"ဘော့စ်"
ဒီရေ လက်တော့ပ်ကိုကြည့်နေတုန်း လင်းသန့်ခေါ်လိုက်သည်
"ဘာကိစ္စလဲ"
"စမ်းရေကြည်ပါဆရာ"
လက်တော့ပ်မှာရွေ့လျားနေတဲ့လက်တွေရပ်သွားသည် ဒီရေ သူမကိုစောင့်ကြည့်ခိုင်းထားတာပါ
"စမ်းရေကြည် ကိုယ်ဝန်ရှိနေပါတယ်"
"ကိုယ်ဝန်?"
ဒီရေ အံ့ဩသွားတယ် သူမနဲ့သူနဲ့က တစ်ခါတည်း ပါ ဘာလို့ အဲ့လို တန်းရတာပါလိမ့်
"ဘယ်နှလလဲ"
"1 လပါ ဆရာ"
"သူအဆင်ပြေရဲ့လား"
"သူမ စ သိသိချင်းတုန်းက အသည်းအသန်ငိုခဲ့ပါတယ်ဘော့စ်"
"အခုကော"
"အခုက.."
လင်းသန့်တစ်ခုခုပြောဖို့ တွေဝေနေသည် သူ့ကြည့်ရတာ ပြောရင် ကောင်းမလား မပြောပဲနေရင်ကောင်းမလား စဥ်းစားနေတယ့်ပုံပေါ်သည်
"မင်း ပြောစရာရှိတာပြော"
"ဟို.. စမ်းရေကြည် မနေ့က ဦးအောင်လင်းဆိုတဲ့ ဒေါက်တာနဲ့စကားပြောနေတာကိုတွေ့ပါတယ်ဘော့စ်"
"အဲ့ဒေါက်တာက OT လား"
"ဟုပါတယ် OT အပြင်နောက်တစ်ခုလုပ်ပါသေးတယ်"
ဒီရေ နည်းနည်းတော့ စိတ်တိုလာသည် သူမေးတာ စမ်းရေကြည်အကြောင်းပါ အဲ့ဆရာဝန်က ဘာကိစ္စပါလာမှန်းမသိ သူလင်းသန့်ကို စိတ်မရှည်သလိုကြည့်လိုက်တယ် လင်းသန့်က ရိပ်မိတဲ့ပုံနဲ့ စကားကို ဆက်ပြောလိုက်တယ်
"ခလေးဖျက်ချတာပါလုပ်ပါတယ် ဘော့စ်"
"ဘာ.."
"ဟုပါတယ် ဘော့စ်"
"စမ်းရေကြည်က အဲ့လူကို သွားတွေ့တယ်ပေါ့ သူမက ငါ့ခလေးကို ဖျက်ချဖို့ကြံနေတာလား"
"အဲ့တာတော့ ကျတော်လဲ သေချာမသိပါဘူး"
"ဝုန်းးးးး"
ဒီရေ စားပွဲခုံးကို ထုချပြစ်လိုက်ေတာ့လင်းသန့်တင် မက သူ့ဘေးနားက လူတွေပါ တုန်သွားတယ် ဒီရေ လင်းသန့်ကိုကြည့်လိုက်တယ်
"မနက်ဖြန် စမ်းရေကြည် ကို ဒီအိမ်မှာ ဘေမသီ ရန်မခ ရောက်တာငါလိုချင်တယ်"
"ဟုကဲ့ ဘော့စ်"
'စမ်းရေကြည် မင်းလုပ်ချင်တာကို ငါလုပ်ခွင့်မပေးနိုင်ဘူး'
............................................................................
