နှိုင်း အဲ့လို ကန်ပြီး ခန္ဓာကိုယ်က နာလာတယ်
"လူနာ အဲ့လို အကြမ်းပတမ်းတွေ လုပ်လို့မရပါဘူးလူနာ လေစိမ်းတွေ တိုက်လာပြီ အိမ်ထဲ ပြန်ဝင်ရအောင်"
"ငါနေချင်သေးတယ်"
"လူနာ ခန္ဓာကိုယ်က မရတော့ပါဘူး"
"ဟူးးးး ကောင်းပြီ"
သူမ သက်ပြင်းရှည်ကြီးချပြီး အိမ်ထဲ ဝင်သွားလိုက်တယ်
သက္ကရာဇ် အပေါ်ထပ်က ကြည့်ရင်း
"စွဲမက်စရာ ခန္ဓာကိုယ် မရှိပေမဲ့ စွဲမက်စရာ အရည်အချင်းတော့ ရှိတာပဲ"
သူအဲ့လိုပြောရင်း နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်တယ်။
....................................................................................
စမ်းရေ ဆေးရုံဆင်းရမဲ့ ရက်ရောက်လာတယ် ဆင်းဖို့အကုန်သိမ်းနေတုန်း
"စမ်းရေ"
"ရောက်လာပြန်ပြီ"
ဒီရေ မကျေမနပ်လေသံနဲ့ပြောလိုက််တယ်
"စမ်းရေ ဆေးရုံဆင်းရတော့မှာလား"
"ဟုတယ် ကိုတေဇ"
"အဲ့ဆို အကို ဘာကူညီပေးရမလဲ"
"မလိုဘူး"
ဒီရေ ဖြတ်ပြောလိုက်တယ် တေဇမျက်နှာ ပျက်သွားတယ် ကိုယ်က စေတနာနဲ့ပါ သူ့မိန်းမ ကိုလဲ ဘာမှမလုပ်ပါဘူး ကိုယ့်ကို ဘလိုင်းကြီးကြည့်မရသလို ခံစားနေရတယ်
"အကို ဒါသယ်သွားပေးမယ်နော် စမ်းရေ"
တေဇ ခြင်းတောင်းတစ်ခုကို ဆွဲလိုက်တယ်
"မလိုဘူးလို့ ငါပြောနေတယ်လေ"
ဒီရေ တေဇဆီ လျှောက်လာတယ်
"ဒီမှာ မင်း ငါ့ကို ဘာကိုမကျေနပ်လဲ ငါမသိဘူး ငါက စမ်းရေကို စေတနာသပ်သပ်ပဲ"
"အဲ့စေတနာ နောက်မှာ ဘာပါလဲ မှ ငါမပြောတတ်တာ"
"မင်းး..မင်း"
"သွားမယ် bae"
ဒီရေ စမ်းရေကို ခေါ်သွားတယ် အဲ့ကောင်က စမ်းရေကို နေရ ခက်စေတယ်ဆိုတာ ဒီရေ သိတယ် အဲ့ကောင်က စမ်းရေ ဖြေရခက်တဲ့ မေးခွန်းတစ်ခုကိုပဲ ထပ်တလဲလဲ မေးနေတယ် နေ့တိုင်းလဲ လူနာလာကြည့်သလိုနဲ့ သူမလေးကို အနှောင့်အယှက် ပေးဖို့ ကြိုးစားနေတယ်။
"ကို ဘာလို့ အဲ့လို ပြောလိုက်တာလဲ"
"သူက baeကို ဘာမေးမလဲ ကြိုသိနေလို့"
"အဲ့တာကြောင့်လား သူက ဘာမေးမှာမို့တုန်း"
"မင်းလင်က လူမိုက်တွေကို အုပ်ချုပ်နေတဲ့ ဘော့စ်တစ်ယောက်ပါ ဘယ်လူဘာလုပ်ရင် ဘယ်ခြေလှမ်း လှမ်းတယ်ဆိုတာ ကို သိတယ်"
"အမယ် အဲ့ဆို သူက ဘာမေးမယ်ထင်လဲ"
