့်လွှတ်လို့ကော ဘယ်တော့မှ မစွန့်ပစ်ခဲ့တဲ့အတွက်ကော"
"နင်က ငါတို့ အတွက် အမြဲတမ်း သူငယ်ချင်း ပါပဲဟာ"
"ဒါလေးက နင့်သားလား"
"အွန်း"
    ရဲဇေ နေရာင်ကိုကြည့်တော့ နေရောင်က စမ်းရေနောက်မှာ ပုန်းနေတယ်
"အော် ရော့"
    ရဲဇေ သူ့ဆီမှာ ပါလာတဲ့ နေကြာပန်းစီး ကို စမ်းရေဆီ ပေးလိုက်တယ်
"နှိုင်း အတွက် သူက နေကြာပန်းကြိုက်တယ်လေ"
"သူအခု မကြိုက်တော့ဘူး"
"ဘာလို့လဲ"
"သူ့ရည်းစားဟောင်းကြီးကြောင့်လေ"
     ရဲဇေ ပြုံးလိုက်တယ်
"ဟုလား အဲ့တုန်းက သူပြောတာ 'ကိုကို နေ ဆိုရင် ခ​လေးနေကြာပန်း ဆို'
"အေး ပြတ်သွားပြီလေ"
"အဲ့တာနဲ့နေကြာပန်း ကိုမကြိုက်တော့တာပေါ့"
"ဟုတယ်"
"ဟားဟားး"
     သူတို့နှစ်ယောက် ပြိုင်တူရီလိုက်တယ်
"လူတစ်ယောက်လုံးကို ရှေ့မှာ ထားပြီး အတင်းတုပ်တာ မလွန်လွန်ဘူးလား"
     သူတို့နှစ်ယောက် အသံလာရာကိုကြည့်လိုက်တော့
"နှိုင်း!"

ထိုလူသားကြောင့် s(1)Where stories live. Discover now