ဒီနေ့တော့ ဂျူလီနဲ့ နှိုင်းတို့ ကအလုပ်ရှိလို့ ညနေလောက်မှ လာမယ်ပြောတယ် သူမ တစ်ယောက်ထဲ ခြံထဲဆင်းလျှောက်နေတယ် သူမ ပျင်းလဲပျင်းတယ် ဘာလုပ်ရမှန်းလဲမသိ လူက လဲ နေလို့ထိုင်လို့မကောင်း ချဥ်တာလေး တစ်ခုကိုစားချင်နေတယ် သူမ လမ်းထိပ်က အသီးဆိုင်မှာ သရက်သီးသွားဝယ်ရင်ကောင်းမလားစဥ်းစားနေတယ် သူမ လဲ စားချင်စိတ်ကိုမြိုသိပ်မရတော့ ငါးထောင် တန် တစ်ရွက် ယူပြီး လမ်းထိပ်ကိုထွက်လာတယ် သူမ လမ်းကိုသေချာကြည့်လျှောက်နေရတယ် မတော်တဆ ခလုတ်တိုက်ပြီးလဲမှာစိုးရတယ် သူမ လမ်းထိပ်ရောက်ခါနီး ကျတော့ သူမ ကို နောက်နေ့ ပါးစပ်ပိတ်ပြီး ကားပေါ်ကိုဆွဲခေါ်သွားတယ် သူမလဲ အတင်းမရုန်းရဲသူမ ကားပေါ်ရောက်ရောက်ချင်း သူမ ထိုလူလက်ကိုကိုက်ပြီး အော်ဖို့ကြိုးစားတော့ နောက်ကနေ့ မေ့ဆေးပေးခံလိုက်ရတယ်
သူမ နိုးလာတယ် နိုးနိုးချင်း သူမဗိုက်ကိုကိုင်လိုက်မိတယ် သူမ ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ တစ်ခန်းလုံး အမည်းရောင်တွေအပြည့် သူမ လှဲနေတဲ့ အိပ်ယာခင်းက အစ အမဲရောင် လိုက်ကာကလဲ အမဲရောင် သူမ ဘယ်ကိုရောက်နေတာလဲ ထိုအချိန် ရေချိုးခန်းတံခါးပွင့်လာတယ်
"မင်း နိုးပြီလား"
"ရှင် ဒီရေလှိုင်း"
သူမ စိတ်ထဲကတွေးလိုက်တယ် 'ငါဘာလို့ သူ့လက်က မလွတ်နိုင်တာလဲ'
"ရှင် ကျမကို ဘယ်ခေါ်လာတာလဲ"
"ငါ့အိမ်ကိုလေ"
"ရှင့်အိမ်?ရှင့်အိမ်ကို ကျမကိုဘာကိစ္စ ကခေါ်လာတာတုန်း"
"ငါ့ခလေးကို ကာကွယ်ဖို့လေ"
စမ်းရေကြည် အံ့ဩမိတယ် 'သူသိသွားပြီလား'
"ရှင်ဘယ်လိုသိတာလဲ"
"မင်း ငါ့ကိုအထင်မသေးနဲ့ စမ်းရေကြည်"
"ဒါပေမဲ့ ကျမသူငယ်ချင်းကလွဲပြီး ဘယ်သူကိုမှ အဲ့ကိစ္စမပြောဘူးလေ "
"အဲ့တာထားပါ မင်းငါ့ခလေးကိုဖျက်ချဖို့ကြိုးစားနေတာလား"
"ဘာပြောတယ်"
"ငါ့ခလေးကို မင်းမွေးပေးရင် မင်းလိုချင်သလောက်ငါပေးမယ် ခလေးကိုတော့ ဖျက်မချနဲ့"
"ရှင်ကလေ ကျမကိုတနည်းမဟုတ် တနည်းနဲ့စော်ကားတာပဲ"
"ငါမင်းကို တစ်ခါပဲ လုပ်ဖူးတာပါ ကျန်တာတွေငါဘာလုပ်မိ"
"ရှင် ဘာတွေပြောနေတာပဲ"
"မင်းပဲ တစ်နည်းမဟုတ် တစ်နည်းဆို"
"ကျမပြောတာအဲ့တာ မဟုဘူး"
"ငါမင်းကိုပြောတဲ့ထဲမှာ စော်ကားတာမပါဘူ"
"ပါတာပေါ့ အချိန်တိုင်းလိုလိုပဲ ပိုက်ဆံပေးတိုင်း ရှင်အကုန်ရမယ် မထင်နဲ့"
"ကောင်းပြီ မင်းဘာလိုချင်လဲ"
"ဘာမှမလိုချင်ဘူး ကျမ အိမ်ပြန်ချင်တယ်"
"မရဘူး အဲ့ခလေး မမွေးပြီး မချင်းမင်းဘယ်မှ မသွားရဘူး"
"ကျမက အရုပ်တစ်ရုပ်မဟုဘူး ဒီရေလှိုင်း"
"အဲ့ဆို ခလေးကိုဘာလို့ဖျက်ချဖို့လုပ်နေတာလဲ"
သူမ ကြောင်တောင်တောင်ဖြစ်သွားတယ် သူမ ဘယ်တုန်းက ခလေးကိုဖျက်ချဖို့ ကြိုးစားဖူးလို့လဲ
"ရှင်ဘာတွေပြောနေတာလဲ"