"baeသူငယ်ချင်း အကြောင်းပဲမေးမှာလေ အဲ့အကြောင်းမေးရင် bae ကိုစိတ်အနှောင့်အယှက်ဖြစ်တယ့်အရာတွေ မကြိုက်ဘူး"
"ငါ့ယောက်ျားက သိပ်ချစ်ဖို့ကောင်းတာပဲ"
သူမ ဒီရေ ပါးနှစ်ဖက်ကို ဖျစ်ဆွဲလိုက်တယ် သူမ ပြုံးလိုက်တယ်
"ထပ်ခေါ်ပါအုံး"
"myanmar FM က နှစ်ခါမလွှင့်ဘူး"
သူမ အဲ့လိုပြောပြီး ရှေ့က ထွက်သွားတယ်
"ဟာ bae ကလဲ"
ဒီရေ စမ်းရေနောက်ကို အမှီလိုက်လာတယ်
"bae ပြန်ခေါ် ပေးလေ"
"ဟ"
သူမ ကို နောက်ကနေဖက်ပြီး ပူဆာနေတယ်
"ပြန်ခေါ်ပေးနော်"
"တစ်ခါပဲနော်"
"သုံးခါ"
"ရှင်ကြီး အခွင့်အရေး တော်တော်ယူတာပဲ"
"ကိုယ့်မိန်းမ ကိုယ်ယူတာ ဘာဖြစ်လဲ"
သူမ မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းရမ်းလိုက်တယ်
"ခေါ်လေ"
"ယောက်ျား....ယောက်ျား.....ယောက်ျား"
"သိပ်သဘောကျတာပဲ"
"ရပြီ လွှတ်တော့"
ဒီရေ တစ်ချက်ပြုံးပြီ
"ကားပေါ်တက် အိမ်ပြန်ရအောင်"
"အွန်းး သားကbae ကို မေးဘူးလား"
"မေးတာပေါ့ bae ရဲ့ သူ့အမေပဲ ဟာကို လာပါ သားစောင့်နေတယ်"
သူမ တို့ ကားလေးတစ်စီး တရွေ့ရွေ့ ထွက်သွားတယ်
"မင်းတို့က သိပ်ပျော်နေတယ်ပေါ့"
ကားအနက်ပေါ်မှာ ရှိတဲ့လူတစ်ယောက် သူမ တို့ကို ဝါးစားမတတ်ကြည့်နေတဲ့ ထိုလူ။ စတီယာတိုင်ကို တင်းတင်းကိုင်ရင်း သူ့ဒေါသတွေကို စတီယာတိုင်မှာ စုပုံလိုက်တဲ့လူ။
"စမ်းရေကြည် နဲ့ နှိုင်းလင်္ကါ မင်းတို့ကံကောင်းသွားတယ်"
..................................................................................
"တီ...တီ...တီ"
"ဟယ်လို"
"ဟေ့လူ ဟိုတစ်ယောက်ကို လာမခေါ်သေးဘူးလား"
"ငါ မင်းအကိုနော် သက္ကရာဇ်"
"ဟုကဲ့ပါ အကိုရယ်"
"သူ့ကို ငါတို့လာခေါ်လို့မရသေးဘူး"
"ဘာလို့"
"သူကို လုပ်ကြံမယ့်လူရှိတယ်"
"အဲ့တာ သူ့ကိစ္စလေ"
"ဟျောင့် မင်းအတွက် လူတစ်ယောက်ကို ခေါ်ထားရတာ ဘယ်လောက်ပင်ပန်းတာမို့လဲ"
"ခင်ဗျား အခုချိန်မှ လာမခေါ်ရင် နောင်တစ်ချိန်ကျ ခေါ်လို့ရချင်မှ ရမှာ"
"မင်း ဘာစကားပြောတာလဲ"
"အကို မရီးသူငယ်ချင်းက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်"
"သူက မင်းလိုချင်တဲ့ ပုံစံမဟုပါဘူး"
"ပြောမရဘူးလေ လူပဲ အသစ်အဆန်း ပြောင်းကြိုက်ချင်တာပေါ့"
"ဟျောင့် မင်းပေါက်ကရတွေ လာမပြောနဲ့ သူ့ကို မင်းစောင့်ရှောက်ထား"
"ဟေ့လူ... ဟာ ကျုပ်ပြောလို့မပြီးသေးဘူး"
ဒီရေ ဖုန်းချသွားတယ် သက္ကရာဇ် ဖုန်းကို စားပွဲပေါ်ပြစ်ချလိုက်တယ်
ထိုအချိန် သူ့အခန်းထဲကို ဝင်လာတဲ့မိန်းမတစ်ယောက်
"ဘာကိစ္စလဲ"
"ငါ အပြင်ထွက်ချင်လို့"
"ခွင့်မပြုဘူးဆိုရင်ကော"
"ငါခွင့်တောင်းနေတာမဟုဘူး"
သူ့ကို ခွင့်တောင်းရအောင်လဲ သူက ကိုယ့် အုပ်ထိန်းသူမဟုတ် သူမ ဘဝကို ကြိုက်သလိုခြယ်လှယ်ပိုင်ခွင့်မရှိ
"ခင်ဗျား ဘယ်သွားမို့လဲ"
"ငါ့အိမ်ပြန်မလို့"
"ခင်ဗျား ပြန်လို့မရဘူး"
"မင်းက ဘာမို့လို့ ငါ့ကို အမိန့်ပေးနေတာလဲ"
"ဟ ခင်ဗျား ဘယ်သူ ပိုင်နက် ထဲ ရောက်နေလဲ စဥ်းစား ကျုပ်ပိုင်နက်ထဲ ရောက်ရင် ကျုပ်ခိုင်းတဲ့အတိိုင်းနေရမယ် ကျုပ် အမိန့်နာခံရမယ်"
"တကယ်လို့ မနာခံခဲ့ရင်ကော"
"ခင်ဗျားကို ကျုပ်သတ်လို့ မရဘူး ဒါပေမဲ့ ခင်ဗျားကို ဒဏ်ရာရအောင်လုပ်ခွင့်မရှိဘူးလို့ မဆိုလိုဘူး"
"ငါကလဲ ငြိမ်ခံမနေပါဘူး"
"ခင်ဗျားက ဘယ်စိုးလို့လဲ စိတ်ဓာတ်မာသားပဲ ခင်ဗျားတို့ သူငယ်ချင်း တစ်စုက စိတ်ဝင်စားဖို့ကောင်းတယ်နော်"
"ဘာတွေပြော"
"ကျုပ် အကိုက အဲ့တာကြောင့် ခင်ဗျား သူငယ်ချင်း ကို စွဲလမ်းသွားပုံပဲ"
သူပြောတာ စမ်းရေကို ပြောနေတာလား
"ငါပြောတဲ့ကိစ္စ နဲ့ နင်ပြောတဲ့ ကိစ္စတွေက ဘာမှ မဆိုင်သလိုပဲနော်"
သက္ကရာဇ် တစ်ချက်ပြုံးလိုက်တယ်
"ခင်ဗျား အပြင်ထွက်ခွင့်မရှိဘူး"
"အကြောင်းပြချက်"
"မထွက်ခိုင်းချင်လို့"
သူမ မျက်နှာသေနဲ့ သူ့ကိုကြည့်လိုက်သည်
"ခင်ဗျား အေးေအးဆေးေဆးေနချင်ရင်ခင်ဗျားအကြည့်ကို ပြင်တာ ကောင်းမယ် ကျုပ်က သည်းခံတတ်တဲ့ထဲ မပါဘူး"
"ငါ့ကိစ္စပါ"
သူမ ဘာမှပြန်မပြောဘဲ ထွက်သွားသည်
သက္ကရာဇ် ဒီလောက် ခေါင်းမာတဲ့ မိန်းမ မတွေ့ဖူးဘူးပါ။ ဘယ်လိုမိန်းမလဲ ဟ
နှိုင်း ခိုးထွက်ဖို့ အစီအစဥ်ချနေတယ် သူမ အရင်ဆုံးnurse ကိုကျော်နိုင်မှ ဖြစ်မယ် အဲ့nurse က အကင်းပါလွန်းတယ် သူမ ကိုညနေကတည်းက တောက်လျှောက် စောင့်ကြည့်နေတယ် သူမ ကံကောင်းတာက သူမ ခြံထဲ ဆင်းတုန်း အိပ်ပျော်စေတဲ့ ပန်းတစ်ပွင့်ကို ခူးလာလိုက်တယ်