"မင်းလုပ်တာမင်းသိလေ"
"ကျမ အသက်တစ်ချောင်းကိုလွယ်လွယ်စွန့်ပစ်ရလောက်အောင် နှလုံးသားမမဲ့ဘူး"
"မင်းက ခလေးကိုဖျက်မချဘူးပေါ့"
"ဟုတယ်လေ"
"အဲ့ဆို ဒေါက်တာ ဦးအောင်လင်းနဲ့ ဘာကိစ္စစကားပြောနေတာလဲ"
"အဲ့တာ ကျမကိစ္စလေ ရှင့်ကို ဘာလို့ပြောပြရမှာလဲ"
"ကောင်းပြီလေ အဲ့ဆို မင်း ခလေးမွေးတဲ့အထိဒီမှာပဲနေရမယ်"
သူမ အသက်ကိုခပ်ပြင်းပြင်းရှူလိုက်တယ်
"ဒေါက်တာဦးအောင်လင်းက ကျမ အဖေ မိတ်ဆွေ အဲ့တာကြောင့်မို့ စကားပြောတာ"
ဒီရေ နားလည်သလိုခေါင်းငြိမ့်လိုက်တယ်
"ဘာပဲ ဖြစ်ဖြစ် မင်းဒီမှာပဲ နေရမယ်"
"ဒီရေလှိုင်း ကျမကို အဲ့တာပြောရင် ပြန်လွှတ်မယ်ဆို"
"ငါပါးစပ်က မင်း ဦးအောင်လင်းကိစ္စပြောရင်မင်းကိုပြန်လွှတ်မယ်ပြောလား"
"ရှင်ညစ်တာပဲ"
သူ မဲ့ပြုံးပြုံးလိုက်တယ် သူ သူမကိုဘာမှမပြောပဲ အခန်းထဲက ထွက်သွားတယ် သူမ ဝရံတာကနေ အောက်ကိုကြည့်လိုက်တော့ သူကားနဲ့ထွက်သွားတာကိုမြင်လိုက်တယ် သူမ ဗိုက်က နည်းနည်းဆာသလိုဖြစ်လာတယ် သူမ တံခါးနားသွားပြီး
"အပြင်မှာ တစ်ယောက်ယောက်ရှိလား"
အခန်းတံခါးပွင့်လာတယ် အသက်ကြီးကြီး မိန်းမတစ်ယောက်သူ့ဘေးနားမှာ မိန်းမငယ်လေးနှစ်ယောက်
"မမလေး ဘာလိုအပ်လဲ မသိဘူးရှင့်"
"ကျမ ဗိုက်ဆာလို့ပါ"
"ကျမ တို့ ခလေးအတွက် အားရှိမဲ့ အရာတစ်ခုခုပြင်လိုက်မယ်"
"ဟုကဲ့ ကျေးဇူးပါ"
သူတို့ထွက်သွားမယ်လုပ်တော့
"ဟို အဒေါ်"
"ဒေါ်မေခ ပါ မမလေး"
"ဟုကဲ့ ကြီးကြီးမေခ ကျမဖုန်းလေးတစ်ကောလောက်ဆက်လို့ရမလား"
"အဲ့တာကတော့ သခင်လေးလာမှ ခွင့်ပြုချက်တောင်းရမှာပါ"
"အော် ဟုကဲ့"
သူတို့ထွက်သွားတယ် သူမလဲ အခန်းထဲက ဆိုဖာတစ်ခုပေါ် ထိုင်စောင့်နေလိုက်တယ် ခနကြာတော့ ဖွယ်ဖွယ်ရာရာပြင်လာတယ် သူမလဲ ဗိုက်ဆာပေမဲ့ သိပ်မစားနိုင်ပေ သူမကို နွားနို့တစ်ခွက်လဲယူလာတယ် သူမလဲ နွားနို့သောက်ပြီး မျက်လုံးစင်းလာတော့ အိပ်ပျော်သွားတယ်
အချိန်ကည၉နာရီ
သူမကတော့ နိုးမလာသေးပေ ဒီရေ အခန်းတံခါးကို ဖွင့်ဝင်လာခဲ့တယ် သူကြည့်လိုက်တော့ သူမ ကုတင်ပေါ်အိပ်ပျော်နေတာပဲ 'ဒီမိန်းခလေး စိမ်းနေတဲ့ပတ်ဝန်းကျင်ကို အကြောက်အလန့်မရှိဘူးပဲ' သူ တစ်အိမ်လုံးကို cctv တပ်ထားတယ် သူအားရင် အားသလို သူမကိုစောင့်ကြည့်ဖြစ်တယ် သူမက အကြောက်အလန့်မရှိတဲ့အပြင် ထမင်းတောင် စားလိုက်သေးတယ် သူလဲ ဒီနေ့စောစောပြီးလို့ ပြန်လာလိုက်တာ လိုတာတွေကိုတော့ လင်းသန့်ကိုခိုင်းထားလိုက်တယ် သူ သူမ ဘေးကို ဝင်အိပ်လိုက်တယ် သူမကို မထိမိအောင်လဲ ကြိုးစားရတာပေါ့ ကုတင်ကျယ်တော့ သူတို့အတွက်အဆင်ပြေတာပေါ့
မနက်၆နာရီ