"လူနာ ဆေးသောက်ရပါမယ်"
"ကောင်းပြီ"
nurse သူ့နားကို ဆေးယူလာချိန် သူမ အငိုက်ဖမ်းပြီး nurse နှာခေါင်းနားမှာ ပန်းကို ထားလိုက်တယ် သိပ်မကြာပါဘူး nurse လဲသွားတယ် သူမ အိမ်ပေါ်က နေ ခြေဖွဖွလေးနဲ့ ဆင်းလာတယ် သူမ အစောင့်တွေ လူလဲ မယ့် အချိန်ကို စောင့်လိုက်တယ် ၁၂ နာရီလောက်မှာ လူချိန်းတယ် လူချိန်းတုန်းမှာ လူံခြုံရေးက လျော့ကျ သွားတယ် သူမလဲ အဲ့တာကို အခွင့်အရေးယူပြီး ခြံထဲ ကိုပြေးလာလိုက်တယ် သူမ သစ်ပင်တစ်ခုမှာ ခန္ဓာကိုယ် ကို ကွယ်လိုက်တယ် မလှမ်း မကမ်းမှာရှိတဲ့ အစောင့်ကို အကဲခတ်နေတယ် သူမ ခဲလုံးကို နည်းနည်း ဝေးဝေး ပြစ်လိုက်တယ် အစောင့်က က အသံကြားလို့ သွားကြည့်တုန်း သူမ ပြေးမယ် ကြံတော့ ရုတ်တရက် စောင့်ဆွဲတာ ခံလိုက်ရတယ် သူမကြည့်လိုက်တော့
"နင်"
"အဲ့လောက် သတ္တိ ကောင်းနေတယ်ပေါ့"
သူမ ကိုအဲ့လိုပြောရင်း စောင့်ဆွဲခေါ်သွားတယ် သူ တံခါးရှေ့ ရောက်တော့ ဘေးနားကို လူတစ်ယောက်ရောက်လာတယ်
"သော့ပေး"
ထိုလူက သော့ဟောင်းဟောင်းတစ်ခုကို ထုတ်ပေးလိုက်သည်
သူမ ကို အိမ်အနောက်ဖက်ကို ခေါ်သွားသည်
"ရှင်ဘယ်သွားနေတာလဲ"
သက္ကရာဇ် ပြန်မဖြေ သူ အိမ်နောက်ဖက် နည်းနည်းလှမ်းလှမ်းရောက်တော့ အပင်တွေ သွယ်ယှက်နေတဲ့ မြေအောက်ခနတံခါးတစ်ခု။ သူတံခါးကို သော့ယူပြီးဖွင့်လိုက်တော့ အောက်ဘက်ကို ထိုးဆင်းသွားတဲ့ လှေကားတစ်ခု အလင်းအရောင်မရှိ သူမ ထိတ်လန့်သွားတယ် ဒါ မြေအောက်ခန်းတစ်ခုပဲ
"သက္ကရာဇ် နင်ကြိုက်တာလုပ် အဲ့အခန်းထဲတော့ ငါ့ကို ပိတ်မထားနဲ့"
"အခုမှ သွေးကြောင်နေတာလား စောနက သတ္တိတွေရှိနေတာ ဘယ်သူပါလိမ့်"
သူမ ခေါင်းအတွင်တွင်ရမ်းနေတယ် သူမကို ဆွဲခေါ် သွားတယ်
"သက္ကရာဇ် မလုပ်ပါနဲ့ ငါ့ကို အဲ့အခန်းထဲတော့ ပိတ်မထားပါနဲ့"
"တောင်းပန်တာ နောက်ကျသွားပြီ"
သူမ ကို လှေကားတစ်လျှောက် ဆွဲခေါ်သွားတယ် လှေကားဆုံးတော့ သူမ ကို အားနဲ့ ပစ်လှဲလိုက်တယ် သူမ ဘာမှမမြင်ရ
"ခင်ဗျား သတ္တိ ဘယ်လောက်ရှိလဲ ကျတော်ကြည့်မယ်"
"မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ် ငါ့ကိုမထားခဲ့ပါနဲ့"
"ခင်ဗျားကို ကြိုသတိပေးပြီလား ဒေါ်နှိုင်းလင်္ကါ"
သက္ကရာဇ် လှေကားတွေပေါ်တစ်ဆင့်ချင်းတက်သွားတယ်
"ငါ့ကို ပိတ်မထားပါနဲ့"
ငိုသံနဲ့ ပြောနေတဲ့ သူမကို မသိကျေးကျွန်ပြုလိုက််တယ် သူတံခါးကို ပိတ်လိုက်တယ် သော့နဲ့သေချာခတ်လိုက်တယ်
"ခင်ဗျားကြီး ထပ်မလုပ်ရဲအောင် ပေးလိုက်တဲ့သင်ခန်းစားပဲ ဒေါ်နှိုင်းလင်္ကါ"
သူ စံအိမ်ဘက်ကို ဦးတည်လိုက်တယ် သူ သော့ကို စောနက သော့ပေးတဲ့သူကို ပေးလိုက်တယ်
"မနက်ကျမှ ပြန်ဖွင့်ပေးလိုက်"
"ဟုကဲ့ သခင်လေး"
သူ အိမ်ထဲကို ဝင်သွားတယ်
...........................................................................
စမ်းရေအိမ်ရောက်တော့ စမ်းရေကိုကြိုနေတဲ့ လူတွေ သားသားဆို သူမဆီ ပြေးလာပြီး ကပ်ချွဲပါလေရော
"မေမေ"
သူမကို ဖက်ပြီး ချွဲပြီးခေါ်ပါလေရော ရုတ်တရက် သားသားက ထ ငိုပါလေရော
"သား လာလို့ ငိုတာတုန်း"
သူမ ပြောတာမဖြေ ငိုတုန်းပင်
"မေမေ ကိုလွမ်းလို့"
"ဟော မေမေ သားလေးရယ်"
သူမ ခလေးကို ပြန်ဖက်လိုက်တယ် သူမ အရင်လို ပေါ့ပေါ့နေနေ ပေါ့ပေါ့စား နေလို့မရတော့ဘူးပဲ အရင်က ကိုယ့်မှာ ငဲ့စရာမရှိ ပေမဲ့ အခုတော့ သူမ မရှိရင် မဖြစ်မဲ့ လူတွေများလာသလိုပဲ သူမ ပါမျက်ရည်ကျ မိသွားတယ်
"မေမေ ဘာလို့ ငိုတာလဲ"
"သားကို ချစ်လို့ပေါ့"
"သားကလဲ မေမေကို ချစ်လို့ ငိုတာ"
သူမပြုံးလိုက်မိတယ် သူမရဲ့ချစ်စရာကောင်းတဲ့ သားလေးကိုကြည့်ရင်း
"bae"
"အော်..ကို"
"သား ထမင်းစားချိန်ရောက်ပြီ"
"အဲ့ဆို bae ကျွေးလိုက်မယ်လေ"
"မလုပ်ပါနဲ့ bae အပေါ်ထပ်မှာ အေးဆေးနားနော်"
"ရပါတယ် သားသားကို ကျွေးလိုက်မယ်"
"ကိုယ့်ယောက်ျားကိုလဲ ဂရုစိုက်ပါအုံး"
"စိုက်ပါတယ် ဟောဒီက ယောက်ျားကော ဟောဒီက သားလေးရောက ကျမ အချစ်ဆုံးတွေပါ ဟုပြီလား"
ဒီရေ တကယ်ကိုကြည်နူးမိပါတယ် သူရဲ့မိန်းမလေးက တနေ့တခြားချစ်ဖို့ကောင်းလာတာပဲ။
YOU ARE READING
ထိုလူသားကြောင့် s(1)
Romance"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...