ဒီရေ နိုးလာတယ် သူ့လက်တစ်ဖက်က အရမ်းကျင်နေလို့ ကြည့်လိုက်တော့ သူမ က ခေါင်းအုံးထားတာပဲ သူရင်ခွင်ထဲမှာ ကျုံ့ကျုံ့လေး အိပ်နေတယ် အဲကွန်းက အရမ်းအေးလို့ဖြစ်လောက်တယ် သူ အဲကွန်းကိုလျော့ချပြီးသူမကို သူ့လက်မောင်းပေါ်က အသာအယာဖယ်ပြီး ဝရံတာမှာ ကော်ဖီ တစ်ခွက် ထိုင်သောက်နေလိုက်တယ်
စမ်းရေကြည်၇နာရီလောက်တော့ နိုးလာတယ် သူမ ဝရံတာကိုကြည့်လိုက်တော့ သူမ ဒီရေကိုမြင်ပြီးကုတင်ပေါ်က ဆင်းလိုက်တယ် သူ့နားသွားပြီး
"မင်းသူငယ်ချင်းတွေကို ငါပြောပြီးသွားပြီ"
"ကျမ သူတို့နဲ့စကားပြောချင်တယ်"
"ရပါတယ်"
သူ သူမကို ဖုန်းတစ်လုံးထုတ်ပေးလိုက်တယ် သူမ ကြည့်လိုက်တော့ သူမ အရင်ဖုန်းပဲ
"ဒါနဲ့ ကျမကိုရှင်ပြောတယ်နော် ခလေးမွေးပြီးတဲ့ အထိပဲ ကျမနေရမယ်ဆိုတာ"
"အင်းလေ"
"ခလေးက ရှင်ခေါ်ထားမှာပေါ့"
"အင်း"
"အဲ့ဆို ကျမက ခလေးကိုမတွေ့ရတော့ဘူးလား"
"တွေ့ရမှာပါ ခနခနတော့ ဘယ်ဟုတ်မလဲ"
"အဲ့တာတော့ ရှင်ဘယ်တရားမလဲ"
"ငါတရားတာ မတရားတာ စိတ်မဝင်စားဘူး ခလေးလုံခြုံရေးအတွက် လုပ်တာပဲ"
"ဘာကို"
"ငါ့လိုရန်သူများတဲ့ လူတစ်ယောက်ရဲ့ ခလေးက အန္တရာယ်ကင်းပါ့မလား စမ်းရေကြည်"
သူမ စဥ်းစားလိုက်တယ် သူပြောတာတော့ မမှားပါဘူး ဒါပေမဲ့
"အခုချိန်မှာ ခလေးက ငါ့ရဲ့အကြီးမားဆုံးအားနည်းချက်ပဲ"
"ဒါပေမဲ့ တစ်ချိန်ချိန် ရှင်လက်ထပ်ခဲ့ရင် ကျမခလေးက...."
"မင်း စိတ်မပူပါနဲ့ ငါလက်ထပ်မှာမဟုဘူး"
သူမ မျက်မှောင်ကြုတ် ပြီးကြည့်လိုက်တယ်
"ငါ့ရဲ့ နောက်ထပ် အားနည်းချက် တစ်ခုတိုးအောင်ငါလုပ်မှာမဟုဘူး စိတ်ချပါ မင်းခလေးလဲ ငါ့ခလေးပါပဲ ငါသူ့ကို မိခင်မေတ္တာငတ်အောင်တော့ မထားဘူး မင်းနဲ့တွေ့ရမှာပါ"
သူမ မျက်နှာလေးညှိုးသွားတယ် သူမ ဗိုက်ခလေးကို ဂရုနာသက်စွာပွတ်လိုက်တယ်
ဒီရေကတော့ စီးကရက် တစ်ချောင်းယူဖွာမို့လုပ်တုန်း သူမကို သတိရပြီး စီးကရက်ကို ပြန်သိမ်းလိုက်တယ်
စမ်းရေ သတိထားမိပါတယ် 'ခလေးက သူ့အကြီးမားဆုံးအားနည်းချက်ဆိုတာ မှန်တယ်ထင်တယ်' သူမခလေးလေး အရမ်းကိုဂရုစိုက်တဲ့အဖေ ရတယ်ဆိုတဲ့ အတွေးလေးနဲ့ သူမ ပြုံးလိုက်တယ် ။
...........................................................................
အစကထည့်ပေးဖို့မေ့နေလို့ပါနော်
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
စမ်းရေကြည်
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဒီရေလှိုင်း
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဆံပင်အတိုနဲ့က နှိုင်းလင်္ကါပါ
ဆံပင်အရှည်နဲ့က ဂျူလီယာပါ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
လင်းသန့်
YOU ARE READING
ထိုလူသားကြောင့် s(1)
Любовные романы"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...
